News

24-May-2017 tagged as မန်ယူအသင်း
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လာမည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်ယူထံသို့ ပြောင်းရွှေ့ဖြစ်ဖွယ်ရှိကြောင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ကာ မန်ယူသို့ပြောင်းရွှေ့မည်မှာ ၁၀ ပုံလျှင် ၆ ပုံ သေချာနေပြီဟု ဂရစ်ဇ်မန်းက အသိပေးခဲ့ကြောင်း
24-May-2017 tagged as
ခရစ္စတယ်ပဲလေ့စ် အသင်းနည်းပြ ဆမ်အလာဒွိုက်စ်သည် အသင်းကို တန်းဆင်းဇုန် အန္တရာယ်မှနေ၍ ကယ်တင်ပေးနိုင်ခဲ့အပြီးတွင် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်သွားခဲ့ပြီဖြစ်ကာ ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းမှာ ၎င်း၏နည်းပြဘ၀ ဖြတ်သန်းမှုအတွင်း နောက်ဆုံး အလုပ်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်သည်ဟု ဆမ်အလာဒွိုက်စ်က ဖွင့်ဟပြောကြားသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
23-May-2017 tagged as ဘောလုံး
ဆန်းဒါးလန်းနည်းပြ ဒေးဗစ်မိုယက်စ်သည် လွန်ခဲ့သည့် တနင်္လာနေ့၌ လန်ဒန်မြို့တွင် အသင်းပိုင်ရှင် အီလစ်ရှော့တ်နှင့် တွေ့ဆုံဆွေးနွေးအပြီး၌ ရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်ဟု BBC က ဖော်ပြထားသည်။
22-May-2017 tagged as
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ ၁၀ စက္ကန့်သာ တက်ရောက်၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
22-May-2017 tagged as ဘောလုံး
စပိန်လာလီဂါ အမှတ်ပေးချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘရာဇီးကလပ် ဖလာမင်ဂိုအသင်း လူငယ်တိုက်စစ်မှူး ဗီနီဆီးယပ်စ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၈ သန်း ပေးချေခေါ်ယူလိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
22-May-2017 tagged as
လိုင်ယွန်တိုက်စစ်မှူး လာကာဇက်သည် စပိန်လာလီဂါကလပ် အက်သလက်တီကိုထံသို့ ပြောင်းရွှေ့ရန် မူအရ သဘောတူညီလိုက်ပြီဖြစ်ပြီး လာကာဇက် အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်းကို လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းန်မီချယ်လ် အောလတ်စ်ကလည်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-May-2017 tagged as
ချယ်လ်ဆီး ကွင်းလယ်ကစားသမား ကန်တီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီက ရွေးချယ် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
21-May-2017 tagged as
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းကို ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် စာချုပ်ပါ သဘောတူညီချက်များအတိုင်း အပိုဆုကြေး အကျိုးခံစားခွင့် ရရှိလိမ့်မည်ဖြစ်ပြီး ယင်းအပိုဆုကြေးငွေများဖြင့် အီတလီနိုင်ငံတွင် နေအိမ်တစ်လုံး ဝယ်ယူရန် စီစဉ်ထားသည်ဟု ကွန်တီက အသိပေးသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
21-May-2017 tagged as
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ပုံရိပ်မူပိုင်ခွင့်ကတစ်ဆင့် ရရှိသော ၀င်ငွေများအတွက် အခွန်အပြည့်အ၀ ပေးဆောင်ခြင်း မရှိဘဲ အခွန်တိမ်းရှောင်ခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်းအတွက် အဆင့်လေးနေရာဖြင့် ရာသီသိမ်းခွင့်ရခြင်းမှာ ထူးခြားဆန်းပြားသည့် အခြေအနေတစ်ရပ်မဟုတ်ဟု ဖွင့်ဟအသိပေးလိုက်ပြီး အာဆင်နယ် ပရိသတ်များကမူ အဆင့်လေးနေရာတွင် ရပ်တည်၍ ရာသီသိမ်းခွင့် ရနိုင်ရေးမှာ လွန်စွာအရေးကြီးသည့် ကိစ္စတစ်ရပ်ဟု မှတ်ထင်ယူဆနေသည့် အတွက် ၎င်းအနေနှင့် နားမလည်နိုင် ဖြစ်ရကြောင်း အာစင်ဝင်းဂါးက အပြစ်တင်သွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။
19-May-2017 tagged as ဘောလုံး
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီက စတင်၍ အင်္ဂလန်နိုင်ငံရှိ အမှတ်ပေး ဘောလုံးပြိုင်ပွဲများတွင် ဟန်ဆောင်ဒိုင်ဗင်ထိုးသည့် ကစားသမားများကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းဖြင့် အရေးယူမည့် ဥပဒေတစ်ရပ် ပြဌာန်းလိုက်ပြီ် ဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကြမည့် ရာသီသိမ်း ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းပွဲထွက် လူစာရင်းကို တွေ့မြင်ပြီးနောက် ၎င်းကို သတ်မပစ်ရန် မန်ယူပရိသတ်များကို ကြိုတင်တောင်းပန်စကား ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-May-2017 tagged as ဘောလုံး
ဝက်ဖို့ဒ်နည်းပြ မက်ဇာရီသည် လာမည့် တနင်္ဂနွေနေ့တွင် မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ်အပြီးတွင် ဝက်ဖို့ဒ်ကို စွန့်ခွာတော့မည် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
17-May-2017 tagged as
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူအသင်း၏ လက်ရှိ အခြေအနေ အရပ်ရပ်အတွက် ကျေးဇူး အထူးတင်ရမည့်သူမှာ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ ဖြစ်သည်ဟု ဖွင့်ဟ ပြောကြားလိုက်ပြီး မိုက်ကယ်အိုလီဗာ၏ စေတနာကို ၎င်းအနေနှင့် ယခုအချိန်သို့ ရောက်မှသာ သဘောပေါက် နားလည်လာခဲ့သည်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
17-May-2017 tagged as မန်ယူအသင်း
မန်ယူအသင်းသည် လာမည့် မေလ ၂၄ ရက်နေ့တွင် အေဂျက်နှင့် ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲ၌ အရှုံးရလဒ်ဖြင့် ကြုံဆုံကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို လက်လွှတ်လိုက်ရမည်ဆိုပါက ၀င်ငွေ ရရှိမှုပမာဏ ပေါင်သန်း ၅၀ နစ်နာဖွယ် ရှိနေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။