News

15-Jul-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် အာရှတိုက်သို့ သွားရောက်မည့် အသင်းလူစာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် ကွင်းလယ်လူ မာတစ်နှင့် တိုက်စစ်မှူး ဒီယေဂိုကော်စတာတို့ ပါဝင်လာခြင်း မရှိခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းအနေနှင့် နိုင်ငံတကာပွဲကြီးများ နှစ်လဆက်တိုက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အာရှအဆင့်ပြိုင်ပွဲများအနက် ဒုတိယနေရာတွင် ရှိသော အာရှယူ-၂၃ ပြိုင်ပွဲကစားခွင့်အတွက် ခြေစစ်ပွဲနှင့် အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲတို့ကို မြန်မာ ယူ-၂၂ အသင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
13-Jul-2017 tagged as
အာဆင်နယ်အသင်းသည် သြစတြေးနိုင်ငံ ရာသီကြိုခြေစမ်းခရီးစဉ်၏ ပထမခြေစမ်းပွဲအဖြစ် ဆစ်ဒနီအက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် နောက်ခံလူ မာတီဆက်ကာ၊ တိုက်စစ်မှူးသစ် လာကာဇက်တို့၏ သွင်းဂိုးများနှင့်အတူ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
13-Jul-2017 tagged as
နယ်သာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည့် အမျိုးသမီး ဥရောပဖလားပြိုင်ပွဲတွင် အင်္ဂလန် အမျိုးသမီး လက်ရွေးစင်အသင်းနှင့် စကော့တလန် အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်ကို IS အဖွဲ့က အကြမ်းဖက် တိုက်ခိုက်ရန် ပစ်မှတ်ထားနေကြောင်း အကြမ်းဖက်မှုများ တန်ပြန်စောင့်ကြည့်ရေးဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်သည့် NCTV က အသိပေးထားသည်ဟု Daily Mail က ဖော်ပြထားသည်။
13-Jul-2017 tagged as
စပိန်လက်နက်ကိုင် အေးဂျင့်များသည် ဘီလီအေရစ်ကျွန်းပတ်ဝန်းကျင်တွင် ကျောက်ချရပ်နားနေသည့် စီရော်နယ်ဒို ငှားရမ်းထားသော ဇိမ်ခံရွက်သင်္ဘောကို တက်ရောက်စီးနင်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
12-Jul-2017 tagged as လက်ဝှေ့
အမေရိကန်လက်ဝှေ့ကစားသမား မေဝယ်သာနှင့် အိုင်ယာလန် UFC ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်တို့သည် လာမည့်သြဂုတ်လ ၂၆ ရက်နေ့တွင် ယှဉ်ပြိုင် ထိုးသတ်မည့် ၎င်းတို့နှစ်ဦး၏ အထူးစိန်ခေါ်ပွဲစဉ်အတွက် ဈေးကွက်မြှင့်တင်ရေး ခရီးစဉ် စတင်လိုက်ပြီဖြစ်ကာ ယင်းခရီးစဉ်၏ ပထမနေ့ တွေ့ဆုံမှုတွင် မက်ဂရီဂေါ်က စိန်ခေါ်ပွဲစဉ် ထိုးသတ်သည့်နေ့၌် မေဝယ်သာကို လေးချီအတွင်း အလဲထိုးပြမည်ဟု ထိုးနှက် ပြောဆိုသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
12-Jul-2017 tagged as
ဟောလိဝုဒ်လောက၏ နာမည်ကျော် သရုပ်ဆောင်များဖြစ်ကြသည့် ဒဝိန်းဂျွန်ဆင်၊ ဂျူလီယာရောဘတ်၊ အီယန်ဂလင်းနှင့် ကွန်လက်ဟေးလ်တို့သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့၌ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များ လုပ်ဆောင်နေသည့် မန်ယူအသင်း ကစားသမားများကို လာရောက်တွေ့ဆုံ နှုတ်ဆက်သွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
