News

05-Feb-2019
မန်ယူအသင်းသည် လူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို လုပ်ခလစာ နှစ်ဆ တိုးမြှင့်ပေး၍ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေပြီဖြစ်ပြီး မန်ယူယာယီနည်းပြ ဆိုးလ်ရှားကလည်း ရတ်ရှ်ဖို့ဒ်မှာ ရီးရဲလ်မက်ဒရစ်၏စိတ်ဝင်စားခြင်းကို ခံစားနေရသော်လည်း မန်ယူထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းသွားရန် ဆန္ဒရှိနေသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်ဟု The Mirror က ဖော်ပြထားသည်။
05-Feb-2019
အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြ ယူနိုင်းအမ်မရီကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကို အင်အားဖြည့်ရန်အတွက် ကစားသမားသစ်များခေါ်ယူရန် အသုံးစရိတ်ပမာဏ စုစုပေါင်း ပေါင် ၄၅ သန်းသာ ထုတ်ပေးသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
04-Feb-2019
မန်ယူကွင်းလယ်ကစားသမား ဟာရီရာသည် ယာယီနည်းပြ ဆိုးလ်ရှား၏လက်အောက်တွင် အသင်း၏စွမ်းဆောင်ရည်များ မြင့်တက်လာသည်မှာ မှန်ကန်သော်လည်း ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်း၍ ရာသီကုန်ဆုံးချိန်တိုင်သည်အထိ ချီတက်သွားရန်မှာ မဖြစ်နိုင်ကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး လက်ရှိအချိန်တွင် အသင်းပရိသတ်များက နည်းပြ ဆိုးလ်ရှားနှင့် အသင်းကစားသမားများအပေါ်တွင် မျှော်လင့်ချက်များ အလွန်အကျွံ ထားရှိလာခြင်းကြောင့် ယခုကဲ့သို့ ကြိုတင်စကားခံလိုက်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
04-Feb-2019
လီဗာပူးနောက်ခံလူ ဂျိုးဂိုမက်ဇ်သည် ကာလအတန်ကြာ ရင်ဆိုင်ခဲ့ရသည့် ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ အနိမ့်ဆုံးအဖြစ် သီတင်းပတ်ခြောက်ပတ်ခန့် ထပ်မံအနားယူရတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
04-Feb-2019
ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်သည် လီဗာပူးနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အသင်းအတွက် ဂိုးသမားနျူအာ ပွဲထွက်ကစားပေးနိုင်ခြင်း မရှိမည်ကို စိုးရိမ်နေကြောင်း Daily Mail က ဖော်ပြထားသည်။
04-Feb-2019
နယ်သာလန်ကလပ် အေဂျက်အသင်း အသင်းခေါင်းဆောင် ဒီလိုက်သည် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကဲ့သို့ ၎င်းကိုလည်း ဘာစီလိုနာထံသို့ ပြောင်းရွှေ့ခွင့်ပေးပါရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုလိုက်ကြောင်း AS က ဖော်ပြထားသည်။
04-Feb-2019
မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်း၏မန်စီးတီးကစားသမားဘ၀ဖြတ်သန်းမှု ၁၀ ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပြီး ယင်းပွဲစဉ်တွင် ၎င်းသွင်းယူခဲ့သော တတိယဂိုးကမူ ဂိုးအဖြစ် သတ်မှတ်မပေးသင့်ဘဲ လက်ထိဘောသတ်မှတ်ပေးခဲ့ရမည်သာဖြစ်သည်ဟု အဂူရိုက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
04-Feb-2019
မန်ယူယာယီနည်းပြ ဆိုးလ်ရှားသည် မန်ယူက လက်စတာကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အနားလုံးဝမယူဘဲနှင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်တွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့် ပီအက်စ်ဂျီ၏ခြေစွမ်းကို အကဲခတ်ရန်အတွက် ပြင်သစ်နိုင်ငံသို့ ချက်ချင်းပင် ထွက်ခွာသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
