News

11-Dec-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်စီးတီးက မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ချန်ပီယံဆုအားပြိုင်မှုမှာ ပြီးဆုံးသွားပြီဟု ဖွင့်ဟ၀န်ခံလိုက်ပြီး လက်ရှိတွင် ယင်းသို့ ၀န်ခံစကားပြောကြားလိုက်သူ နည်းပြအရေအတွက်မှာ မော်ရင်ညိုအပါအ၀င် သုံးဦးရှိသွားခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
11-Dec-2017
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၎င်းအနေနှင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို ဆွတ်ခူးရယူနိုင်ရန်အထိ ရည်မှန်းထားကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး မက်ဆီ၊ စီရော်နယ်ဒိုနှင့် နေမာတို့ကို အမီလိုက်ရန်အတွက် လက်ရှိဘောလုံးရာသီကစ၍ အစွမ်းကုန် ကြိုးပမ်းသွားတော့မည်ဟု ဟယ်ရီကိန်းက ထပ်လောင်းပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
11-Dec-2017
မန်ယူနှင့် မန်စီးတီးအသင်းကစားသမားများသည် မန်စီးတီးက မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အ၀တ်လဲခန်းများရှိရာ ဥမင်လမ်းအတွင်း၌ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ယင်းရန်ပွဲဖြစ်စဉ်တွင် မန်ယူဘက်၌ နည်းပြမော်ရင်ညိုကိုယ်တိုင် ပါဝင်ခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
10-Dec-2017
ချယ်လ်ဆီးနည်းပြ ကွန်တီသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်မှူး ဘတ်ရွှာယီကို အငှားချကာ ယင်းအစား တိုက်စစ်မှူးသစ်တစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
10-Dec-2017
ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၀က်စ်ဟမ်းက ချယ်လ်ဆီးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းတို့အနေနှင့် လက်ရှိဘောလုံးရာသီ၌ ချန်ပီယံဘွဲ့ကို ကာကွယ်ရန် မဖြစ်နိုင်တော့ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
10-Dec-2017
မန်ယူအသင်းသည် ဒဏ်ရာပြဿနာကြောင့် အနားပေးထားရသည့် နောက်ခံလူ ဘေလ်လီကို နှစ်သစ်ကူးကာလတိုင်သည်အထိ လက်လွှတ်ထားရလိမ့်ဦးမည်ဖြစ်ပြီး ဘေလ်လီရရှိထားသော ညို့သကျည်းဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ပိုမိုပြင်းထန်နေကြောင်း Daily Mail က ဖော်ပြထားသည်။
10-Dec-2017
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းတာဝန်ယူသည့်အသင်းများကို ခံစစ်အလွန်အကျွံ အားပြုသည့် ဘတ်စ်ကားကစားကွက်ဖြင့် မည်သည့်အခါမျှ အထိုင်ချမည်မဟုတ်ဟု အတိအလင်း အသိပေးလိုက်ပြီး ဘတ်စ်ကားကစားကွက်ဖြင့် ကစားမည့်အစား ဘောလုံးလောကကို ကျောခိုင်းလိုက်ခြင်းက သာလွန်ကောင်းမွန်လိမ့်မည်ဟု ၎င်းအနေနှင့် ခံယူထားကြောင်း ဂွါဒီယိုလာက ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
10-Dec-2017
မန်ယူနည်းပြ မော်ရင်ညိုသည် အင်တာမီလန်တိုက်စစ်တောင်ပံကစားသမား ပီရီဆစ်ကို ခေါ်ယူရန်အတွက် စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်ပြီး အင်တာမီလန်မှာ ပီရီဆစ်ကို စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း စာချုပ်ဖျက်သိမ်းခတန်ကြေးကိုမူ တိုးမြှင့်နိုင်ခြင်း မရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
10-Dec-2017
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် မန်ယူနည်းပြဖြစ်မလာခဲ့သည်မှာ ဖာဂူဆန်ပြောသည့်စကားကို နားမလည်လိုက်၍ဖြစ်သည်ဟု အသိပေးသွားခဲ့ပြီး ယင်းအချိန်က ၎င်းမှာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု လွန်စွာအားနည်းခဲ့ကြောင်းလည်း ဂွါဒီယိုလာက ၀န်ခံသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
09-Dec-2017
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် M-150 ဖိတ်ခေါ်ဖလား အုပ်စု(ခ)အဖွင့်ပွဲစဉ်တွင် ဗီယက်နမ် ယူ-၂၃ အသင်းက မြန်မာ ယူ-၂၃ အသင်းကို ခြေစွမ်းအသာစီးဖြင့် ကစားကာ လေးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့ကြောင်း Goal က ဖော်ပြထားသည်။
09-Dec-2017
မန်ယူအသင်းတိုက်စစ်တောင်ပံကစားသမား လင်းဂတ်ဒ်သည် မန်ချက်စတာမြို့၏အမှတ်သညာမှာ အနီရောင်သာဖြစ်သည်(Manchester is Red)ကို မန်ချက်စတာဒါဘီပွဲစဉ်တွင် အနိုင်ရလဒ်ကို အရယူခြင်းဖြင့် သက်သေပြရလိမ့်မည်ဟု အသင်းဖော်များကို တိုက်တွန်းပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
09-Dec-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအနေနှင့် ကွင်းလယ်ကစားသမားများဖြစ်ကြသော အိုဇေးလ်နှင့် ဝီလ်ရှိုင်းယားတို့ကို စာချုပ်သစ်ချုပ်နိုင်ရန် မလွယ်ကူတော့ဟု ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ ယင်းကစားသမားနှစ်ဦးလုံးကို လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်က လက်လွှတ်လိုက်ရရန် သေချာနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
09-Dec-2017
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်သည် မန်ယူနှင့် မန်စီးတီးတို့ အားပြိုင်မည့် မန်ချက်စတာဒါဘီပွဲစဉ်မှာ တောင်အမေရိကဒါဘီအဖြစ် နာမည်ကြီးသော ဘရာဇီးနှင့် အာဂျင်တီးနားတို့ ထိပ်တိုက်တွေ့သည့်ပွဲစဉ်နှင့် အလားသဏ္ဌာန်တူညီသည်ဟု မှတ်ချက်ပေးအပ်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
09-Dec-2017
စပါးနည်းပြ ပိုချက်တီနိုသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်မှာ ရီးရဲလ်မက်ဒရစ်ကို ကျောခိုင်းစွန့်ခွာဖြစ်ခဲ့ပါက စပါးထံသို့ ပြန်လည်ပြောင်းရွှေ့ရောက်ရှိလာနိုင်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
09-Dec-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်စီးတီးအသင်းမှာ ဒိုင်ဗင်သမားများ စုဝေးနေသောအသင်းဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာလည်း ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)၏အထူးအခွင့်အရေး ပေးအပ်ခြင်းခံထားရသူဖြစ်ကြောင်း မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီတွင် စိတ်ဓာတ်စစ်ဆင်ရေးစကားတစ်ရပ် ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။