16-Aug-2016
ရီယိုအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပိုလန်နိုင်ငံမှ သံလုံးပစ်မယ် ဗိုဒါချက်က ကမ္ဘာ့စံချိန်သစ်တစ်ရပ်ကို ရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက သူမကိုယ်တိုင် ရရှိထားသည့် စံချိန်ကို ထပ်မံကျော်ဖြတ်လိုက်ခြင်းလည်း ဖြစ်လာခဲ့သည်။