News

05-Dec-2017
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပါးအသင်း ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ အသုံးပြု၍ အရခေါ်ယူရန် ရည်မှန်းနေပြီး အကယ်၍ ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ဒန်နီရို့စ်အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေခဲ့ပါက နွေရာသီကာလကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆက်လက် ဆွေးနွေးရန် မော်ရင်ညိုက အစီအစဉ် ရေးဆွဲထားကြောင်း Daily Mail က ဖော်ပြထားသည်။
05-Dec-2017
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် လာမည့်တနင်္ဂနွေနေ့တွင် မန်ယူအသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်း၌ မန်ယူနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်ကို ပွဲကြီးကြပ်ရန်အတွက် ကွင်းလယ်ဒိုင်လူကြီးအဖြစ် မိုက်ကယ်အိုလီဗာကို ရွေးချယ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
05-Dec-2017
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လာမည့် ကြာသပတေးနေ့တွင် ယမန်နှစ်ဘောလုံးရာသီစွမ်းဆောင်ရည်အတွက် ပေးအပ်ချီးမြှင့်မည့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို အနီးကပ်ပြိုင်ဘက်ဖြစ်သူ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအား ကျော်ဖြတ်၍ ဆွတ်ခူးရရှိသွားခဲ့ပြီဟု တင်ကြိုသတင်းပေါက်ကြားမှုများ ရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိတွင် စီရော်နယ်ဒို ဆုလက်ခံရယူမည့်နေရာနှင့် စီရော်နယ်ဒိုကို ဆုပေးအပ်ချီးမြှင့်မည့်သူ မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို စပိန်သတင်းမီဒီယာများက အတိအကျ ထုတ်ဖော်ရေးသားလာခဲ့ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
04-Dec-2017
မန်ယူနည်းပြ မော်ရင်ညိုသည် လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ မန်ယူအသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းကို အင်အားဖြည့်ရန်အတွက် ကစားသမားသစ်များခေါ်ယူရန် ၎င်းကို အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၈၀ ပေးစေလိုသည်ဟု တောင်းဆိုထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
04-Dec-2017
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လက်ရှိအချိန်တွင် ၎င်း၏အသင်းမှာ ပရီးမီးယားလိဂ်၏နာမည်ကျော် Fergie Time ရသကို အပြည့်အ၀ ပေးစွမ်းနေနိုင်ပြီဖြစ်ပြီး ယင်းသို့သော ခံစားမှုရသတစ်ရပ်ဖြင့် အသင်းအားပေးသူပရိသတ်များကို ဖျော်ဖြေမှုပေးနိုင်ခဲ့သည်အား ၎င်းအနေနှင့် လွန်စွာ ကျေနပ်အားရ ဖြစ်မိပါကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
04-Dec-2017
မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အင်္ဂလန်အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် နိုင်ပွဲဆက်မှု အရှည်ကြာဆုံးစံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ဖြစ်ပြီး လက်ရှိတွင် မန်စီးတီးမှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
04-Dec-2017
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ၀က်စ်ဟမ်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းအနေနှင့် ခံစစ်ကို အားပြု၍ ဘတ်စ်ကားထိုးကာ ကစားသည့်အသင်းများကို တိုက်စစ်မှူးလေးဦးအသုံးပြုသည့် နည်းဗျူဟာဖြင့် ပညာပေးသွားမည်ဟု ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
04-Dec-2017
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏အစ်ကိုဖြစ်သူ မားသီးယပ်စ်သည် တရားမ၀င် လက်နက်ကိုင်ဆောင်သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့်အတွက် ထောင်ဒဏ် ရှစ်နှစ်ခွဲ ကျခံရမည့်အရေးကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Dec-2017
အာဆင်နယ်ကွင်းလယ်ကစားကွက်ဖန်တီးရှင် အိုဇေးလ်သည် မန်ယူက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူနည်းပြအဖွဲ့ဝင်များထံသို့ သွားရောက်၍ တရင်းတနှီး နှုတ်ဆက်ခဲ့သည့်အတွက် မန်ယူထံသို့ အိုဇေးလ်ပြောင်းရွှေ့ရောက်ရှိသွားနိုင်သည်ဟူသော သတင်းများမှာ ပိုမို လှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
03-Dec-2017
မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ ၀န်းကျင်သာ အသုံးပြုရန် ရည်မှန်းထားကြောင်း Sportmail က ဖော်ပြထားသည်။
03-Dec-2017
အီဂျစ်လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်နေသည့် အင်တာမီလန်နည်းပြဟောင်း ဟက်တာကူးပါးသည် ၎င်း၏လက်ရွေးစင်အသင်းတိုက်စစ်မှူး ဆာလားဟ်ကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိခြေစွမ်းကိုသာ ဆာလားဟ် ဆက်လက် ထိန်းသိမ်းသွားနိုင်မည်ဆိုပါက လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ဆာလားဟ်ကိုခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်က ကျိန်းသေ ဆက်သွယ်လာလိမ့်မည်ဟု ဟက်တာကူးပါးက မှတ်ချက်ပေးထားကြောင်း The Mirror က ဖော်ပြထားသည်။
03-Dec-2017
ဘာစီလိုနာနောက်ခံကစားသမား အမ်တီတီသည် ဘာစီလိုနာနှင့် ဆဲလ်တာဗီဂိုတို့ တစ်ဖက်နှင့်တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့သည့် လာလီဂါပွဲစဉ်တွင် တံကောက်ကြော ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် နှစ်လကြာ အနားယူဆေးကုသမှုခံရတော့မည်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
03-Dec-2017
မန်ယူဂိုးသမား ဒီဂီယာသည် မန်ယူက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်း ဂိုးရနိုင်လောက်သည့် အပိုင်အခွင့်အရေးပေါင်းများစွာကို အစွမ်းပြကာကွယ်သွားခဲ့ပြီး ယင်းပွဲစဉ်အပြီးတွင် ဒီဂီယာမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲအတွင်း ဂိုးပေါက်ကာကွယ်မှု အကြိမ်အရေအတွက် အများဆုံး လုပ်ဆောင်နိုင်သည့်စံချိန်ကို လိုက်မီသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Dec-2017
မန်စီးတီးကွင်းလယ်ကစားသမား စတာလင်းသည် မန်စီးတီးက ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက စာချုပ်သစ် တရားဝင်ချုပ်ဆိုပြီးသည်နှင့်တစ်ပြိုင်နင် ပရီးမီးယားလိဂ်၏လုပ်ခလစာအများဆုံးရ ကစားသမားအဖြစ် တက်ရောက်ရပ်တည်သွားနိုင်တော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။