News

02-May-2017 tagged as ရုရှား
မာစီးဒီးစ်အသင်း ကိုယ်စားပြု ဖင်လန်ပြိုင်ကားမောင်းသမား ဘော့တတ်စ်သည် ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပပြီးစီးသွားခဲ့သည် ရုရှားဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပြီး ယခုအနိုင်ရရှိမှုမှာ ဘော့တတ်စ်အတွက် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဂရင်းပရီပြေးလမ်းပြိုင်ပွဲ တစ်ခုတွင် ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
01-May-2017 tagged as လက်ဝှေ့
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဧပြီလ ၁၈ ရက်က ကျင်းပခဲ့သည့် Lethwei In Japan -3 အမည်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများကို ရွှေတစ်ကျပ်သားစီ ဆုချီးမြှင့်ခဲ့ကြောင်း ပွဲစီစဉ်သည့် မြန်မာမီဒီယာဂရုပ်ထံမှ သိရသည်။
01-May-2017 tagged as ဘောလုံး
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် တိုရီနိုထံသို့ အငှားချထားသည့် ဂိုးသမား ဂျိုးဟတ်ကို ဒါဘီပြိုင်ဘက် မန်ယူထံသို့ ရောင်းထုတ်ဖွယ် ရှိနေပြီး မန်ယူဘက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၀ သန်း အသုံးပြုမည် ဆိုပါက ယင်းအပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေကြောင်း Marca က ဖော်ပြထားသည်။
30-Apr-2017 tagged as လက်ဝှေ့
ဗြိတိန်လက်ဝှေ့ကစားသမား အန်တိုနီ ဂျိုရွှာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘလေ ဘောလုံးကွင်းကြီး၌ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ ယူကရိန်း လက်ဝှေ့ကစားသမား ဝလာဒီမာ ကလစ်ရှ်ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်တွင် အလဲထိုးရလဒ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း၏ ချန်ပီယံသစ်အဖြစ် ရပ်တည်လိုက်နိုင်ပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
28-Apr-2017 tagged as လက်ဝှေ့
ဂျိုရွာကို လက်ဝှေ့အားကစားအကဲဖြတ်တွေက ဒုတိယမြောက် မိုဟာမက်အလီလို့ တင်စားထားပါတယ်။ ဂျိုရွှာရဲ့ ခြေအနုတ်အသိမ်းနဲ့ လက်သီးပစ်လွှတ်မှု မြန်ဆန်ခြင်းတွေဟာ မိုဟာမက်အလီ ထိုးသတ်ခဲ့ပုံတွေကို အမှတ်တရ ဖြစ်စေတာတော့ အမှန်ပါပဲ။ ပွဲအစ ပထမအချီကတည်းက ပြိုင်ဘက်ကို အလဲထိုးဖို့ ကြိုးပမ်းတတ်လေ့ ရှိတာကလည်း ဂျိုရွှာကို ပရိသတ်တွေ သဘောကျတဲ့ အဓိက အချက်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
28-Apr-2017 tagged as မန်ယူ
ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့သည် မန်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် မန်ယူအသင်း တည်းခိုရာ လိုရီဟိုတယ်ကို လေ့ကျင့်ရေးခွေးများဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ပေးခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခဲ့သည်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Apr-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးလူငယ်အသင်းသည် လူငယ်အက်ဖ်အေဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် မန်စီးတီး လူငယ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး နှစ်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံ ဆုဖလားကို လေးနှစ်ဆက် ဆွတ်ခူးရယူသွားနိုင်ခဲ့ဝေကြာင်း Sky Sports က ဖော်ပြထားသည်။
