News

02-Dec-2017
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ဆွီဒင်တင်းနစ်ကစားသမား ဘီဂျွန်ဘော့ဂျ်ကို အတုယူ၍ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံဆုဖလားကို ဆွတ်ခူးရယူနိုင်ရန်အတွက် သွေးအေးအေးဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်သာဖြစ်သည်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Dec-2017
မန်ယူကွင်းလယ်ကစားသမား မာတစ်သည် အာဆင်နယ်နှင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန်အတွက် လန်ဒန်မြို့သို့ မန်ယူအသင်း သွားရောက်ရာတွင် အသင်းနှင့်အတူ လိုက်ပါသွားမည်ဖြစ်ပြီး ကြံ့ခိုင်မှု စိတ်ချရသည့်အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ခဲ့မည်ဆိုပါက မာတစ်မှာ အာဆင်နယ်နှင့်ပွဲတွင် အသင်းအတွက် ပါဝင်ကစားပေးသွားရန် ရည်မှန်းထားကြောင်း The Sun က ဖော်ပြထားသည်။
01-Dec-2017
ရုရှားနိုင်ငံတွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုများ မဲနှိုက်တွဲဖက်ပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ရွေးချယ်ထားသည့် ဂန္ထဝင်ကစားသမားရှစ်ဦးအနက်တွင် တစ်ဦးအပါအဝင်ဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူးဟောင်း မာရာဒိုနာသည် အခမ်းအနားတက်ရောက်ဖြစ်ခဲ့သည့်တိုင် အုပ်စုများမဲနှိုက်တွဲဖက်ပေးရာတွင် အခြားသောကစားသမားများနှင့်အတူ ပူးပေါင်းပါဝင်နိုင်ရန် မသေချာဖြစ်နေကြောင်း Daily Mail က ဖော်ပြထားသည်။
30-Nov-2017
မန်ယူအသင်းတာဝန်ရှိသူများသည် အသင်းဘယ်နောက်ခံကစားသမား အက်ရှ်လေယန်းကို တစ်နှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်နေပြီဖြစ်ပြီး အက်ရှ်လေယန်းမှာ လက်ရှိတွင် ဘယ်နောက်ခံနေရာနှင့် ယခင်ကထက် ပိုမိုအံဝင်လာခဲ့ပြီဟု နည်းပြမော်ရင်ညိုကလည်း ထောက်ခံပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
30-Nov-2017
ပရီးမီးယားလိဂ် ဝါရင့်နည်းပြတစ်ဦးဖြစ်သည့် ဆမ်အလာဒွိုက်စ်သည် တစ်နှစ်လုပ်ခလစာ ပေါင်ခြောက်သန်း အကျိုးခံစားခွင့်ရရှိမည့် ၁၈ လသက်တမ်း စာချုပ်တစ်ရပ်ဖြင့် အဲဗာတန်ကို တာဝန်ယူလိုက်ပြီဖြစ်ကာ အဲဗာတန်နည်းပြရာထူးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အသင်းအတွက် ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦး ခေါ်ယူပေးရေးကို ဆမ်အလာဒွိုက်စ်က တောင်းဆိုခဲ့ပြီး အဲဗာတန်အသင်းတာဝန်ရှိသူများကလည်း လက်ခံသဘောတူညီထားကြောင်း Daily Star က ဖော်ပြထားသည်။
30-Nov-2017
အာဆင်နယ်က ဟတ်ဒါးစဖီးလ်ကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ညို့သကျည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည့် အာဆင်နယ်တိုက်စစ်မှူး လာကာဇက်သည် မနက်ဖြန်(စနေနေ့)တွင် မန်ယူနှင့်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရန် သေချာသွားခဲ့ပြီဖြစ်ပြီး လာကာဇက်ကို အနားပေးလိုက်ရသော်လည်း ဂျီရုဒ်၊ အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ ကြံ့ခိုင်မှုအပြည့်ရှိနေသည့်အတွက် စိုးရိမ်ဖွယ်မရှိဟု နည်းပြအာစင်ဝင်းဂါးက ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
30-Nov-2017
ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ပိုင်ရှင်တစ်ဦးဖြစ်သူ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ကာကာသည် ၎င်းအနေနှင့် မန်စီးတီးထံသို့ ပြောင်းရွှေ့ရောက်ရှိနိုင်ရန် လွန်စွာနီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟဝန်ခံလိုက်ပြီး ၎င်းဘက်က ငြင်းဆန်ပယ်ချလိုက်ခြင်းကြောင့်သာ အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ရန် အခြေအနေများမှာ ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်ကြောင်းလည်း ကာကာက ဆက်လက်ရှင်းပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
30-Nov-2017
ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီနှင့် နေမာတို့သည် ပင်နယ်တီကန်သွင်းခွင့်အတွက် အငြင်းပွားမှုများရှိနေဆဲဖြစ်ပြီး လက်ရှိအခြေအနေကို ဖြေရှင်းရန် ၎င်းတို့နှစ်ဦးအနက် တစ်ဦးကို ရောင်းထုတ်လိုက်ရဖွယ်ရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
30-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ရန်အတွက် လာမည့် ၂၀၁၈ ခုနှစ် နှစ်ဦးကာလတွင် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြထားသည်။
30-Nov-2017
အာဆင်နယ်ကွင်းလယ်ကစားသမား ကာဇိုလာသည် လက်ရှိတွင် ဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသည့် ပွဲအရေအတွက် ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ပြီး အာဆင်နယ်ထံတွင် ဒဏ်ရာပြဿနာကြောင့် ကာဇိုလာထက်ပို၍ ပွဲအရေအတွက် ပိုမိုလွဲချော်ခဲ့ရသူများမှာ ဝီလ်ရှိုင်းယားနှင့် ဒီယာဘီတို့ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
30-Nov-2017
လက်စတာတိုက်စစ်မှူး ဗာဒီသည် ထိပ်သီးခြောက်သင်းစာရင်းဝင်အသင်းများကို အခြားသောကစားသမားများထက် ဂိုးပိုမိုသွင်းယူနိုင်စွမ်းရှိသူအဖြစ် ရပ်တည်လာခဲ့ပြီဖြစ်ကာ ၎င်း၏သွင်းဂိုးအရေအတွက်မှာ အနီးကပ်ပြိုင်ဘက်ဖြစ်သူ စပါးကွင်းလယ်ကစားသမား အယ်လ်လီထက် ငါးဂိုး သာလွန်လာခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
30-Nov-2017
မန်ယူအသင်းသည် လက်ရှိဘောလုံးရာသီတွင် ရာသီဖွင့်ပွဲစဉ် ၁၄ ပွဲ ယှဉ်ပြိုင်ပြီးချိန် ရမှတ် ၃၂ မှတ်ရယူကာ အမှတ်ပေးဇယား၏ဒုတိယနေရာတွင် ရပ်တည်နေပြီး လက်ရှိတွင် အမှတ်ပေးဇယားကို ဦးဆောင်နေသော မန်စီတီးနှင့် မန်ယူအကြားတွင် ရမှတ် ရှစ်မှတ်ကွာဟနေသော်လည်း မန်ယူမှာ ချန်ပီယံဖြစ်နိုင်ခြေရှိသေးကြောင်း The Sun က စစ်တမ်းတစ်ရပ် ထုတ်ပြန်ဖော်ပြလိုက်သည်။
29-Nov-2017
အဲဗာတန်အသင်းသည် ရာထူးထုတ်ပယ်လိုက်သည့် နည်းပြ ရော်နယ်ကိုးမန်း၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် နည်းပြသစ်ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ဆမ်အလာဒွိုက်စ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် အပြီးသတ်သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း အဲဗာတန်က ကြေညာချက်ထုတ်ပြန်ထားပြီဟု The Sun က ဖော်ပြထားသည်။
29-Nov-2017
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းကြားသိခဲ့ရသည့်အတွက် အာဆင်နယ်၏ကမ်းလှမ်းမှုကို စောင့်မျှော်ခဲ့ဖူးကြောင်း ဖွင့်ဟဝန်ခံလိုက်ကာ အာဆင်နယ်ထံသို့ ၎င်းမပြောင်းရွှေ့ဖြစ်ခဲ့သည်မှာ နည်းပြအာစင်ဝင်းဂါးက ၎င်းအစား ဆာနိုဂိုကို ဦးစားပေးအဖြစ် ရွေးချယ်သွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဂရစ်ဇ်မန်းက ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Nov-2017
၀ကဈှဘရှနှးအသငှးတာဝနရှှိသူမှားသညှ ရာထူးထုတပှယလှိုကသှည့ှ နညှးပှတိုနီပူးလဈ၏ကှကလှပကှို အစားဖှည့ရှနအှတှကှ ပရီးမီးယားလိဂဝှါရင့နှညှးပှတဈဦးဖှဈသည့ှ အလနပှါဂှူးကို ခေါယှူခန့အှပလှိုကပှှီဖှဈကှောငှး Daily Mail က ဖောပှှထားသညှ။