News

20-Jan-2018 tagged as Soccer USA Donald Trump 2026 World Cup
အမေရိကန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် သမ္မတဒေါ်နယ်ထရမ့်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့်ရနိုင်ဖွယ်ရှိနေသော အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရမည်အား လွန်စွာစိုးရိမ်ပူပန်နေကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူဝါရင့်ကွင်းလယ်ကစားသမား ကာရစ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်ကာ အနားယူသွားတော့မည်ဖြစ်ပြီး ၎င်းအနေနှင့် ဘောလုံးလောကကို ကျောခိုင်းစွန့်ခွာပြီးချိန်တွင် မန်ယူနည်းပြအဖွဲ့၌ ရာထူးတစ်ခုရယူ၍ တာဝန်ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကာရစ်က အသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားမှာ အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို လက်ခံ၍ အသင်းထံတွင် ဆက်ရှိသွားလိမ့်မည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
19-Jan-2018 tagged as
“လက်ရှိအောင်မြင်နေတဲ့ ကစားသမားတွေဟာလည်း ရှစ်နှစ်၊ ကိုးနှစ်အရွယ်ကတည်းက လုပ်ခဲ့သူတွေ၊ အသက် ၂၀ မှ လုပ်ခဲ့တဲ့သူတွေ မရှိကြဘူး”
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းနှင့် ငါးနှစ်သက်တမ်း စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး မန်ယူအသင်းတာဝန်ရှိသူများအနေနှင့် လက်ရှိဇန်နဝါရီဈေးကွက်အတွင်း မော်ရင်ညိုကို ကစားသမားသစ်ခေါ်ယူရေးအတွက် ငွေသုံးခွင့်ပေးအပ်နေသည့်အချက်မှာ အနာဂတ်မန်ယူကို ပုံဖော်ရာတွင် မော်ရင်ညိုကို ဆက်လက် ရှိနေစေလို၍ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-Jan-2018 tagged as ရန်ကုန်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Yoma Strategic Holdings Ltd၊ First Myanmar Investment Company Limited တို့ ပူးပေါင်းကျင်းပမည့် ၂၀၁၈ ခုနှစ် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပမည့်ရက်တွင် ကားလမ်းအချို့ ခေတ္တပိတ်မည်ဖြစ်သည်။
အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်သည် မန်ယူထံသို့ ပြောင်းရွှေ့ကစားရန် အပြီးသတ် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး မန်ယူမှာ ဆန်းချက်ဇ်ကို နာမည်ကျော် ကျောနံပါတ် ၇ ဂျာစီကို ပေးအပ်ဝတ်ဆင်သွားမည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက စတုတ်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းအနေနင့် ကွင်းလယ်ကစားသမား အမ်ခီတာယန်ကို အသင်းလူစာရင်းတွင် မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့သည်မှာ နည်းစနစ်ပိုင်းဆိုင်ရာနှင့် မသက်ဆိုင်ဘဲ အပြောင်းအရွှေ့ကိစ္စရပ်များကြောင့်သာဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် ပလေးဘွိုင်းကိုယ်ဟန်ပြမယ် ဗစ်တိုးရီးယား ဘွန်ယာနှင့် ချိန်းဆိုတွေ့ဆုံကာ ညစာစားခဲ့ပြီး ရုရှားသတင်းမီဒီယာများကမူ ဖယ်လိုင်နီနှင့် ဘွန်ယာတို့ လျှို့လျှို့ဝှက်ဝှက် တွေ့ဆုံနေခဲ့သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်ကတည်းကပင်ဖြစ်သည်ဟု အသိပေးထားကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် မန်ယူက စတုတ်စီးတီးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းတို့နှင့် မန်စီးတီးအကြားတွင် ရမှတ်ကွာဟချက် ၁၂ မှတ်အထိ ကျန်ရှိနေသေးသော်လည်း ယင်းအမှတ်ကွာဟချက်ကို အမီလိုက်နိုင်ရန်အတွက် မန်ယူတွင် အခွင့်အလမ်းအပြည့် ကျန်ရှိနေသေးသည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
ဝေလလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်လာခဲ့သော ရွိုင်ယန်ဂစ်သည် အသင်းလက်ထောက်နည်းပြအဖြစ် ၎င်း၏မန်ယူအသင်းဖော်ဟောင်း ပေါလ်စခိုးလ်ကို ခေါ်ယူခန့်အပ်ရန် စီစဉ်နေပြီး ပေါလ်စခိုးကို ခေါ်ယူနိုင်ရေးအတွက် ၎င်းအနေနှင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ စည်းရုံးရေးဆင်းသွားမည်ဟု ရွိုင်ယန်ဂစ်က ထုတ်ဖော်ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးက မန်စီးတီးကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုနိုင်ပွဲအတွက် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်သော လီဗာပူးကွင်းလယ်ကစားသမားဟောင်း ကော်တင်ညိုမှာလည်း နေအိမ်ဧည့်ခန်းအတွင်း၌ ခုန်ပေါက်အောင်ပွဲခံနေလိမ့်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု The Bild က ဖော်ပြထားသည်။
ပရီးမီးယားလိဂ် ဝါရင့်နည်းပြများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော ဂရေမီဆောင်းနက်စ်သည် လီဗာပူးနောက်ခံလူ ဗန်ဒစ်ဂ်ျမှာ လာမည့်နှစ်အနည်းငယ်အတွင်းတွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏မျက်စိကျခြင်းကို ကျိန်းသေခံရမည့် ကစားသမားတစ်ဦးအဖြစ်သို့ ရောက်လာလိမ့်မည်ဟု သုံးသပ်ပြောကြားလိုက်ပြီး ယင်းအချိန်သို့ရောက်ပါက လီဗာပူးမှာ ကော်တင်ညိုကို အသင်း၌ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အဆင်မပြေဖြစ်ခဲ့ရသော အခြေအနေမျိုးကို တစ်ကျော့ပြန်လည် ကြုံဆုံရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းလည်း ဆောင်းနက်စ်က အသိပေးထားသည်ဟု Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာကို လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးအပ်တော့မည်မဟုတ်ဘဲ အသင်းထံတွင်သာ ဆက်လက်ထိန်းသိမ်းသွားတော့မည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းဥက္ကဋ္ဌ ပီရက်ဇ်ဘက်က ၎င်းအပေါ်ထားရှိခဲ့သော ကတိက၀တ်များ ပျက်ကွက်ခဲ့သည့်အတွက် ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာ၍ အသင်းပြောင်းရွှေ့ရန် စီစဉ်နေပြီဖြစ်ကာ ၎င်းအနေနှင့် မန်ယူထံသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း စီရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်အသင်းဖော်များကို အသိပေးထားပြီဖြစ်သည်ဟုလည်း AS က ဖော်ပြထားသည်။