News

22-Oct-2018
ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင်ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲတွင် ဆားဘီးယားအသင်းက အီတလီအသင်းကို အဆုံးအဖြတ်ပွဲလတ်ရောက်သည်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ ပွဲလတ် ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း FIVB က ဖော်ပြထားသည်။
22-Oct-2018
ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် ၎င်းအနေနှင့် အာစင်ဝင်းဂါးသာ အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေမည်ဆိုပါက အာဆင်နယ်နှင့် စာချုပ်သစ်လက်မှတ်ရေးထိုးကာ အသင်းထံတွင် ဆက်ရှိကောင်း ဆက်ရှိနေနိုင်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-Oct-2018
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မန်ယူနည်းပြ မော်ရင်ညိုကို ချယ်လ်ဆီးနှင့်မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပွဲပြီးဆုံးခါနီးတွင် ချယ်လ်ဆီးနည်းပြအဖွဲ့ဝင် အိုင်ယန်နီနှင့်ဖြစ်ပွားခဲ့သောကိစ္စရပ်အတွက် စွဲချက်တင်ကာ စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-Oct-2018
ချယ်လ်ဆီးနည်းပြ ဆာရီသည် ချယ်လ်ဆီးနှင့် မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းတိုက်စစ်တောင်ပံကစားသမား ဟားဇတ် ထိခိုက်ဒဏ်ရာများ ရသွားခဲ့သည့်အတွက် အနားပေးရန် လိုအပ်သည့်အခြေအနေများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေကြောင်း Daily Mail က ဖော်ပြထားသည်။
21-Oct-2018
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် ၎င်းအနေနှင့် တိုက်စစ်မှူး လာကာဇက်ကို ပီအက်စ်ဂျီအသင်းကို တာဝန်ယူစဉ်ကတည်းကပင် ခေါ်ယူလိုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
21-Oct-2018
အမေရိကန်ဂေါက်သီးရိုက်ကစားသမား ဘရုခ် ကိုအက်ပ်ကာသည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သော CJ ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ပြီးသည့်နောက်၌ ကမ္ဘာ့အဆင့်တစ်နေရာသို့ တက်လှမ်းရောက်ရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Oct-2018
ဟွန်ဒါအသင်းကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းနေသည့် စပိန်ဆိုင်ကယ်စီးကစားသမား မက်မားကွက်ဇ်သည် ဂျပန် Moto GP ပြေးလမ်းပြိုင်ပွဲတွင် အနိုင်ရလိုက်ပြီးသည့်နောက်တွင် ကမ္ဘာ့ချန်ပီယံဆုကို ငါးကြိမ်မြောက် ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
21-Oct-2018
မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် ချယ်လ်ဆီးနှင့် မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းနှင့် နည်းပြ မော်ရင်ညိုအကြားတွင် လပေါင်းအတန်ကြာ သဘောထားတင်းမာမှုများရှိခဲ့သည်ဟူသော သတင်းများမှာ ဟုတ်မှန်ခြင်းမရှိဟု ရှင်းပြသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
21-Oct-2018
မန်ယူအသင်းခေါင်းဆောင်ဟောင်း ရူနီသည် အသင်းဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်မှာ အမြဲတစေ တိုက်စစ်အသားပေးသည့် နည်းဗျူဟာကို အသုံးပြုခဲ့သူ မဟုတ်ကြောင်းနှင့် အခါးသီးဆုံးပြိုင်ဘက် အာဆင်နယ်နှင့်တွေ့ဆုံသည့်ပွဲစဉ်တိုင်းတွင် နည်းဗျူဟာတစ်ခုတည်းကိုသာ တစိုက်မတ်မတ် အသုံးပြုခဲ့သူဖြစ်ကြောင်း ရှင်းပြသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
21-Oct-2018
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးနှင့် မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲအပြီး၌ ၎င်းကိုလှောင်ပြောင်ခဲ့သော ချယ်လ်ဆီးပရိသတ်များကို လက်ချောင်းသုံးချောင်း ထောင်ပြ၍ တုံ့ပြန်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Oct-2018
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲကြီးငါးခုတွင် လိဂ်သွင်းဂိုး ၄၀၀ ပြည့်သည့် ပထမဆုံးသောကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
21-Oct-2018
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက ဆီဗီလာကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် လက်မောင်းရိုးကျိုးဒဏ်ရာရသွားခဲ့ခြင်းကြောင့် သီတင်းသုံးပတ်ခန့် အနားယူရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Oct-2018
နိုင်ငံတကာ သတင်းစာမျက်နှာတွေထက်မှာ ဟိုလေးတကျော် ဖြစ်ခဲ့ပေမယ့် အဲ့ဒီသတင်းကို ပြည်တွင်းအခြေစိုက် ဘယ်ဂျာနယ် ဘယ်စာစောင်ကမှ မဖော်ပြနိုင်ခဲ့ကြပါဘူး။ အဲဒီတုန်းက တင်ထုတ်စနစ်နဲ့ အလုပ်လုပ်ကြရတာဖြစ်လို့ ဂျာနယ်တိုင်း စာစောင်တိုင်းဟာ ဈေးကွက်ဆီ မဖြန့်ခင်မှာ စာပေစိစစ်ရေးရဲ့အစစ်အဆေးကို ဖြတ်သန်းကြရပါတယ်။ အဲဒီသတင်းကို ကြိုးစားပမ်းစားရေးခဲ့ရင်လည်း စာပေစိစစ်ရေးက ဖြုတ်ချမှာသေချာလို့ အားလုံးက လက်ရှောင်ခဲ့ကြတာပါ။
19-Oct-2018
ဂလေဇာမိသားစု၏စီးပွားရေးအကြံပေးပညာရှင်များသည် မန်ယူကို ရောင်းထုတ်လိုက်ရန် ဂလေဇာညီအစ်ကိုများကို တိုက်တွန်းထားပြီဖြစ်ပြီး ယခုကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို နောက်တစ်ကြိမ်ထပ်မံရရှိနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း ၎င်းတို့က ဂလေဇာညီအစ်ကိုများကို ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
19-Oct-2018
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် တိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခရစ္စမတ်ကာလ မတိုင်မီတွင် စာချုပ်သစ်လက်မှတ်ရေးထိုးနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းသွားတော့မည်ဖြစ်ပြီး ဟားဇတ်ကမူ ၎င်းအနေနှင့် စာချုပ်သစ်ချုပ်ရေးနှင့် အသင်းပြောင်းရေးအကြားတွင် စိတ်နှစ်ခွဖြစ်နေကြောင်း ဖွင့်ဟအသိပေးထားကြောင်း Sportmail က ဖော်ပြထားသည်။