News

26-May-2017
ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး မိုရာတာသည် စီးရီးအေကလပ် အေစီမီလန်ထံသို့ ပြောင်းရွှေ့ရန်အတွက် ပုဂ္ဂိုလ်ရေး အချက်အလက်များကို မူအရ သဘောတူညီလိုက်ပြီ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်နှင့် အေစီမီလန်အကြားတွင် ပြောင်းရွှေ့ကြေးပမာဏ သဘောတူညီမှု ရရှိပါက မိုရာတာမှာ အေစီမီလန်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည် ဖြစ်ကြောင်း Gazzetta Dello Sport က ဖော်ပြထားသည်။
26-May-2017
မန်ယူအသင်းသည် အေဂျက်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ၍ ယူရိုပါလိဂ် ဆုဖလားကြီးကို ဆွတ်ခူးရရှိအပြီးတွင် လီဗာပူးအသင်း တင်ရှိထားသည့် အအောင်မြင်ဆုံး အင်္ဂလိပ် ဘောလုံးကလပ်အသင်း ဟူသည့် စံချိန်ကို လွှဲပြောင်းရယူလိုက်ပြီ ဖြစ်ပြီး လီဗာပူးအသင်း ဆွတ်ခူးရရှိခဲ့သည့် စုစုပေါင်း ဆုဖလားအရေအတွက် ၄၁ လုံးစံချိန်ကို မန်ယူက ၄၂ လုံးဖြင့် ကျော်ဖြတ်လိုက်ကြောင်း Mail Online က ဖော်ပြထားသည်။
26-May-2017
မန်ယူအသင်း အားပေးသူတစ်ဦးသည် မန်ယူက အေဂျက်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အီဘရာဟီမိုဗစ်ကို အသင်းထံတွင် ကစားသမားဘဝ ဆက်လက်ဖြတ်သန်းရန် စာတန်းကိုင်ဆောင် တောင်းဆိုသွားခဲ့ပြီး အကယ်၍ အီဘရာဟီမိုဗစ်ဘက်က ယခုတောင်းဆိုမှုကို လိုက်လျောခဲ့မည် ဆိုပါက ၎င်း၏ ဇနီးသည်ဖြစ်သူနှင့် ကိုယ်လက်နှီးနှောခွင့် ပေးအပ်မည်ဟုလည်း ယင်းပရိသတ်က ၎င်းကိုင်ဆောင်ထားသည့် စာတန်း၌ပင် တစ်ပါတည်း ထည့်သွင်းဖော်ပြထားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
26-May-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူအသင်း ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခွင့်ရသည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရခြင်းကို အချို့သော ပြိုင်ဘက်ပရိသတ်များက အွန်လိုင်းလူမှုကွန်ရက် စာမျက်များမှ တစ်ဆင့် နောက်ဖေးပေါက်မှနေ၍ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခြင်းအဖြစ် လှောင်ပြောင်သရော်နေသည့်အတွက် ပြန်လည်တုံ့ပြန်လိုက်ပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
25-May-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက အေဂျက်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးတွင် BT Sports သတင်းဌာနနှင့် တွေ့ဆုံခဲ့ရာ၌ ဘောလုံးလောကတွင် ကဗျာဆရာ အများအပြား ရှိသော်လည်း ယင်းကဗျာဆရာများမှာ ဆုဖလားများစွာ ရယူပေးနိုင်စွမ်း ရှိကြသူများ မဟုတ်ကြဟု ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Goal က ဖော်ပြထားသည်။
25-May-2017
ချီလီဘောလုံးအဖွဲ့ချုပ်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ကွန်ဖက်ဒရေးရှင်း ဘောလုံးပြိုင်ပွဲ (တိုက်ကြီးများဖလားပြိုင်ပွဲ) အတွက် လူစာရင်းထုတ်ပြန်ရာတွင် တိုက်စစ်မှူး ဆန်းချက်ဇ်ကို ဘိုင်ယန်မြူးနစ် ကစားသမားအဖြစ် ဖော်ပြလိုက်ကြောင်း AS က ဖော်ပြထားသည်။
24-May-2017
ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)သည် ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့ရှိ Friends Arena ဘောလုံးကွင်းတွင် ကျင်းပမည့် အေဂျက်နှင့် မန်ယူတို့၏ ယူရိုပါလိဂ်ဗိုလ်လုပွဲကို အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး တင်းကျပ်စွာ စီမံကာ ကျင်းပသွားမည်
24-May-2017
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လာမည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်ယူထံသို့ ပြောင်းရွှေ့ဖြစ်ဖွယ်ရှိကြောင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ကာ မန်ယူသို့ပြောင်းရွှေ့မည်မှာ ၁၀ ပုံလျှင် ၆ ပုံ သေချာနေပြီဟု ဂရစ်ဇ်မန်းက အသိပေးခဲ့ကြောင်း
24-May-2017
ခရစ္စတယ်ပဲလေ့စ် အသင်းနည်းပြ ဆမ်အလာဒွိုက်စ်သည် အသင်းကို တန်းဆင်းဇုန် အန္တရာယ်မှနေ၍ ကယ်တင်ပေးနိုင်ခဲ့အပြီးတွင် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်သွားခဲ့ပြီဖြစ်ကာ ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းမှာ ၎င်း၏နည်းပြဘ၀ ဖြတ်သန်းမှုအတွင်း နောက်ဆုံး အလုပ်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်သည်ဟု ဆမ်အလာဒွိုက်စ်က ဖွင့်ဟပြောကြားသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
23-May-2017
ဆန်းဒါးလန်းနည်းပြ ဒေးဗစ်မိုယက်စ်သည် လွန်ခဲ့သည့် တနင်္လာနေ့၌ လန်ဒန်မြို့တွင် အသင်းပိုင်ရှင် အီလစ်ရှော့တ်နှင့် တွေ့ဆုံဆွေးနွေးအပြီး၌ ရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်ဟု BBC က ဖော်ပြထားသည်။
22-May-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ ၁၀ စက္ကန့်သာ တက်ရောက်၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
22-May-2017
စပိန်လာလီဂါ အမှတ်ပေးချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘရာဇီးကလပ် ဖလာမင်ဂိုအသင်း လူငယ်တိုက်စစ်မှူး ဗီနီဆီးယပ်စ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၈ သန်း ပေးချေခေါ်ယူလိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
22-May-2017
လိုင်ယွန်တိုက်စစ်မှူး လာကာဇက်သည် စပိန်လာလီဂါကလပ် အက်သလက်တီကိုထံသို့ ပြောင်းရွှေ့ရန် မူအရ သဘောတူညီလိုက်ပြီဖြစ်ပြီး လာကာဇက် အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်းကို လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းန်မီချယ်လ် အောလတ်စ်ကလည်း အတည်ပြုလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-May-2017
ချယ်လ်ဆီး ကွင်းလယ်ကစားသမား ကန်တီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီက ရွေးချယ် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
21-May-2017
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းကို ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် စာချုပ်ပါ သဘောတူညီချက်များအတိုင်း အပိုဆုကြေး အကျိုးခံစားခွင့် ရရှိလိမ့်မည်ဖြစ်ပြီး ယင်းအပိုဆုကြေးငွေများဖြင့် အီတလီနိုင်ငံတွင် နေအိမ်တစ်လုံး ဝယ်ယူရန် စီစဉ်ထားသည်ဟု ကွန်တီက အသိပေးသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။