News

29-Nov-2017
အဲဗာတန်အသင်းသည် ရာထူးထုတ်ပယ်လိုက်သည့် နည်းပြ ရော်နယ်ကိုးမန်း၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် နည်းပြသစ်ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ဆမ်အလာဒွိုက်စ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် အပြီးသတ်သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း အဲဗာတန်က ကြေညာချက်ထုတ်ပြန်ထားပြီဟု The Sun က ဖော်ပြထားသည်။
29-Nov-2017
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းကြားသိခဲ့ရသည့်အတွက် အာဆင်နယ်၏ကမ်းလှမ်းမှုကို စောင့်မျှော်ခဲ့ဖူးကြောင်း ဖွင့်ဟဝန်ခံလိုက်ကာ အာဆင်နယ်ထံသို့ ၎င်းမပြောင်းရွှေ့ဖြစ်ခဲ့သည်မှာ နည်းပြအာစင်ဝင်းဂါးက ၎င်းအစား ဆာနိုဂိုကို ဦးစားပေးအဖြစ် ရွေးချယ်သွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဂရစ်ဇ်မန်းက ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Nov-2017
၀ကဈှဘရှနှးအသငှးတာဝနရှှိသူမှားသညှ ရာထူးထုတပှယလှိုကသှည့ှ နညှးပှတိုနီပူးလဈ၏ကှကလှပကှို အစားဖှည့ရှနအှတှကှ ပရီးမီးယားလိဂဝှါရင့နှညှးပှတဈဦးဖှဈသည့ှ အလနပှါဂှူးကို ခေါယှူခန့အှပလှိုကပှှီဖှဈကှောငှး Daily Mail က ဖောပှှထားသညှ။
29-Nov-2017
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ၎င်း၏ဖခင်ဖြစ်သူသည် နေမာမှာ ရီးရဲလ်မက်ဒရစ်ထံသို့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ဖြစ်နိုင်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
29-Nov-2017
၀ကဈှဟမှးနညှးပှ ဒေးဗဈမိုယကဈှသညှ ယနေ့မောဒှနခှတှဘေောလုံးလောကတှငှ မညသှည့နှညှးပှအတှကမှှှ ရာထူးအာမခံခကှှ မရှိတော့ကှောငှး မှတခှကှပှေးသှားခဲ့ပှီး ၎င်းငျးငြးငွးငှးငှးငှးအနနှငှေ့ လကရှှိအခှိနတှှငှ အဲဗာတနအှသငှးနညှးပှအဖှဈ ဆကရှှိနမညဆှေိုပါကလညှး ရာထူးတညငှှိမမှှု ကငှးမဲ့နနေိုငကှှောငှး ဒေးဗဈမိုယကဈှက ဆကလှကှ ပှောကှားသှားခဲ့သေးသညဟှု Daily Star က ဖောပှှထားသညှ။
29-Nov-2017
ပြင်သစ်လီဂူးကလပ် လိုရီးယန့်အသင်းဥက္ကဋ္ဌ လိုအစ်ဖီရေးသည် အာဆင်နယ်နောက်ခံလူ ကော့စီရယ်လ်နီမှာ အာဆင်နယ်ကို စွန့်ခွာ၍ အသင်းပြောင်းရွှေ့ကစားလိုစိတ်ရှိနေပြီဖြစ်ကြောင်းကို ၎င်းနှင့်တွေ့ဆုံစဉ်တွင် ဖွင့်ဟပြောကြားသွားခဲ့သည်ဟု သတင်းမီဒီယာများကို အသိပေးလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
29-Nov-2017
မန်ယူအသင်းအားပေးသူများသည် မန်ယူက ဝက်ဖို့ဒ်ကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်ကစားသမား မာတစ် ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် လာမည့်စနေနေ့တွင် အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့်ပွဲစဉ်၌ မန်ယူအသင်းလူစာရင်းတွင် ၎င်းပါဝင်လာနိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
29-Nov-2017
မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် စပါးကွင်းလယ်လူ အယ်လ်လီကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ပြီး အယ်လ်လီကိုခေါ်ယူရရှိနိုင်မည်ဆိုပါက မန်ယူမှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၈၀ အထိ အသုံးပြုရန် ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
