News

06-Feb-2017
မန်ယူအသင်းသည် လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်နှင့် လွဲချော်ခဲ့မည် ဆိုပါက ဝင်ငွေပမာဏ ပေါင် ၈၅ သန်း ဆုံးရှုံးမည့်အရေးကို ရင်ဆိုင်ရတော့မည် ဖြစ်ကာ အသင်းကစားသမားများ အနေနှင့် ယင်းအခြေအနေဆိုးကို ရှောင်လွှဲနိုင်စေရန်အတွက် ရှေ့လာမည့် ပွဲစဉ်များ အားလုံးကို အာရုံစူးစိုက်မှုအပြည့်ဖြင့် နိုင်လိုစိတ်ထည့်ကာ ကစားစေလိုကြောင်း နည်းပြ မော်ရင်ညိုက တိုက်တွန်းထားသည်ဟု The Sun က ဖော်ပြထားသည်။
06-Feb-2017
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) သည် ဗီယက်နမ်နိုင်ငံတွင် ဘောလုံးပွဲ လောင်းကစားခြင်းကို တရားဝင် ခွင့်ပြုပေးလိုက်ခြင်း၏ နောက်ကွယ်၌ လုပ်ပွဲဖန်တီးမှု ကိစ္စများ ဆက်စပ်ပါဝင်လာမည်ကို စိုးရိမ်နေပြီး ဗီယက်နမ် ပြည်သူများကမူ ဘောလုံးပွဲ လောင်းကစားခွင့် တရားဝင် ရသွားခြင်းကြောင့် မိသားစု အိမ်တွင်းရေး ပြဿနာများနှင့် လူငယ်များ၏ အကျင့်စာရိတ္တ ပျက်ပြားမှုများ ကြီးထွားလာမည်ကို စိတ်ပူနေကြောင်း VExpress က ဖော်ပြထားသည်။
06-Feb-2017
အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူးများ အနက်တွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သော အီယန်ရွိုက်သည် ချယ်လ်ဆီးက အာဆင်နယ်ကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် နည်းပြ အာစင်ဝင်းဂါးအတွက် အနာဂတ်ကို လေးလေးနက်နက်ထား၍ စဉ်းစားရမည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ကြောင်း သတိပေးသွားခဲ့သည်ဟု BBC က ဖော်ပြထားသည်။
06-Feb-2017
အာဆင်နယ် ကွင်းလယ်ကစားသမား ချိန်ဘာလိန်းသည် “အာစင်ဝင်းဂါး ထွက်သွားဖို့ လိုနေပြီ” ဟု အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားလွှင့်တင်ထားသည့် မှတ်ချက်ကို ‘Like’ ပေးခဲ့မိသည့်အတွက် အသင်းတာဝန်ရှိသူများ အားလုံးကို ဝန်ချတောင်းပန်လိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
04-Feb-2017
အာဆင်နယ် ကွင်းလယ်ကစားသမား ရမ်ဆေးသည် ပေါင်ကြွက်သာလုံး ဒဏ်ရာ အနည်းငယ် ပြင်းထန်သည့်အတွက် သီတင်းသုံးပတ်ကြာ အနားယူ ဆေးကုသမှု ခံခဲ့ရကြောင်း Mail Online က ဖော်ပြထားသည်။
03-Feb-2017
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဝက်စ်ဟမ်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့သော တိုက်စစ်မှူးသစ် ဂါဘရီရယ်လ်ဂျီးဆပ်စ်ကို ဖရဲသီးနှင့် ခိုင်းနှိုင်း၍ ချီးကျူးစကား ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Feb-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူနှင့် ဟားလ်စီးတီးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် သတင်းထောက်များနှင့် ဆုံတွေ့ခဲ့ရာ၌ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၎င်းအတွက် သီးသန့်စည်းမျဉ်းများ ထုတ်ကာ ခွဲခြားဆက်ဆံသကဲ့သို့ ခံစားရလျက်ရှိကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
03-Feb-2017
မန်ယူအသင်း နောက်ခံကစားသမားဟောင်း ဖာဒီနန်သည် မန်ယူကွင်းလယ် ကစားသမား ပေါ့ဂ်ဘာနှင့် လင်းဂတ်ဒ်တို့ နောက်တစ်ကြိမ် ဂိုးသွင်းယူရရှိခဲ့ပါက မည်သို့မည်ပုံ အောင်ပွဲခံမည်ဟု ကြိုတင်စည်းဝါးရိုက် အကလေ့ကျင့်ခဲ့သည့် အပြုအမူကို ပြင်းပြင်းထန်ထန် ကဲ့ရဲ့ပြစ်တင်လိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
03-Feb-2017
အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်သည် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုကို အဆုံးသတ်ကာ အနားယူပြီ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာလိုက်သည်ဟု BBC က ဖော်ပြထားသည်။
02-Feb-2017
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းအတွက် ခေါ်ယူမည့် ကစားသမားသစ်များကို ၎င်းအနေနှင့် အပြီးသတ် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ဖွင့်ဟလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။
02-Feb-2017
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် လီဗာပူးနှင့် ချယ်လ်ဆီးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် လီဗာပူး ကွင်းလယ်ကစားသမား ဝစ်ဂ်ျနယ်လ်ဒမ်းကို ဘီယာပုလင်းနှင့် ပစ်ပေါက်ခဲ့သည့် ဖြစ်စဉ်အတွက် ချယ်လ်ဆီးကို စွဲချက်တင်သွားတော့မည် ဖြစ်ကြောင်း DPA က ဖော်ပြထားသည်။
02-Feb-2017
အာဆင်နယ် အသင်းနောက်ခံ ကစားသမား မူစတာဖီသည် ဝက်ဖို့ဒ်က အာဆင်နယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် လက်ရှိဘောလုံးရာသီအတွင်း ၎င်းပိုင်ဆိုင်ထားသည့် ရှုံးပွဲမရှိ စံချိန်ကို လက်လွှတ်လိုက်ရပြီ ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
01-Feb-2017
ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီနှင့် နောက်ခံလူ ဘိုနုချီတို့သည် အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးဆု(Gran Gala de Calcio) ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား၌ ယင်းဆုများကို အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
01-Feb-2017
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) သည် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီ ဖြစ်ရာ ပရီးမီးယားလိဂ်အသင်းများ အားလုံးမှာ ၎င်းတို့အသင်းအချင်းချင်း မဲကျခဲ့ခြင်း မရှိဘဲ တန်းနိမ့်လိဂ် အသင်းများနှင့်သာ ဆုံတွေ့သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Feb-2017
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ဆိုစီဒက်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ၎င်းကို လှောင်ပြောင်ခဲ့သော အသင်းပရိသတ်များအား ရိုင်းစိုင်းစွာဖြင့် ဆဲရေးတုံပြန်သွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။