15-Aug-2017 tagged as ရီးယဲလ်
လာလီဂါ ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို သူတို့ဘက်က ငါးပွဲပယ် ပြစ်ဒဏ်ချမှတ် အရေးယူတာကို မကျေနပ်ခဲ့ရင် ၁၀ ရက်အတွင်း အယူခံ တင်သွင်းနိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်ဆီကို အကြောင်းကြားစာ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ SEA Games ပြိုင်ပွဲရဲ့ အမျိုးသားယူ ၂၂ ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၂၂ အသင်း ယှဉ်ပြိုင်မယ့် ပွဲစဉ်အားလုံးကို တိုက်ရိုက်ပြသမှာ မဟုတ်ဘဲ အိမ်ရှင်မလေးရှားအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲကိုပဲ တိုက်ရိုက်ပြသတော့မှာပါ။
စင်ကာပူက အသင်းလိုက်ရော တစ်ဦးချင်းပါ အားနည်းတယ်။ စိတ်ဓာတ်ပိုင်းလည်း အားနည်းတယ်။ မြန်မာအသင်းက စင်ကာပူထက် ကွင်းလယ်နဲ့ကစားပုံ ပိုကောင်းတယ်။ အဆုံးသတ်ကောင်းရင် နိုင်ဖို့မခက်ပါဘူး။ မြန်မာနိုင်မှာပါ။ အနည်းဆုံးနှစ်ဂိုး ရှိးမရှိပဲ။
ကျွန်တော်တို့အသင်းကို ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဓိက ပြင်ဆင်လာခဲ့တာ အခုဆို အသင့်ဖြစ်နေပါပြီ။ ဆီးဂိမ်းစ်မတိုင်မီမှာ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပွဲတွေရော နိုင်ငံတကာ ခြေစမ်းပွဲတွေပါ ကစားလာခဲ့တယ်။ ယူ-၂၃ အသင်း အာရှခြေစစ်ပွဲမှာ သြစတြေးလျလို အသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်ခဲ့တာကြောင့် ပရိသတ်တွေ အနေနဲ့ အပြည့်အဝ မပျော်ရွှင်ခဲ့ရဘူး။ ကျွန်တော်တို့အသင်း အနေနဲ့ ဒီတစ်ကြိမ်မှာ ပရိသတ်တွေ ပျော်ရွှင်စေဖို့ အဓိကထားပြီး ကြိုးစားသွားမှာပါ။ ပွဲဦးထွက် စင်ကာပူအသင်းနဲ့ ပွဲမှာလည်း ကျွန်တော်တို့ ခက်ခဲစွာနဲ့ ယှဉ်ပြိုင်ရမှာပါပဲ။ သူတို့အသင်းက နုပျိုပြီး စုဖွဲ့မှုကောင်းတဲ့ အသင်းကောင်း တစ်သင်းပါ။
13-Aug-2017 tagged as
ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ဝေလနိုင်ငံရှိ ၎င်း၏မိသားစုဝင်များ နေထိုင်ရာ နေအိမ်အတွက် လုံခြုံရေး အစောင့်အရှောက်များ ငှားရမ်း ခေါ်ယူထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
13-Aug-2017 tagged as ချယ်လ်ဆီး
စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ သူ့ရဲ့မိခင်ကလပ် ချယ်လ်ဆီးအသင်းကို ဥပဒေကြောင်းအရ တရားစွဲဆို အမှုဖွင့်လှစ်လိုက်ပါပြီ။
မန်ယူနည်းပြ မော်ရင်ညိုက လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ယူအသင်း စိန်ခေါ်နိုင်ဖို့အတွက် ကစားသမား အားလုံးနီးပါးက ဂိုးသွင်းယူပေးနိုင်စွမ်း ရှိတဲ့ အခြေအနေမျိုး ဖြစ်လာဖို့ လိုအပ်တယ်လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
13-Aug-2017 tagged as ဘာစီလိုနာ
ဘာစီလိုနာဟာ အသင်းကွင်းလယ်ကို အားဖြည့်ဖို့အတွက် တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီမှာ ပါဝင်ကစားနေတဲ့ စပါးကွင်းလယ်လူဟောင်း ပေါ်လင်ညိုကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၃၆ ဒသမ ၅ သန်း အသုံးပြုပြီး ခေါ်ယူအားဖြည့်လိုက်ပါပြီ။
13-Aug-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးနည်းပြ ကွန်တီဟာ ဘန်လေက ချယ်လ်ဆီးကို သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်အပြီးမှာ ရာထူးထုတ်ပယ်ခံရနိုင်ခြေရှိတဲ့ နည်းပြစာရင်းရဲ့ ထိပ်ဆုံးနေရာဆီကို ရောက်ရှိသွားခဲ့ပါတယ်။
12-Aug-2017 tagged as နေမာ
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးသစ် နေမာဟာ ဂူအင်ဂမ့်နဲ့ ယှဉ်ပြိုင်ရမယ့် အခုတစ်ပတ် ပြင်သစ်လီဂူးပွဲစဉ်မှာ အသင်းအတွက် စတင်ပွဲထွက်ကစားခွင့် ရသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတိုက်စစ်မှူးသစ် လာကာဇက်ဟာ အာဆင်နယ်ရဲ့ အီဘရာဟီမိုဗစ် ဖြစ်လာမယ့် ကစားသမားလို့ ပြောကြားလိုက်ပါတယ်။
မန်ယူနည်းပြ မော်ရင်ညိုက သူ့အနေနဲ့ လက်ရှိနွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ထဲမှာ နောက်ထပ် ကစားသမားသစ်တစ်ယောက် ထပ်ပြီး ခေါ်ယူမရရှိခဲ့ရင် ညည်းတွားငိုယိုနေမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
12-Aug-2017 tagged as ဘောလုံး
ဝက်စ်ဘရွန်းအသင်း တာဝန်ရှိသူတွေဟာ နည်းပြ တိုနီပူးလစ်ကို ၂ နှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားခဲ့ပါပြီ။
12-Aug-2017 tagged as ချယ်လ်ဆီး
ချယ်လ်ဆီးတိုက်စစ်မှူးသစ် မိုရာတာက သတင်းမီဒီယာတွေဟာ ပင်နယ်တီ တစ်လုံးလောက် လွဲလိုက်တာနဲ့ သူ့ကို သတ်ပစ်ဖို့ ကြံနေကြပြီလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။
11-Aug-2017 tagged as ဘောလုံး
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲရဲ့ အမျိုးသား၊ အမျိုးသမီး ဘောလုံးနဲ့ ဖူဆယ်ပြိုင်ပွဲဝင်မယ့် ကစားသမားတွေကို မြန်မာနိုင်ငံနဲ့ နိုင်ငံရေး ပြဿနာတွေ ရှိခဲ့တဲ့ မလေးရှားနိုင်ငံမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်မလာစေဖို့အတွက် ဂရုစိုက်စေချင်တဲ့အကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မှာကြားလိုက်ပါတယ်။