29-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် တိုက်စစ်မှူး လုကာကုအနေနှင့် ဂိုးရရန် ရုန်းကန်နေရသည်မှာ ဘောလုံးကန်ဖိနပ်ကြောင့်ဖြစ်ပြီး အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုတစ်ခုခုနှင့် စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးလိုက်နိုင်မည်ဆိုပါက လုကာကုအတွက် ယခုရင်ဆိုင်နေရသည့်ပြဿနာမှာ ချက်ချင်းပင် ပြေလည်သွားလိမ့်မည်ဟု မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
28-Nov-2017
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းအနေနှင့် အသင်းကစားသမားများကို ပင်ပန်းနွမ်းနယ်မှုများကြောင့် အနားပေးထားခြင်းမဟုတ်ဘဲ အလှည့်ကျစနစ်ဖြင့် ပွဲထုတ်နေခြင်းသာဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
28-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းအတွက် ၎င်းခေါ်ယူလိုသည့် ကစားသမားစာရင်းကို အသင်းတာဝန်ရှိသူများထံသို့ ပေးပို့လိုက်ပြီဖြစ်ပြီး မော်ရင်ညို၏စာရင်းတွင် ပါရှိနေသော ကစားသမားအများစုမှာ ဘယ်ခြေသန်ကစားသမားများဖြစ်ကြောင်း မန်ယူအသင်းတာဝန်ရှိသူတစ်ဦးက အတည်ပြုထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Nov-2017
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် ၂၀၁၆-၁၇ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအသင်းရွေးချယ်ရာတွင်လည်း ဂျူဗင်တပ်အသင်းက ကစားသမား ခုနစ်ဦးဖြင့် အရေအတွက်အများဆုံး ပါဝင်သွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
28-Nov-2017
ဘာစီလိုနာအသင်းအတွက် ထိပ်သီးကစားသမားပေါင်းများစွာကို ခေါ်ယူစုစည်းပေးခဲ့သည့် အားကစားဒါရိုက်တာ ဆနယ်လီဟီသည် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်သွားခဲ့ပြီဖြစ်ပြီး ဆနယ်လီဟီမှာ အာဆင်နယ်အသင်းအားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် ဘာစီလိုနာကို စွန့်ခွာသွားခြင်းဖြစ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
28-Nov-2017
၀ကဖှို့ဒနှညှးပှ မာကိုဆေးလဗှားသညှ အနာဂတကှာလတှငှ မနယှူနညှးပှမောရှငညှို၏ခှရောကို လိုကနှငှး၍ စပါယရှှယဝှမှးလကသှဈတဈဦးဖှဈလာနိုငရှနှ ရညမှှနှးခကှထှားရှိနပှေီဖှဈပှီး လာမည့ဘှောလုံးရာသီတှငှ အခှင့အှရေးရနိုငမှညဆှိုပါက ခနှပှီယံလိဂပှှိုငပှှဲဝငခှှင့ရှ အသငှးတဈသငှးကို ဦးဆောငခှှင့ရှနိုငရှနလှညှး မာကိုဆေးလဗှားက ဆနဒှရှိနပှေီဖှဈကှောငှး Daily Mail က ဖောပှှထားသညှ။
28-Nov-2017
နိုင်ငံတကာလက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း အတည်ပြုထားပြီဖြစ်သည့် ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် အီတလီလက်ရွေးစင်အသင်းအတွက် လိုအပ်လာခဲ့မည်ဆိုပါက ၎င်းအနေနှင့် ပြန်ကစားပေးရန် အမြဲတစေ အဆင်သင့်ရှိနေမည်သာဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Football Italia က ဖော်ပြထားသည်။