News

03-Jul-2017
ဂျာမနီအသင်းခေါင်းဆောင် ဒရက်ဇလာ၊ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာနှင့် ချီလီဂိုးသမား ဘရာဗိုတို့သည် ကျင်းပပြီးစီးသွားခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဆုများကို အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
03-Jul-2017
အာဆင်နယ်အသင်းသည် လိုင်ယွန်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ သဘောတူညီမှု ရယူလိုက်နိုင်ပြီ ဖြစ်ပြီး လာမည့် ၄၈ နာရီအတွင်းတွင် လာကာဇက်မှာ အာဆင်နယ်အသင်းထံသို့ ဆေးစစ်မှု လာရောက်ခံယူ၍ အပြောင်းအရွှေ့ကို တရားဝင် အပြီးသတ်နိုင်တော့မည် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Jul-2017
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကာ KBZ Bank ၏ ထောက်ပံ့မှုဖြင့် ကျင်းပခဲ့သည့် KBZ Bank Cup ပြိုင်ပွဲတွင် မြန်မာယူ ၂၂ အသင်းသည် ဒုတိယသာ ရရှိခဲ့ပြီး တိုက်စစ်ကစားသမား အောင်သူမှာမူ ဂိုးသွင်း အများဆုံး ကစားသမားဆု ရရှိခဲ့သည်။
02-Jul-2017
စီးရီးအေကလပ် ရိုးမားအသင်းသည် ၎င်းတို့၏ နောက်ခံကစားသမား ရူဒီဂျာကို ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးထံသို့ ရောင်းချရန်အတွက် ပြောင်းရွှေ့ကြေး ပမာဏ သဘော တူလိုက်ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ ခံယူရန် လာမည့် အင်္ဂါ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် ရူဒီဂျာက ချယ်လ်ဆီးအသင်း အခြေစိုက်ရာ လန်ဒန်မြို့သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း Gazzetta Dello Sport က ဖော်ပြထားသည်။
02-Jul-2017
ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ပက်ကွီယာအိုသည် WBO ဝယ်လ်တာဝိတ်တန်း ချန်ပီယံရွှေခါးပတ်ကာကွယ်ပွဲအဖြစ် သြစတြေးလျလက်ဝှေ့ကစားသမား ဂျက်ဖ်ဟွန်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရာတွင် အမှတ်ဖြင့် အရေးနိမ့်ပြီး ချန်ပီယံရွှေခါးပတ်ကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Jul-2017
အာဆင်နယ်အသင်း တာဝန်ရှိသူများသည် တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းပြောင်းရန် ဆုံးဖြတ်ထားပါက ပရီးမီးယားလိဂ် ပြိုင်ဘက်များကို ရွေးခွင့်ပေးမည် မဟုတ်ဘဲ ပြည်ပကလပ်များထံသို့သာ ၎င်းတို့အနေနှင့် ရောင်းထုတ်ပေးမည်ဟု အသိပေးရန် စီစဉ်ထားပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Jul-2017
ဘာစီလိုနာအသင်းသည် ၎င်းတို့၏ ကစားသမားဟောင်း တစ်ဦးဖြစ်သော တိုက်စစ်မှူး ဒယ်လ်လိုဖူကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၀ ဒသမ ၅ သန်း အသုံးပြု၍ ပြန်လည် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
01-Jul-2017
အာဂျင်တီးနား သတင်းမီဒီယာများသည် အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့ရှိ ကြယ်ငါးပွင့်အဆင့် သတ်မှတ်ခံထားရသော Rosario City Center Complex ဟိုတယ်တွင် ကျင်းပခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ၎င်း၏အတူနေချစ်သူ အန်တိုနယ်လ်လာ ရော့ကတ်ဇ်ဇိုတို့၏ မင်္ဂလာပွဲကို ရာစုနှစ်၏ အကြီးကျယ်ဆုံး မင်္ဂလာပွဲအဖြစ် တင်စားလိုက်ကြောင်း BBC က ဖော်ပြထားသည်။
01-Jul-2017
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအလိုရှိသည့် အဓိက ပစ်မှတ်ကစားသမား လေးဦးအနက် အသင်းထံသို့ တစ်ဦးသာ ရောက်ရှိလာသေးသည့်အတွက် ဒေါသပေါက်ကွဲနေပြီး အသင်းတာဝန်ရှိသူများကို အပြောင်းအရွှေ့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နှောင့်နေးလွန်းသည့် အတွက် မော်ရင်ညိုက မကျေနပ်မှုများ ရှိနေကြောင်း Sky Sports က ဖော်ပြထားသည်။
01-Jul-2017
အာဆင်နယ်အသင်း တာဝန်ရှိသူများသည် လိုင်ယွန်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူရန်အတွက် အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏသစ် ဖြစ်လာမည့် ပေါင်သန်း ၅၀ သုံးစွဲရန် စီစဉ်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
30-Jun-2017
အီကွေဒေါကလပ် ကွီတိုအသင်းကစားသမား ရှစ်ဦးသည် ဘရာဇီးနိုင်ငံသို့ ကိုပါဆပ်ဒ် အမေရိကာနာဖလားပြိုင်ပွဲ ကစားရန် လာရောက်ခဲ့စဉ်တွင် ၎င်းတို့တည်းခိုရာ ဟိုတယ်၌ ဓားပြတိုက်ခံခဲ့ရကြောင်း The Mirror က ဖော်ပြထားသည်။
30-Jun-2017
ပရီးမီးယားလိဂ်တန်းတက်ကလပ် ဟတ်ဒါးစဖီးလ်အသင်းသည် အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးကို အသုံးပြု၍ မန်စီးတီး ကွင်းလယ်လူ အေရွန်မွိုင်းကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
30-Jun-2017
ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်သည် ၎င်းအနေနှင့် အနာဂတ်အတွက် တိကျသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ထားပြီးပြီ ဖြစ်ကြောင်း အသိပေးလိုက်ပြီဖြစ်ပြီး ယင်းဆုံးဖြတ်ချက်ကို ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲအပြီးတွင် ဆန်းချက်ဇ်က ထုတ်ဖော်ပြောကြားလိမ့်မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
30-Jun-2017
အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ရှိဖို့ သေချာသလောက် ရှိနေပါပြီ။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်အသင်းပိုင် အမ်းမရိတ်စ် ဘောလုံးကွင်းမှာ သူ့အတွက် သတ်မှတ်ပေးထားတဲ့ ပွဲကြည့်ခွင့် နေရာတွေကို အသစ်ပြင်ဆင် မွမ်းမံမှုတွေ အိုဇေးလ်က ဆောင်ရွက်နေလို့ပါပဲ။
30-Jun-2017
ချီလီလက်ရွေးစင်အသင်း ဂိုးသမား ဘရာဗိုသည် ၎င်းင်းအနေနှင့် ကြံ့ခိုင်မှု မပြည့်ဝသည့် အခြေအနေကို အံတုရင်ဆိုင်ကာ ပြိုင်ပွဲ ပါဝင်ကစားနေခြင်း ဖြစ်သည်ဟု ချီလီက ပေါ်တူဂီကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အပြီးတွင် သတင်းမီဒီယာများကို ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။