News

01-Feb-2017 tagged as ဘောလုံး
ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီနှင့် နောက်ခံလူ ဘိုနုချီတို့သည် အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးဆု(Gran Gala de Calcio) ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား၌ ယင်းဆုများကို အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
01-Feb-2017 tagged as
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) သည် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီ ဖြစ်ရာ ပရီးမီးယားလိဂ်အသင်းများ အားလုံးမှာ ၎င်းတို့အသင်းအချင်းချင်း မဲကျခဲ့ခြင်း မရှိဘဲ တန်းနိမ့်လိဂ် အသင်းများနှင့်သာ ဆုံတွေ့သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်က ဆိုစီဒက်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ၎င်းကို လှောင်ပြောင်ခဲ့သော အသင်းပရိသတ်များအား ရိုင်းစိုင်းစွာဖြင့် ဆဲရေးတုံပြန်သွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
31-Jan-2017 tagged as မန်ယူ
မန်ယူကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါသည် မန်ယူက ဝီဂန်ကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် အသင်းအတွက် စတုတ္ထမြောက် အနိုင်ဂိုးကို နောက်ပြန်ကန်ချက်ဖြင့် လှပစွာ ကန်သွင်းယူသွားခဲ့ကာ ဂိုးသွင်းယူအပြီးတွင် သြစတြေးလျ အိုးပင်းဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ၌ အနိုင်ရ ဗိုလ်စွဲသွားခဲ့သည့် ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာကို ဂုဏ်ပြုသောဟန်ဖြင့် ရှဝိန်းစတိုင်ဂါက အောင်ပွဲခံသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
31-Jan-2017 tagged as မန်ယူ
အင်္ဂလန် လက်ရွေးစင်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် ၎င်းအနေနှင့် မန်ယူထံတွင် ကစားသမားဘဝ ဖြတ်သန်းခဲ့စဉ် ကာလအတွင်း လူမှုရေး အမှားများ ကျူးလွန်ခဲ့မိကြောင်း ဖွင့်ဟဝန်ခံလိုက်ပြီး ယင်းအချက်ကပင် ၎င်းနှင့် နည်းပြ ဖာဂူဆန် အကြား၌ ဆက်ဆံရေး အဆင်မပြေမှုများကို ဖြစ်ပေါ်သွားစေခဲ့သည်ဟု ဘက်ခမ်းက ပြောကြားသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
31-Jan-2017 tagged as မာဆေး
ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ပါယက်သည် ၎င်း၏ အသင်းဟောင်း ပြင်သစ်လီဂူးကလပ် မာဆေးထံသို့ ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ ပါယက်ကို ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်သည်မှာ အသင်းစည်းလုံးမှု ပြိုကွဲမည်ကို စိုးရိမ်၍ ဖြစ်ပါကြောင်း ဝက်စ်ဟမ်းအသင်း ပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်သည့် ဆူလီဗန်က ရှင်းပြသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန် မန်ယူနှင့်အပြိုင် စိတ်ဝင်စားလျက်ရှိပြီး အာဆင်နယ်အတွက် ဂရစ်ဇ်မန်း ကိုခေါ်ယူရေးတွင် အဓိက အတားအဆီးတစ်ရပ် ဖြစ်လာဖွယ် ရှိသည်မှာ ပြောင်းရွှေ့ကြေး ဖြစ်နိုင်ကြောင်း The Sun က ဖော်ပြထားသည်။
28-Jan-2017 tagged as
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်အဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်မည့်ပွဲစဉ်ကို အားပေးမည့် ထိုင်းနိုင်ငံရောက် မြန်မာများအတွက် လက်မှတ်စောင်ရေ ၅ဝဝ အခမဲ့ ဝေပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
27-Jan-2017 tagged as တင်းနစ်
သြစတြေးလျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် သြစတြေးလျအိုးပင်း ဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပထမ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားဟောင်း ရော်ဂျာဖက်ဒါရာက တစ်နိုင်ငံတည်းသား ပြိုင်ဘက် စတန်ဝေါ်ရင်ကာကို အဆုံးအဖြတ်ပွဲလတ် ရောက်ရှိသည်အထိ အကြိတ်အနယ် အားပြိုင်ကာ ၇-၅၊ ၆-၃၊ ၁-၆၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ယူသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
27-Jan-2017 tagged as ရီးယဲလ်
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် အသင်းအထိမ်းအမှတ်ပစ္စည်း ရောင်းအားများ မြင့်တက်လာစေရန်အတွက် လိုဂိုထိပ်တွင် ပါရှိသည့် လက်ဝါးကပ်တိုင် အမှတ်အသားကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
27-Jan-2017 tagged as ဂျာမနီ
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒရမ်းစတတ်ဒ်သည် အသင်းကွင်းလယ်ကစားသမား ဘင်ဟာတီရာကို အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနေသည်ဟု ဂျာမနီအစိုးရ အာဏာပိုင်များက သံသယ ဝင်နေသည့် အစ္စလာမ္မစ် အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ပတ်သက်နေသည့်အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူကာ စာချုပ်ဖျက်သိမ်းပစ်လိုက်ကြောင်း BBC က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဟားလ်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် အကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် သတင်းထောက်များက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက စတုတ္ထဒိုင်လူကြီး အန်တိုနီတေလာကို ကိုယ်ထိလက်ရောက် တွန်းထုတ်ခဲ့ခြင်းအတွက် ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို ၎င်းအနေနှင့် ဒိုင်လူကြီးများကို ယင်းကဲ့သို့ တွန်းမထုတ်ဖူးသည့်အတွက် မှတ်ချက်ပေးရန် ခက်ခဲကြောင်း ဖြေကြားသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။
26-Jan-2017 tagged as
ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က မြန်မာနိုင်ငံမှ တိုက်ကွမ်ဒိုဒိုင်လူကြီး ဒေါ်စိုးစိုးမြာကို ဒုတိယအဆင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးအဖြစ် တိုးမြှင့် ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်ထံမှ သိရှိရသည်။
26-Jan-2017 tagged as လီဗာပူးလ်
လီဗာပူးအသင်းသည် ကွင်းလယ်ကစားသမား ကော်တင်ညိုကို အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် လုပ်ခလစာ ပေးချေ၍ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကာ ယင်းစာချုပ်သစ်အရ ကော်တင်ညိုမှာ လာမည့် ၂၀၂၂ ခုနှစ်တိုင်သည်အထိ လီဗာပူးထံတွင် ဆက်ရှိသွားတော့မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
25-Jan-2017 tagged as မော်ရင်ညို
မန်ယူတိုက်စစ် တောင်ပံကစားသမား မာတီရယ်လ်သည် အသင်းနည်းပြ မော်ရင်ညိုနှင့် ပုဂ္ဂိုလ်ရေး အဆင်မပြေမှုများ ပြန်လည် ဖြစ်ပွားနေပြီး စတုတ်စီးတီးနှင့် မန်ယူတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ၎င်းကို အသင်းလူစာရင်း၌ မထည့်သွင်းခဲ့ခြင်းအတွက် မာတီရယ်လ်က မော်ရင်ညိုကို မကျေနပ်မှုများ ရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။