News

07-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းအဓိကကစားသမားများဖြစ်ကြသည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်၊ ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် နောက်ခံလူ ရိုဂျိုတို့မှာ လာမည့်ခရစ္စမတ်ကာလတွင် အသင်းအတွက် ပွဲစဉ်များ ပါဝင်ကစားပေးရန် အသင့်အနေအထားတွင် ရှိနေကြပြီဖြစ်ကြောင်း အသိပေးပြောကြားလိုက်ပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
07-Nov-2017
စပါးအသင်းကစားသမားများဖြစ်ကြသည့် တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ကွင်းလယ်လူ ဟယ်ရီဝင့်ခ်တို့သည် ဂျာမနီ၊ ဘရာဇီးတို့နှင့်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲများတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲကစားပေးနိုင်တော့မည် မဟုတ်ကြောင်း Daily Star က ဖော်ပြထားသည်။
07-Nov-2017
ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်သည် နိုင်ပွဲပျောက်ဆုံးမှု ရှည်ကြာလာခဲ့သည့်အတွက် ရာထူးထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကာ လာမည့်နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၀က်စ်ဘရွန်းအသင်း ရလဒ်ထပ်မံဆိုးရွားခဲ့မည်ဆိုပါက တိုနီပူးလစ်ကို ရာထူးထုတ်ပယ်၍ နည်းပြသစ်တစ်ဦး ခန့်အပ်ရန် ၀က်စ်ဘရွန်းအသင်းတာဝန်ရှိသူများက စီစဉ်ကြတော့မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
07-Nov-2017
မန်ယူအသင်းအမှုဆောင်အရာရှိချုပ်ဟောင်း မာတင်အက်ဒ်ဝပ်သည် လွန်ခဲ့သည့် ၁၉၈၆ ခုနှစ်၌ မန်ယူအတွက် ဖာဂူဆန်ကို ခေါ်ယူနိုင်ရန် ၎င်းအနေနှင့် လ်မ်ညာသည့်နည်းလမ်းတစ်ရပ်ကို အသုံးပြုခဲ့ဖူးကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
06-Nov-2017
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏အသင်းမှာ လက်ရှိဘောလုံးရာသီတွင် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ မြင့်တက်လာသည်မှာ မှန်ကန်သော်လည်း အတိတ်ကာလက ၎င်းတာဝန်ယူခဲ့ဖူးသည့် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကဲ့သို့သော အဆင့်မျိုးသို့မူ ရောက်မလာသေးကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
06-Nov-2017
ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြဘီလစ်ကို ရာထူးထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ၀က်စ်ဟမ်းနည်းပြသစ်အဖြစ် မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကို ခန့်အပ်သွားရန်လည်း ၀က်စ်ဟမ်းက စီစဉ်နေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
06-Nov-2017
အဲဗာတန်အသင်း၏အဓိကရှယ်ယာရှင်အဖြစ် ရပ်တည်နေသည့် အီရန်သန်းကြွယ်သူဌေး ဖာဟက်ဒ် မိုရှီရီသည် အဲဗာတန်အသင်း၏ရှယ်ယာများကို ၀ယ်ယူရာတွင် ၎င်းဘက်က စည်းမျဉ်းချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်စွဲပြောကြားနေခြင်းများကို ငြင်းဆန်ပယ်ချလိုက်ပြီး ၎င်းအနေနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီဘက်က ထုတ်ပြန်ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများကို တသဝေမတိမ်းလိုက်နာ၍ အဲဗာတန်၏ရှယ်ယာများကို ၀ယ်ယူခဲ့ခြင်းဖြစ်ပါကြောင်း မိုရှီရီက ရှင်းပြသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
06-Nov-2017
ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်သည် အမျိုးသမီးပရိသတ်တစ်ဦးက ၎င်းကို တစ်ညတာ အတူတကွ အချိန်ကုန်ဆုံးရန် ကမ်းလှမ်းထားသည်ကို လက်မခံဘဲ ငြင်းဆန်ပယ်ချလိုက်ကြောင်း Goal က ဖော်ပြထားသည်။
06-Nov-2017
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် အသင်းအဓိကတိုက်စစ်မှူးများဖြစ်ကြသည့် စီရော်နယ်ဒိုနှင့် ဘင်ဇီးမားတို့ ဂိုးပေါက်ပျောက်နေသည့်ကိစ္စကို မစိုးရိမ်မိကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ယင်းကစားသမားနှစ်ဦးလုံးမှာ ယုံကြည်ချက်ခိုင်မာသူများဖြစ်ကြသည့်အတွက် များမကြာမီအချိန်အတွင်း ဖိအားများအောက်မှနေ၍ ရုန်းထွက်လာနိုင်ကြလိမ့်မည်ဖြစ်သည်ဟု ဇီဒန်းက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
06-Nov-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်စီးတီးအသင်း ပင်နယ်တီရရှိသွားခဲ့သည့်ဖြစ်စဉ်၌ စတာလင်းမှာ ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ပင်နယ်တီ ရှာဖွေသွားခြင်း ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပြီး စတာလင်း ဒိုင်ဗင်သမားဖြစ်သည်ကို လူတိုင်း သိရှိနေပြီဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ထပ်လောင်းပြောကြားသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
06-Nov-2017
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်သည် ချယ်လ်ဆီးနည်းပြ ကွန်တီကို အသင်းနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အား အသင်းလူစာရင်းမှနေ၍ ဖယ်ထုတ်လိုက်ခြင်းက အဆုံးသတ်တွင် ရာထူးထုတ်ပယ်ခြင်းခံရသည်အထိ အကျိုးဆက် ရိုက်ခတ်မှု ပြင်းထန်လာနိုင်သည်ဟု သတိပေးစကား ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
06-Nov-2017
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူနည်းပြမော်ရင်ညိုကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိခဲ့ဘဲ အသင်းအားပေးသူများ၊ အသင်းကစားသမားများနှင့်သာ အောင်ပွဲခံသွားခဲ့ပြီး ၎င်းအတွက် လက်ဆွဲနှုတ်ဆက်ခြင်း အရေးကိစ္စထက် နိုင်ပွဲရရှိခဲ့ခြင်းကသာ ပိုမိုအရေးကြီးသည်ဟု ကွန်တီက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
05-Nov-2017
စပါးကွင်းလယ်ကစားသမား အယ်လ်လီသည် အသေးစား တံကောက်ကြောဒဏ်ရာတစ်ရပ် ရရှိထားသည့်အတွက် ဂျာမနီ၊ ဘရာဇီးတို့နှင့် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲများတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကစားပေးနိုင်တော့မည်မဟုတ်ကြောင်း The Sun က ဖော်ပြထားသည်။
05-Nov-2017
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်မှာ ပြောင်းရွှေ့ကစားမည့်အသင်းကို ရွေးချယ်ထားပြီးဖြစ်သည်ဟု ဖွင့်ဟပြောကြားသွားခဲ့ပြီး ယင်းအသင်းမှာ ဘိုင်ယန်မြူးနစ် မဟုတ်ဟုလည်း ရူမင်နစ်ဂီက တစ်ပါတည်း အသိပေးသွားခဲ့ကြောင်း The Bild က ဖော်ပြထားသည်။
05-Nov-2017
ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် နည်းပြဘ၀က အနားယူသွားခဲ့ပြီဖြစ်သည့် မန်ယူနည်းပြကြီး ဖာဂူဆန်က စပါးကွင်းလယ်ကစားသမား အယ်လ်လီမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဥရောပ၏အထွန်းတောက်ဆုံးကစားသမားများအနက်တွင် တစ်ဦးအပါအ၀င် ဖြစ်လာမည့်သူဟု ၎င်းကို ပြောကြားခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။