27-Apr-2017 tagged as မန်ယူ
မန်ယူဂိုးသမား ဒီဂီယာသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ အထက်နှင့် ပြောင်းရွှေ့ရန် လွန်စွာနီးစပ်နေပြီ ဖြစ်ပြီး ဒီဂီယာ အပြောင်းအရွှေ့အတွက် အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်ထံက တစ်ဆင့် ရီးရဲလ်မက်ဒရစ်က ဆွေးနွေးမှုများ စတင်နေပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
25-Apr-2017 tagged as
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် အယ်လ်ကလပ်စီကိုဒါဘီ လာလီဂါပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ဘာစီလိုနာ ကစားသမားဘဝဖြတ်သန်းမှုအတွင်း သွင်းဂိုး ၅၀၀ ပြည့်သွားခဲ့ပြီ
25-Apr-2017 tagged as အားကစားကွင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဧပြီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ထိုင်းအိုးပင်း ကရာတေးဒိုပြိုင်ပွဲတွင် မြန်မာကရာတေးဒို အားကစားအဖွဲ့က ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် ခြောက်ခု ရယူပေးခဲ့သည်။
25-Apr-2017 tagged as ဘောလုံး
ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီနှင့် စပါးကွင်းလယ်ကစားသမား အယ်လ်လီတို့သည် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံး (ပီအက်ဖ်အေ) က ချီးမြှင့်သည့် တစ်နှစ်တာအ ကောင်းဆုံး ကစားသမားဆုများကို အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
24-Apr-2017 tagged as
တရုတ်ဆူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းတွင် ပါဝင် ကစားနေသည့် စပါးကွင်းလယ် ကစားသမားဟောင်း ပေါ်လင်ညိုသည် ညစ်ညမ်း ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်နေသော မင်းသမီးတစ်ဦးနှင့် တွဲဖက်၍ ကြော်ငြာတစ်ခု ရိုက်ကူးပေးခဲ့သည့်အတွက် ဥပဒေကြောင်းအရ အရေးယူခံရဖွယ် ရှိနေပြီ
24-Apr-2017 tagged as ဘောလုံး
နယူးကာဆယ်အသင်းသည် ယနေ့ (ဧပြီလ ၂၄ ရက်) မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားရမည့် ပရက်စတန်အသင်းနှင့် ချန်ပီယံရှစ်ပွဲစဉ်တွင် အနိမ့်ဆုံးအဖြစ် သရေတစ်မှတ် ရယူနိုင်ရုံမျှဖြင့် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ရောက်ခွင့်ကို ရယူနိုင်တော့မည် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
23-Apr-2017 tagged as
စပါးနည်းပြ ပိုချက်တီနိုသည် လာမည့်ဘောလုံးရာသီတွင် ဘာစီလိုနာနည်းပြသစ်ဖြစ်လာရန် ၎င်းကို ထင်ကြေးပေးနေခြင်းများအား ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ကာ လာလီဂါတွင် ဘာစီလိုနာနှင့် ချန်ပီယံဖြစ်ခွင့်ရခြင်းထက် စပါးနှင့်အတူ ပရီးမီးယားလိဂ်၌ အဆင့်လေးနေရာ ရယူနိုင်သည်မှာ ၎င်းအတွက် ပိုမိုဂုဏ်ယူဖွယ် ကောင်းသည်ဟု ပိုချက်တီနိုက ပြောကြားလိုက်ကြောင်း DPA က ဖော်ပြထားသည်။
မန်ယူဂိုးသမား ဒီဂီယာသည် ဂရိတ်တားမန်ချက်စတာဒေသရှိ ၎င်း၏ဇိမ်ခံစံအိမ်ကို အေးဂျင့်များနှင့် ချိတ်ဆက်၍ အရောင်းဈေးကွက် တင်လိုက်ပြီဖြစ်ကာ ယင်းသို့ ဒီဂီယာက မန်ချက်စတာရှိ နေအိမ်ကိုရောင်းချရန် ပြင်ဆင်လိုက်သည်မှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် သေချာလုနီးပါး ရှိနေပြီဖြစ်သည့် အကြောင်းရင်းကြောင့်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။