News

17-Feb-2017
မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းသည် ၎င်းအနေနှင့် အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်ကို ကီယန်ဂစ်ဘ်ထံတွင် မြင်လိုက်ရကတည်းကပင် အာဆင်နယ် အခြေမလှ ဖြစ်တော့မည်ကို ရိပ်စားမိလိုက်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။
17-Feb-2017
ယူအေအီး ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယူအေအီးကလပ် အယ်လ်အာဘီထံသို့ အငှားလာရောက် ကစားနေသည့် ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း အဆာမိုဂျန်ကို အစ္စလာမ် တရားတော်က သင်ကြားထားသည်နှင့် မကိုက်ညီသော ဆံပင်ပုံစံကို ညှပ်သည်ဟူသော စွဲချက်ဖြင့် အရေးယူတော့မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
17-Feb-2017
ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပြိုင်ပွဲဝင် ဒရမ်းစတတ်ဒ်အသင်းသည် ၎င်းတို့၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာကို Follow လုပ်ထားသည့် အမေရိကန် သမ္မတဟောင်း အိုဘားမားကို ၎င်းတို့၏ အိမ်ကွင်းသို့ လာရောက်၍ ဘောလုံးပွဲစဉ်တစ်ပွဲ တက်ရောက်ကြည့်ရှုရန် ဖိတ်ကြားလိုက်ကြောင်း The Bild က ဖော်ပြထားသည်။
17-Feb-2017
နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏ ၂၁ နှစ်ကြာ အာဆင်နယ်နည်းပြဘဝ ဖြတ်သန်းမှုကို လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် အပြီးသတ်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေပြီ ဖြစ်ကာ အာစင်ဝင်းဂါး၏ အနာဂတ်နှင့် စပ်လျဉ်း၍ အာဆင်နယ် ဒါရိုက်တာဘုတ်အဖွဲ့ အတွင်း သဘောထား ကွဲလွဲမှုများလည်း ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
16-Feb-2017
အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်းအနေနှင့် အက်သလက်တီကိုကို စွန့်ခွာ၍ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ကောင်းမွန်သည့် အကြောင်းပြချက် ရှာမတွေ့သေးကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး အင်္ဂလန်၏ ဆိုးရွားသည့် ရာသီဥတုကို ၎င်းအနေနှင့် သဘောမကျဟုလည်း ဂရစ်ဇ်မန်းက အသိပေးထားကြောင်း Marca က ဖော်ပြထားသည်။
15-Feb-2017
မန်ယူနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် မန်ယူထံတွင် ကစားသမားဘ၀ ဖြတ်သန်းခဲ့စဉ်ကာလများ၌ ၎င်းတို့အနက် ဖာဂူဆန်၏ အချစ်ဆုံးတပည့် မည်သူဖြစ်ခဲ့သည်ကို ဖွင့်ဟ ပြောကြား
14-Feb-2017
ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းက အထူးပညာသင်ဆု ပေးအပ်ချီးမြှင့်ထားသည့် အသက်ခုနစ်နှစ်အရွယ် ဘောလုံးပါရမီရှင် မွန်ကလေးငယ် နောင်ဖီးသည် ထိုင်းနိုင်ငံ မဟာချိုင်တွင် ကျင်းပခဲ့သည့် အကြိမ် ၇၀ မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်၍ ဘောလုံးစွမ်းရည် ပြသသွားခဲ့ကြောင်း သတင်းကြား သိရသည်။
13-Feb-2017
နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်ကို ၎င်းကျောခိုင်းစွန့်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကို ငြင်းဆန်ပယ်ချလိုက်ပြီ ဖြစ်ကာ ၎င်းအနေနှင့် လက်ရှိတွင် အသင်းကို စွန့်ခွာရန် အသင့်မဖြစ်သေးဟု အာစင်ဝင်းဂါးက ပြောကြားသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
12-Feb-2017
အာဆင်နယ် တိုက်စစ်မှူးဟောင်းတစ်ဦး ဖြစ်သည့် အီယန်ရွိုက်သည် ၎င်း၏ဆရာဖြစ်သည့် အာစင်ဝင်းဂါးက အာဆင်နယ်ထံတွင် နည်းပြဘဝ ဖြတ်သန်းမှု အဆုံးသတ်ရန် နီးကပ်နေပြီ ဖြစ်ကြောင်းကို ၎င်းအား ဖွင့်ဟအသိပေးထားပြီ ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း Mail Online က ဖော်ပြထားသည်။
12-Feb-2017
ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အသင်းနည်းပြ ကွန်တီကို လက်ရှိဘောလုံးရာသီတွင် ချယ်လ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့မည် ဆိုပါက လုပ်ခလစာ တိုးမြှင့်ပေးချေ၍ စာချုပ်သစ်ချုပ်ရန် စီစဉ်ထားပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
10-Feb-2017
တရုတ်ဆူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်အတွက် နောက်ဆုံးအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရာတွင် အရှုံးရလဒ်ဖြင့် ကြုံဆုံရင်ဆိုင်လိုက်ရသည့် အတွက် အသင်းအားပေးသူ ပရိသတ်များကို ဝန်ချတောင်းပန်သွားခဲ့ကြောင်း AFC က ဖော်ပြထားသည်။
10-Feb-2017
လီဗာပူးအသင်းသည် အသင်းကွင်းလယ်ကစားသမား လယ်လာနာကို စာချုပ်သစ် ချုပ်ဆိုရန်အတွက် တရားဝင် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကာ စာချုပ်သစ် အထမြောက် အကောင်အထည် ပေါ်လာခဲ့ပါက လယ်လာနာ၏ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်မှာ ပေါင်တစ်သိန်းခွဲအထိ မြင့်တက်သွားတော့မည် ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
10-Feb-2017
ဗြိတိန်ရဲတပ်ဖွဲ့သည် ပရီးမီးယားလိဂ်ပွဲစဉ်များ တရားမဝင် ထုတ်လွှင့်သည့် ရုပ်သံလွှင့်စက်များ ရောင်းချခဲ့သည့် လူငါးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ပြီး ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်နိုင်ရန် အတွက်လည်း ၎င်းတို့အနေနှင့် အပူတပြင်း ဆောင်ရွက်နေကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်ဟု Daily Mail က ဖော်ပြထားသည်။
10-Feb-2017
အာဆင်နယ်အသင်းသည် လာမည့်နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းကို အားဖြည့်ရန်အတွက် မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကို ခေါ်ယူရန် စောင့်ကြည့်စီစဉ်နေပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
10-Feb-2017
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် သွားများကို ရွှေကြိုးတပ်၍ အလှဆင်လိုက်ပြန်သည့် အတွက် ဝေဖန်ပြစ်တင်မှုများဖြင့် ရင်ဆိုင်နေရပြီ ဖြစ်ကာ ၎င်းအနေနှင့် ယင်းသို့ သွားအလှဆင်မှုကို လွန်ခဲ့သည့် သီတင်းပတ် ကတည်းကပင် လုပ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပေါ့ဂ်ဘာက ရှင်းလင်းပြောကြားလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။