News

29-Oct-2017
အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်ဒ် မိုရှီရီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် စောင့်ကြည့်အကဲခတ်နေပြီဖြစ်ပြီး ကာယကံရှင် ကစားသမားဖြစ်သူနှင့် သဘောတူညီမှု ရယူနိုင်ခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် အဲဗာတန်က ကမ်းလှမ်းမှုများ ဆောင်ရွက်သွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Oct-2017
စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းသည် ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ကတ်တလန်သံရုံးများကို ပိတ်သိမ်းရန် စီစဉ်လိုက်ပြီဖြစ်ပြီး ယင်းသံရုံးများတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီးများကို စပိန်အစိုးရက နေရပ်သို့ပြန်လာရန် ညွှန်ကြားထုတ်ပြန် ဆင့်ခေါ်ထားပြီဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။
28-Oct-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအားပေးသူပရိသတ်များမှာ အာဆင်နယ်အတွက် ၎င်းရယူပေးခဲ့သော အောင်မြင်မှုများကို အလွယ်တကူ မေ့ပစ်နေကြသည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး လက်ရှိအချိန်အတွင် ၎င်းခံစားနေရသည်မှာ ဥရောပသမဂ္ဂလက်အောက်မှနေ၍ ဗြိတိန်ခွဲထွက်ရန် မဲပေးပွဲကျင်းပစဉ်က ဥရောပကော်မရှင် ခံစားခဲ့ရသည့် ခံစားချက်နှင့် အလားသဏ္ဌာန်တူနေကြောင်း အာစင်ဝင်းဂါးက ဆက်လက်အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Oct-2017
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ၎င်း၏ဆံပင်ကို ဒီဇိုင်းသစ်ပြောင်းလဲလိုက်ပြန်ပြီဖြစ်ကာ ၎င်း၏ဆံပင်ဒီဇိုင်းသစ်မှာ ဆေးရုံများရှိ ECG စက်များတွင် ဖော်ပြသော သင်္ကေတများကို ပုံဖော်ထားခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Oct-2017
မန်ယူနည်းပြ မော်ရင်ညိုသည် ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲမှုကို ပရိသတ်များနည်းတူ ၎င်းလည်း ဘ၀င်မကျကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး တာဝန်ရှိသူများအနေနှင့် မည်သည့်မဲခွဲပွဲအခမ်းအနားကိုဖြစ်စေ အားလုံးသောသူများ အမြင်ရှင်းစေရန် တိုက်ရိုက်ပြသသည့်စနစ်ကိုသာ အသုံးပြုသင့်ကြောင်း မော်ရင်ညိုက တိုက်တွန်းသွားခဲ့သေးသည်ဟု Sportmail က ဖော်ပြထားသည်။
28-Oct-2017
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ပြိုင်ဘက် မန်စီးတီးအသင်း၏စွမ်းဆောင်ရည်များကို ချီးကျူးစကားများ ပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့မည်ဆိုပါက လာမည့် နှစ်သစ်ကူး ဇန်နဝါရီကာလ၌ပင်လျှင် မန်စီးတီးမှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးရယူသွားနိုင်ဖွယ်ရှိကြောင်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Oct-2017
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏အတူနေချစ်သူ ဂျီအော်ဂျီနာ ရိုဒရီဂွက်ဇ် ရင်သွေးမျက်နှာမြင်မည့်နေ့နှင့် ကလေးငယ်၏အမည်ကို ၎င်း၏အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာပေးလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
28-Oct-2017
အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် နည်းပြအာစင်ဝင်းဂါးက ၎င်းကို ကစားနေကျ မဟုတ်သည့်နေရာတွင် ကစာခိုင်းထားသည့်အတွက် မပျော်မရွှင်ဖြစ်ရကြောင်း အသိပေးသွားခဲ့ပြီး ၎င်းမှာ အာဆင်နယ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလတစ်လျှောက် အသင်းအတွက် အရာရာကိုပေးဆပ်၍ အကောင်းဆုံးကစားပေးခဲ့သူဖြစ်သည်ဟုလည်း အိုဇေးလ်က ပြောကြားသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
27-Oct-2017
မန်ယူနည်းပြ မော်ရင်ညိုသည် လုခ်ရှောမှာ မန်ယူအနာဂတ်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါရှိနေဆဲဖြစ်သော်လည်း ပုံမှန်ပွဲထွက်ကစားခွင့်နှင့်သက်ဆိုင်သော အာမခံချက်တစ်ရပ်ကိုမူ ၎င်းအနေနှင့် ပေးအပ်နိုင်လိမ့်မည်မဟုတ်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
27-Oct-2017
လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုသည် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် တင်ပဆုံ ဒဏ်ရာရသွားခဲ့သည့်အတွက် မနက်ဖြန်(စနေနေ့)တွင် ဟတ်ဒါးစဖီးလ်နှင့် ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလူစာရင်း၌ ပါဝင်လာတော့မည် မဟုတ်ကြောင်း Sky Sports က ဖော်ပြထားသည်။
27-Oct-2017
ဘာစီလိုနာအသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးကွင်းလယ်လူ ကော်တင်ညိုကိုခေါ်ယူလိုပါက ကစားသမားငါးဦးခန့် ရောင်းထုတ်၍ အသင်း၏လုပ်ခလစာပေးချေနေရမှုကို ပြန်လည်ချိန်ညှိရလိမ့်မည်ဖြစ်ကြောင်း El Mundo Deportivo က ဖော်ပြထားသည်။
27-Oct-2017
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၎င်းရရှိထားသည့် တံကောက်ကြောဒဏ်ရာ သက်သာပျောက်ကင်းခြင်း မရှိသေးသည့်အတွက် မနက်ဖြန်(စနေနေ့)တွင် မန်ယူနှင့်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်တော့မည်မဟုတ်ဟု စပါးအသင်းက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
27-Oct-2017
မန်ယူ၊ အာဆင်နယ်နှင့် လီဗာပူးအသင်းအကြီးအကဲများသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ညစာအတူတကွ စားသောက်၍ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြကြောင်း Daily Mail က ဖော်ပြထားသည်။
27-Oct-2017
ဘောလုံးဝါသနာရှင် ပရိသတ်များသည် ခရာဘောင်းဖလား ကွာတားဖိုင် နယ်ပွဲစဉ်များကို လုပ်ကြံဖန်တီးထားမှုအဖြစ် ဝေဖန်နေကြပြီဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်တွင် ပရီးမီးယားလိဂ် အသင်းကြီး လေးသင်းအနက်မှနေ၍ အချင်းချင်း ထိပ်တိုက်တွေ့သည့်ပွဲ တစ်ပွဲမျှ မပါဝင်ခဲ့သည်မှာ လွန်စွာ အံ့သြဖွယ် ကောင်းလှသည်ဟု ပရိသတ်များက မှတ်ချက်ပြု ပြောကြားနေကြပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
26-Oct-2017
ရာထူးထုတ်ပယ်ခြင်းဖြင့် ရင်ဆိုင်လိုက်ရပြီဖြစ်သော အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ တိုက်စစ်ကို အားဖြည့်ရန်အတွက် အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်နှင့် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာတို့ နှစ်ဦးအနက်မှ တစ်ဦးကိုခေါ်ယူရန် ကြိုးပမ်းရာတွင် အဆင်မပြေမှုများဖြင့် ကြုံဆုံလိုက်ရပြီးချိန်ကတည်းကပင် ကံဆိုးမှုများရောက်လာတော့မည်ကို ရိပ်စားမိနေခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။