News

10-Jun-2017
ချယ်လ်ဆီးနည်းပြ ကွန်တီက တိုက်စစ်မှူး ဒီယေဂိုကော်စတာထံသို့ ပေးပို့လိုက်သည့် ဖုန်းမက်ဆေ့ခ်ျအပြည့်အစုံသည် သတင်းမီဒီယာများထံသို့ ပေါက်ကြားသွားခဲ့ပြီဖြစ်ကာ ယင်းမက်ဆေ့ခ်ျတွင် စာလုံးအရေအတွက် ၂၇ လုံး(အင်္ဂလိပ်စာလုံး အရေအတွက်ကို ဆိုလိုခြင်းဖြစ်သည်) ပါဝင်ကြောင်း The Mirror က ဖော်ပြထားသည်။
10-Jun-2017
ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် အာဂျင်တီးနားက ဘရာဇီးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ခြေစမ်းပွဲတွင် ထိခိုက်ဒဏ်ရာ ရသွားခဲ့သည့် တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်၏ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိကြောင်း အတည်ပြုလိုက်ပြီဖြစ်ကာ သြစတြေးလျနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲတွင် ဂျီးဆပ်စ်မှာ အသင်းလူစာရင်း၌ ပြန်လည် ပါဝင်လာလိမ့်မည်ဖြစ်ကြောင်းလည်း ဘရာဇီးဘောလုံး အဖွဲ့ချုပ်က အတည်ပြုထားပြီ
10-Jun-2017
ဘင်ဖီကာနောက်ခံကစားသမား လင်ဒီလော့ဖ်နှင့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာတို့သည် မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိရန် လွန်စွာ နီးစပ်နေပြီဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း၌ လင်ဒီလော့ဖ်နှင့် မိုရာတာတို့၏ အပြောင်းအရွှေ့ ကိစ္စရပ်များကို မန်ယူက အဆုံးသတ်နိုင်တော့မည်
09-Jun-2017
“ကျွန်တော်တို့အသင်းရဲ့ အဓိကရည်မှန်းချက်က အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ပါ။ အဲဒီလိုဖြစ်ဖို့ တစ်ပွဲချင်းစီ အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားမှာပါ”
09-Jun-2017
တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပနေသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များတွင် ဗင်နီဇွဲလား ယူ-၂၀ အသင်းနှင့် အင်္ဂလန် ယူ-၂၀ အသင်းတို့က ပြိုင်ပွဲများကို အနိုင်ယူ ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။
09-Jun-2017
ရှီးအိုက်အေမန်ရှေ့ဆောင် ဘာသာရေးဆရာတစ်ဦး ဖြစ်သည့် ရှိတ်ခ်မိုဟာမက် တော်ဟီဒီသည် သြစတြေးလျက ဆော်ဒီအာရေဗျကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲတွင် ပွဲမစတင်မီ၌ လန်ဒန်မြို့အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ရပ်တန့်ရာတွင် ပူးပေါင်းပါဝင်ခြင်း မရှိခဲ့သည့် ဆော်ဒီအာရေဗျ ဘောလုံးကစားသမားများ၏ လုပ်ရပ်ကို အကြမ်းဖက်မှု အားပေးသည့် အပြုအမူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
09-Jun-2017
ပြင်သစ်နိုင်ငံတွင် ကျင်းပနေသည့် ပြင်သစ်အိုးပင်းဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ပြိုင်ပွဲ၏ နိုင်ခြေ အဆင့်သုံး သတ်မှတ်ပေးခြင်း ခံထားရသည့် ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလက်ပ်နှင့် နိုင်ခြေအဆင့် သတ်မှတ်ချက်မဲ့ လတ်ဗီးယားတင်းနစ်မယ် အော့စ်တာပင်ကိုတို့က နိုင်ပွဲများရယူပြီး ဗိုလ်လုပွဲသို့ တက်လှမ်းရောက်ရှိသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
08-Jun-2017
စကော့တလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နေးလ်ဒွန်ကက်စတာသည် ပရီးမီးယားလိဂ်တွင် စကော့တလန် ထိပ်သီး ကလပ်အသင်းနှစ်သင်းဖြစ်သည့် ဆဲလ်တစ်နှင့် ရိန်းဂျားတို့ ပါဝင်ကစားနိုင်စေရန်အတွက် ၎င်းတို့ဘက်က တံခါးဖွင့်ပေးလိုက်ပြီဟု အသိပေးလိုက်ပြီဖြစ်ကြောင်း