04-Feb-2019
မန်​စီးတီးနည်းပြ ဂွါဒီယိုလာဟာ ၄-၃-၃ကစားကွက်​ကို အသုံးပြုလာခဲ့ပြီး ဂိုးသမား​နေရာမှာ အီဒါဆန်​၊ ​နောက်​တန်းမှာ ​ဝေါလ်​ကာ၊ ဖာနန်​ဒင်​ဟို၊ ​အော်​တာမန်​ဒီနဲ့ လာ​ပေါ်​တေး၊ ကွင်းလယ်​မှာ ဒီဘရိုင်​​နေး၊ ဂန်​ဒိုဂမ်​နဲ့ ​ဒေးဗစ်​​ဆေးလ်​ဗား၊ တိုက်​စစ်​မှာ​တော့ စတာလင်​၊ ဘာနာဒို​ဆေးလ်​ဗားနဲ့ အဂူရို တို့ပါဝင်​လာခဲ့ပါတယ်​။
03-Feb-2019
လက်​စတာဟာ ၄-၂-၃-၁ ကစားကွက်​ကိုအသုံးပြုလာခဲ့ပြီး ဂိုးသမား​နေရာမှာ ရှမိုက်​ကယ်​၊ ​နောက်​တန်းမှာ ရီကာဒို ပီရီရား၊ အီဗန်​၊ မက်​ဂွီ​ယေးနဲ့ ဘင်​ချီဝဲလ်​၊ ကွင်းလယ်​ခံစစ်​မှာ မန်​ဒီနဲ့ အန်​ဒီဒီ၊ ကွင်းလယ်​တိုက်​စစ်​ပိုင်းမှာ ဂ​ရေး၊ ဂျိမ်းမက်​ဒီဆင်​နဲ့ ဘားနတ်​စ်​၊ အ​ထောင်​တိုက်​စစ်​မှူးအဖြစ်​ ဗာဒီတို့ ပါဝင်​လာခဲ့ပါတယ်​။
03-Feb-2019
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လက်ရှိဘောလုံးရာသီတွင် အသင်းရလဒ်များ မတည်မငြိမ်ဖြစ်နေသည်မှာ ခံစစ်တွင် လိုအပ်ချက်များရှိနေ၍ဖြစ်သည်ဟု ယူဆကောက်ချက်ဆွဲကာ လာမည့်နွေဈေးကွက်တွင် ခံစစ်အတွက် ကစားသမားသစ်နှစ်ဦးခန့်ခေါ်ယူပေးပါရန် အသင်းတာဝန်ရှိသူများကို ဂွါဒီယိုလာက တောင်းဆိုထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Feb-2019
မန်ယူယာယီနည်းပြ ဆိုးလ်ရှားသည် ၎င်းကို နော်ဝေကလပ် မိုလ်ဒီအသင်းတာဝန်ရှိသူများက အသင်းကို ပြန်မလာရစေရန်အထိ အစွမ်းပြရန် မှာကြားလိုက်ကြောင်း အသိပေးသွားခဲ့ပြီး မန်ယူအသင်း အမြဲတမ်းနည်းပြရာထူးကို ၎င်းရရှိခဲ့မည်ဆိုပါက နော်ဝေနိုင်ငံသားများနှင့် မိုလ်ဒီအသင်းတာဝန်ရှိသူများမှာ ဦးစွာပထမ ပျော်ရွှင်မည့်သူများဖြစ်သည်ဟုလည်း ဆိုးလ်ရှားက ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
03-Feb-2019
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် လာမည့်ဗုဒ္ဓဟူးနေ့တွင် ရီးရဲလ်မက်ဒရစ်နှင့်ယှဉ်ပြိုင်ရမည့် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို တိုက်စစ်မှူး မက်ဆီ လွဲချော်ရမည့်အခြေအနေဖြစ်ပေါ်လာမည်ကို စိုးရိမ်နေပြီဖြစ်ကာ မက်ဆီမှာ ဘာစီလိုနာနှင့် ဗလင်စီယာတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် လာလီဂါပွဲစဉ်တွင် ပေါင်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်း ဘာစီလိုနာအသင်းဆေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်ဟု Daily Star က ဖော်ပြထားသည်။
03-Feb-2019
မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်သည် လာမည့်နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းထံသို့ ကစားသမားသစ်များခေါ်ယူအင်အားဖြည့်၍ ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်ရန် ယာယီနည်းပြ ဆိုးလ်ရှားနှင့် ဆွေးနွေးတိုင်ပင်နေပြီဖြစ်ပြီး ဆိုးလ်ရှားမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ ၀န်းကျင် အသုံးပြုရန် လိုအပ်လိမ့်မည်ဟု အက်ဒ်ဝုဒ်ဝါးဒ်ကို အကြံပေးထားကြောင်း Sportmail က ဖော်ပြထားသည်။
03-Feb-2019
ချယ်လ်ဆီးဒါရိုက်တာဘုတ်အဖွဲ့သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းကို နည်းပြအပြောင်းအလဲလုပ်ရန် စီစဉ်နေပြီဖြစ်ကာ ချယ်လ်ဆီးအသင်း၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိလာသူမှာ စပါးနည်းပြ ပိုချက်တီနိုဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။