News

12-Nov-2017
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းကိုခေါ်ယူရန် လီဗာပူးမတိုင်မီတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးအချို့က ကမ်းလှမ်းဆက်သွယ်ခဲ့သော်လည်း ၎င်းအနေနှင့် လက်မခံဖြစ်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖွင့်ဟအသိပေးခဲ့ကာ လက်ရှိတွင် ယင်းအသင်းများမှာ မန်ယူ၊ မန်စီးတီးနှင့် စပါးတို့ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ၎င်း၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ထည့်သွင်းဖော်ပြထားပြီဖြစ်သည်ဟု Sportmail က ဖော်ပြထားသည်။
12-Nov-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆန်းချက်ဇ်ကို လက်လွှတ်လိုက်ရမည်ဆိုပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်တောင်ပံကစားသမား ဇာဟာကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
11-Nov-2017
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ် ဂျီးဆပ်စ်သည် ၎င်း၏ကစားသမားဘ၀ စတင်မှု အစောပိုင်းကာလများမှာ လွန်စွာ ခက်ခဲကြမ်းတမ်းလွန်းခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပြီး ဘောလုံးကစားနိုင်ရန်အတွက် လူဆိုးလူမိုက်များကျင်လည်ရာနေရာအနီးရှိ အကျဉ်းထောင်ဘောလုံးကွင်းသို့ နေ့စဉ် နံနက်ငါးနာရီခန့်တွင် အိပ်ရာထ၍ သွားရောက်ခဲ့ရဖူးကြောင်း ဂါဘရီရယ်လ် ဂျီးဆပ်စ်က အသိပေးသွားခဲ့သည်ဟု Four Four Two က ဖော်ပြထားသည်။
11-Nov-2017
အိုင်ယာလန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား မက်ဂရီဂေါ်သည် မွေးရပ်မြေ ဒဗ္ဗလင်မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် Bellator MMA ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပြိုင်ပွဲ ပွဲစဉ်အမှတ် ၁၈၇ ကို ပွဲကြည့်ပရိသတ်အဖြစ် သွားရောက်ကြည့်ရှုအားပေးခဲ့ရာတွင် ကြိုးဝိုင်းဒိုင်လူကြီးနှင့် စကားအချေအတင်ဖြစ်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် မက်ဂရီဂေါ်က ကြိုးဝိုင်းဒိုင်လူကြီးကို လက်သီးဖြင့် ထိုးကြိတ်လိုက်သည့်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီက ၎င်းကိုအရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
11-Nov-2017
ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာ ပြန်လည်ရရှိသွားခဲ့သည့်အတွက် လာမည့်ဒီဇင်ဘာလ ကုန်ဆုံးချိန်တိုင်သည်အထိ ဆက်လက်အနားယူရတော့မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
11-Nov-2017
အမေရိကန် အမျိုးသမီးလက်ရွေးစင်အသင်း ဂိုးသမား ဟုပ်ဆိုလိုသည် သူမအနေနှင့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတစ်ခုတွင် ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာ၏လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ခံခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
11-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် အင်္ဂလန်နှင့် ဂျာမနီတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် ၎င်း၏နောက်ခံလူ ဖီးလ်ဂျုံးစ် ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ဒဏ်ရာအခြေအနေ ဆိုးရွားပြင်းထန်မည်ကို စိုးရိမ်ပူပန်မှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
11-Nov-2017
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ပြင်သစ်လီဂူးကလပ် မာဆေးထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် မန်ယူနောက်ခံကစားသမားဟောင်း အီဗရာကို ယူရိုပါလိဂ်ပွဲစဉ်တွင် အသင်းအားပေးသူပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့ခြင်းအတွက် ခုနစ်လ ပွဲပယ်ပြစ်ဒဏ်တစ်ရပ် ချမှတ်အရေးယူလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
10-Nov-2017
လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုသည် လီဗာပူးအသင်းတာဝန်ရှိသူများကို ၎င်းအား ပီအက်စ်ဂျီထံသို့ မဟုတ်ဘဲ ဘာစီလိုနာထံသို့သာ ရောင်းချပေးစေလိုသည်ဟု တောင်းဆိုပြောကြားထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
10-Nov-2017
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီတွင် လာလီဂါပြိုင်ပွဲ၌ ပုံမှန်စွမ်းဆောင်ရည်တစ်ရပ် ရရှိနိုင်ရန် ရုန်းကန်နေရပြီး ၎င်း၏ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ယခုပိုင်ဆိုင်ထားသော စွမ်းဆောင်ရည်ကို စီရော်နယ်ဒို လိုက်မီရန်မှာ ရှေ့လာမည့်ပွဲစဉ်များတွင် မက်ဆီ၏ကန်ချက် ၅၀၆ ချက် ဂိုးပေါက်မတည့်ဘဲ လွဲချော်မှသာလျှင် ဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
09-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်စီးတီးနည်းပြဂွါဒီယိုလာကို ယှဉ်နိုင်စွမ်းရှိသည့် ကစားသမားအင်အားစုများကို အသင်းတာဝန်ရှိသူများဘက်က ဖြည့်ဆည်းမပေးပါက မန်ယူကို များမကြာမီအချိန်အတွင်း၌ပင် စွန့်ခွာသွားဖွယ်ရှိနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး အခြားသောတစ်ဖက်တွင် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းက မော်ရင်ညိုကို ခေါ်ယူရန်အတွက် မော်ရင်ညို၏အကျိုးတော်ဆောင်များနှင့် ချိတ်ဆက်မှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
09-Nov-2017
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုများ မဲခွဲပွဲအခမ်းအနားတွင် စင်မြင့်ထက်သို့ ဆုဖလားသယ်ဆောင်ယူလာရန်အတွက် ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး ကလိုဆေးကို အခွင့်အရေး ပေးအပ်လိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
09-Nov-2017
စပါးနည်းပြ ပိုချက်တီနိုသည် လာမည့်နိုဝင်ဘာလ ၁၈ ရက်နေ့၌ အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလူစာရင်း၌ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်လည်ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Reuters က ဖော်ပြထားသည်။
09-Nov-2017
အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုများ မဲခွဲရာတွင် အာဂျင်တီးနားနှင့် စပိန်တို့ တစ်အုပ်စုတည်းကျရောက်သည့်အဖြစ်မျိုးကို မကြုံဆုံလိုကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Reuters က ဖော်ပြထားသည်။
09-Nov-2017
ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် လက်ရှိဘောလုံးရာသီတွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ရယူ၍ ၎င်း၏ဆရာဟောင်းတစ်ဦးဖြစ်သူ မန်ယူနည်းပြမော်ရင်ညို တင်ရှိထားသည့်စံချိန်ကို အမီလိုက်လိုလျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။