12-Jul-2017 tagged as မန်ယူအသင်း
မန်ယူအသင်းသည် အင်တာမီလန် ကွင်းလယ်ကစားသမား ပီရီဆစ်ကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းရန် စီစဉ်လိုက်ပြီဖြစ်ကာ ပီရီဆစ်ကို ရရှိနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၅ သန်းသုံးစွဲသွားရန် မန်ယူက အသင့်ပြင်ထားလိုက်ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
11-Jul-2017 tagged as
ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ၂ နှစ်သက်တမ်း အငှားစာချုပ်ဖြင့် လက်မှတ်ရေးထိုး ခေါ်ယူသွားခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
11-Jul-2017 tagged as
ချယ်လ်ဆီးအသင်းသည် ၎င်းတို့ အဓိကပစ်မှတ်များအနက်တွင် တစ်ခုအပါအဝင်ဖြစ်သော မိုနာကိုကွင်းလယ်ကစားသမား ဘာကာယိုကိုကို ခေါ်ယူရေးတွင် မန်ယူအသင်းက ကြားဝင်လာခဲ့သော်လည်း အကယ်၍ ဘာကာယိုကိုမှာ အသင်းပြောင်းဖြစ်ခဲ့မည်ဆိုပါက မန်ယူထက် ချယ်လ်ဆီးကိုသာ ရွေးချယ်လိမ့်မည်ဟု ယုံကြည်ထားဆဲဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
11-Jul-2017 tagged as
ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများ၏ နွေရာသီကာလ ပထမ သီတင်းပတ်အတွင်း အပြောင်းအရွှေ့ အသုံးစရိတ် စုစုပေါင်းသည် ပေါင် ၅၇၁ သန်း ရှိသွားခဲ့ပြီဖြစ်ပြီး လက်ရှိ အခြေအနေများအရ ၂၀၁၆ နွေဈေးကွက်တွင် တင်ရှိခဲ့သော အပြောင်းအရွှေ့ အသုံးစရိတ်စံချိန်ကို ပရီးမီးယားလိဂ် အသင်းများက ထပ်မံ ချိုးဖျက်၍ စံချိန်သစ် ထပ်တင်ဖွယ် အခြေအနေများ ရှိနေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
11-Jul-2017 tagged as
မန်ယူတိုက်စစ်မှူးသစ် လုကာကုသည် မန်ယူ ကစားသမားများအနက်တွင် အကြီးဆုံးသော ဖိနပ်နံပါတ်ကို ဝတ်ဆင်ကစားသူ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ၎င်း၏အသင်းဖော် ဖြစ်လာခဲ့သော မန်ယူကွင်းလယ်ကစားသမား မာတာက တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
11-Jul-2017 tagged as အဲဗာတန်
အဲဗာတန် တိုက်စစ်မှူး ရူနီသည် ယမန်နှစ် ဘောလုံးရာသီ၌ မန်ယူအသင်းခေါင်းဆောင်အဖြစ် လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ကိုင်မြှောက်ခွင့်ရခဲ့သည့် အခွင့်အရေးမှာ ၎င်းနှင့် မထိုက်တန်ဟု ခံစားရကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။
10-Jul-2017 tagged as
ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ၎င်း၏ အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားသည့် အဲဗာတန် တိုက်စစ်မှူး လုကာကုကို မန်ယူက ကြားဖြတ် ခေါ်ယူသွားခဲ့သည့်အတွက် ပစ်မှတ်သစ် သတ်မှတ်၍ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာကိုခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
10-Jul-2017 tagged as
မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီး ရောက်ရှိနေစဉ်ကာလအတွင်း အမျိုးသမီးငယ်တစ်ဦးနှင့် နေ့စဉ်ပင် ချိန်းဆိုတွေ့ဆုံခဲ့ကြောင်း The Sun က ဖော်ပြထားသည်။