08-Jun-2017
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသည် အာဆင်နယ်ညာနောက်ခံကစားသမား ဘယ်လာရင်ကို ခေါ်ယူရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ကမ်းလှမ်းဆက်သွယ်လိုက်ပြီဖြစ်ကာ စပိန်အားကစားသတင်းစာ တစ်စောင်ဖြစ်သည့် El Mundo Deportivo ကလည်း ဘယ်လာရင် စစ်ဆေးရေးစပြီ ဟူသောခေါင်းစဉ်ဖြင့် သတင်းဖော်ပြထားပြီဖြစ်သည်။
08-Jun-2017
အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာ့သြဇာတိက္ကမအကြီးမားဆုံး စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Forbes သည် ၂၀၁၇ ခုနှစ်အတွက် အချမ်းသာဆုံးဘောလုံးကလပ်အသင်းနှင့် အချမ်းသာဆုံးအားကစားသမားစာရင်းတို့ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းစာရင်းများကို ပရီးမီးယားလိဂ်ကလပ် မန်ယူနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့က ထိပ်ဆုံးနေရာများမှနေ၍ အသီးသီးဦးဆောင်သွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။
08-Jun-2017
အဲဗာတန်အသင်း တိုက်စစ်မှူး လုကာကုသည် လက်ရှိနွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ၎င်းကိုခေါ်ယူရန် ချယ်လ်ဆီးနှင့် မန်ယူတို့က အပြိုင်အဆိုင် ဆက်သွယ်ကမ်းလှမ်းကြဖွယ် ရှိသော်လည်း အသင်းနှစ်သင်း ယှဉ်ပါက ချယ်လ်ဆီးကိုသာ ဦးစားပေးအဖြစ် ထားရှိ၍ ရွေးချယ်သွားမည်ဟု အေးဂျင့်ရိုင် အိုလာ အပါအဝင် ၎င်း၏ အကျိုးဆောင်များကို လုကာကုက အသိပေးထားပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
07-Jun-2017
အင်တာမီလန်အသင်းသည် ၎င်းတို့၏နည်းပြသစ်အဖြစ် ရိုးမားနည်းပြဟောင်း စပယ်လက်တီကို ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ကာ စပယ်လက်တီနှင့် အင်တာမီလန်အသင်းအကြားတွင် တစ်နှစ်လုပ်ခ လစာပမာဏ ပေါင် ၃ ဒသမ ၅ သန်းဖြင့် သဘောတူညီမှု ရခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
07-Jun-2017
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ၂၀၁၆-၁၇ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံး အသင်းစာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်ရာ ယင်းအသင်းတွင် ရီးရဲလ်မက်ဒရစ်က ကစားသမား ရှစ်ဦးဖြင့် အရေအတွက် အများဆုံး ပါဝင်ခဲ့ကြောင်း UEFA က ဖော်ပြထားသည်။
07-Jun-2017
မြန်မာနိုင်ငံသို့ မှတ်တမ်းဇာတ်လမ်းတို ရိုက်ကူးရန် ရောက်ရှိနေသည့် ဟောလိဝုဒ်သရုပ်ဆောင် ဖရန့်ဂရေလိုသည် မနက်ဖြန် (ဇွန်လ ၈ ရက်နေ့)တွင် ကျရောက်မည့် ၎င်း၏ အသက် ၅၁ နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းထောင့် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ဝင်းအတွင်းရှိ Phoenix လက်ဝှေ့ကလပ်တွင် ကျင်းပသွားမည်ဖြစ်သည်။
07-Jun-2017
ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများသည် ၎င်းတို့၏တိုက်စစ်မှူး မိုရာတာကိုခေါ်ယူရန် မန်ယူက ပြောင်းရွှေ့ကြေး ပမာဏ ယူရိုသန်း ၆၀ ဖြင့် ကမ်းလှမ်း ဆက်သွယ်လာခဲ့သည်ကို ငြင်းဆန်ပယ်ချလိုက်ပြီး ၎င်းတို့အနေနှင့် ပြောင်းရွှေ့ကြေး ပမာဏ ယူရိုသန်း ၉၀ ၀န်းကျင်ရမှသာလျှင် မိုရာတာကို လက်လွှတ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်က မန်ယူထံသို့ အကြောင်းပြန်ထားသည်