News

25-Nov-2017
မန်ယူကွင်းလယ်ကစားသမား ကာရစ်သည် ၎င်းအနေနှင့် အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိခဲ့ဘဲ နှစ်လကြာ အနားယူခဲ့ရသည်မှာ နှလုံးခုန်နှုန်း မမှန်ကန်သည့်ဝေဒနာကို ခံစားခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Nov-2017
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းအနေနှင့် ခန္ဓာကိုယ်တွင် ဆေးမင်ကြောင် မရေးထိုးသည်မှာ ပုံမှန်သွေးလှူရှင်တစ်ဦးဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
25-Nov-2017
စပါးနည်းပြ ပိုချက်တီနိုသည် စပါးအသင်းကစားသမားများနှင့် အသင်းအားပေးသူ ပရိသတ်များကို ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့အား စပါးလိုက်မီလာပြီဟု ထင်မြင်ယူဆနေခြင်းမှာ စိတ်ကူးယဉ်ဆန်ခြင်းသာဖြစ်ပြီး လက်တွေ့အမှန်တရားနှင့် ကင်းကွာနေကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
25-Nov-2017
မန်ယူဂန္ထ၀င်တိုက်စစ်မှူး ကန်တိုနာသည် ၎င်းမှာ နည်းပြမော်ရင်ညို၏ပရိသတ်တစ်ဦးဖြစ်သော်လည်း လက်ရှိတွင် မန်စီးတီးကို ဦးဆောင်နေသော နည်းပြဂွါဒီယိုလာကိုသာလျှင် မန်ယူနည်းပြအဖြစ် မြင်တွေ့ခွင့်ရလိုမိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
24-Nov-2017
မန်ယူနောက်ခံကစားသမား လင်ဒီလော့ဖ်သည် ၎င်းအနေနှင့် လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးနည်းပြထံ၌ ပညာသင်ယူခွင့်ရရှိနေသည့်အတွက် လွန်စွာကျေနပ်အားရဖြစ်မိကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
24-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် အသင်းကွင်းလယ်ကစားသမား ဖယ်လိုင်နီကို လက်လွှတ်ဆုံးရှုံးလိုက်ရမည်အား လွန်စွာစိုးရိမ်ပူပန်နေကြောင်း ဖွင့်ဟ၀န်ခံလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။
24-Nov-2017
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို ကွင်းလယ်ကို အားဖြည့်ရန်အတွက် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ထက် လီဗာပူးကွင်းလယ်လူ ကော်တင်ညိုကိုသာ ခေါ်ယူစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
23-Nov-2017
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဖီယင်နုကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဖဲကြိုးဝါလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲသွားခဲ့ပြီး ယင်းဖဲကြိုးဝါသင်္ကေတမှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော ကတ်တလန်နိုင်ငံရေးခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ရည်ညွှန်းသည့်အမှတ်အသားတစ်ရပ်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
23-Nov-2017
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကလပ်အသင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၈ ခုနှစ် ဘောလုံးရာသီတွင် အောင်မြင်မှုရယူနိုင်ရန် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
23-Nov-2017
ကိုပါလီဘာတာဒိုးစ်ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ဘရာဇီးကလပ် ဂရီမီယိုအသင်းကို ပြိုင်ဘက်အသင်း၏လေ့ကျင့်ရေးအစီအစဉ်အား ဒရုန်းအသုံးပြု၍ လျှို့ဝှက်ဗီဒီယိုရိုက်ကူးခဲ့ခြင်းကြောင့် စွဲချက်တင်လိုက်ပြီဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ဂရီမီယိုကို ဒဏ်ကြေးငွေတပ်ရိုက်၍သော်လည်းကောင်း သို့မဟုတ် ယင်းထက်ကြီးလေးသော ပြစ်ဒဏ်ကို ချမှတ်၍သော်လည်းကောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက အရေးယူသွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Nov-2017
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် တိုက်စစ်မှူး မက်ဆီကို အရန်အဖြစ် ထားရှိအသုံးပြုရန် ၎င်းအနေနှင့် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Nov-2017
လာလီဂါပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဆွာရက်ဇ်နှင့် ပီကေးတို့ ကျခံကြရမည့် တစ်ပွဲပယ်ပြစ်ဒဏ်များအတွက် အယူခံတင်သွင်းရာတွင် ဆွာရက်ဇ်၏အယူခံမှာ အောင်မြင်ခဲ့သော်လည်း ပီကေး၏အယူခံမှာမူ ကျရှုံးခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
23-Nov-2017
ဗီလာရီးရဲလ်တိုက်စစ်မှူး ဘာကမ်ဘူသည် လွန်ခဲ့သည့် အောက်တိုဘာလ စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် လာလီဂါတစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး ယင်းဆုကို လာမည့်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ဗီလာရီးရဲလ်နှင့် ဆီဗီလာတို့ပွဲစဉ် မတိုင်မီတွင် ဘာကမ်ဘူကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်ဟု Daily Star က ဖော်ပြထားသည်။
23-Nov-2017
မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် ဘေဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မန်ယူကစားသမားများက ပရော်ဖက်ရှင်နယ်စိတ်ဓာတ်မျိုးဖြင့် ကစားသွားခဲ့ခြင်း မရှိကြောင်း ပြစ်တင်ဝေဖန်သွားခဲ့ပြီး ယင်းအတွက် အဆုံးသတ်တွင် ပွဲစဉ်အပေါ် အာရုံစူးစိုက်မှု နည်းပါးလွန်းခဲ့ခြင်းက မန်ယူကို ဒဏ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဖာဒီနန်က မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။