News

22-Aug-2019
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ အပြီးသတ်ကစားသမားစာရင်းတွင် ပါဝင်ခွင့်ရရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ဇွဲကပင်အသင်းမှ ကွင်းလယ်တောင်ပံကစားသမား ဇွန်မိုးအောင်က ပြောကြားခဲ့သည်။ ဇွန်မိုးအောင်သည် သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲ၊ စက်တက်ဘာ ၅ ရက်တွင် ကစားမည့် မွန်ဂိုလီးယားအသင်းနှင့် ကမ္ဘာ့ဖလားအာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမကစားသမားစာရင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားတစ်ဦးဖြစ်သည်။
22-Aug-2019
လက်စတာ၏ အပယ်ခံတိုက်စစ်မှူး ဆလီမာနီကို ပြင်သစ်ကလပ် မိုနာကိုအသင်းက အငှားဖြင့်ခေါ်ယူခဲ့ဟု Dailymail က ဖော်ပြခဲ့သည်။ ဆလီမာနီမှာ ၂၀၁၆ နွေရာသီတွင် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းမှ လက်စတာသို့ ပေါင် ၂၉ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ထိုစဉ်က ၄င်းကို ပေးချေခဲ့သည့် ပြောင်းရွှေ့ကြေးပမာဏမှာ လက်စတာအသင်း သမိုင်းတွင် စံချိန်တင်ဖြစ်ခဲ့သည်။
22-Aug-2019
ဟမ်းမဲလ်ကို ဒေါ့တ်မန်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခွင့်ပေးခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းသည် နောက်ခံလူတစ်ဦးဖြစ်သည့် ဘိုတန်းကိုလည်း ယခုနွေဈေးကွက်အတွင်း ထွက်ခွာခွင့်ပေးရန်စဉ်းစားနေဟု Dailymail က ဖော်ပြခဲ့သည်။ ရစ်ဘာရီ၊ ရော်ဘင်နှင့်ဟမ်းမဲလ်တို့ကဲ့သို့ သက်ကြီးကစားသမားများကို အသင်းမှ ရှင်းထုတ်ခဲ့သည့်အပြင် နည်းပြကိုဗက်ကိုယ်တိုင်ကပါ လူငယ်များကိုနေရာပေးရန်စီစဉ်နေခြင်းကြောင့် အသက် ၃၀ အရွယ် ဘိုတန်းကို ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။
22-Aug-2019
အာဆင်နယ်အသင်းသည် ပြင်သစ်လူယ်ကွင်းလယ်လူ ဂွမ်ဒူဇီကို တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းဖြင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုရန် မျှော်လင့်နေသည်ဟု Dailymail က ဖော်ပြခဲ့သည်။ အသက် ၂၀ အရွယ် ဂွမ်ဒူဇီမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ပြင်သစ်ကလပ် လိုရီးယန့်မှ အာဆင်နယ်သို့ ပေါင် ၇.၂သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နည်းပြအမ်မရီလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်သည်။
22-Aug-2019
အသက် ၃၄ နှစ် အရွယ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းနှင့် ၄ နှစ် စာချုပ်ချုပ်ဆိုထားသော်လည်း အနာဂါတ်နှင့်ပတ်သတ်ပြီး မတင်မကျပြောဆိုမှုများပြုလုပ်ခဲ့ဟု Dailymail ကဖော်ပြခဲ့သည်။ ပေါ်တူဂီရုပ်သံ TV1 နှင့် တွေ့ဆုံမေးမြန်းမှုအစီအစဉ်တွင် စီရော်နယ်ဒိုက မိမိအနေနှင့် ယခုရာသီကုန်တွင် ကစားသမားဘ၀မှအနားယူနိုင်သလို အသက် ၄၁ နှစ်အရွယ်အထိ ဆက်ကစားဖွယ်ရှိသည်ဟုလည်း ဖြေကြားသွားခဲ့သည်။
22-Aug-2019
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ E-Sport ကစားနည်းတွင် မြန်မာကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့် အဖွဲ့သုံးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ Myanmar Electronic Sport Leagueမှ ထုတ်ပြန်သည်။
22-Aug-2019
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအကြိုဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံထိုင်းအသင်းနှင့်တွေ့ဆုံမည်ဖြစ်သည်။
22-Aug-2019
အာရှဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် VUC အသင်းသည် အုပ်စုပွဲစဉ်များအားလုံး ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း ပြိုင်ပွဲဝင်အသင်းများအဆင့် ရပ်တည်မှုအရအဆင့် (၁၃) တွင် ရပ်တည်နိုင်ခဲ့သည်။
22-Aug-2019
ထိုင်းနိုင်ငံ ပတ္တရားမြို့၌ အပြည်ပြည်ဆိုင်ရာ နဂါးလှေအဖွဲ့ချုပ် (International Dragon Boat Federation-IDBF) က ကြီးမှူးကျင်းပသည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့ရိုးရာ နဂါးလှေချန်ပီယံရှစ် ပြိုင်ပွဲ (14 th World Dragon Boat Racing Champion ship) ၏ ပထမနေ့ပွဲစဉ်များ အပြီးတွင် မြန်မာအသင်းသည် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့သည်။
21-Aug-2019
မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားချန်ပီယံမဖြစ်ပါက ထာဝရအကောင်းဆုံးကစားသမား ဖြစ်လာလိမ့်မည်မဟုတ်ဟု စပိန်နည်းပြဟောင်းကမာချိုကသတိပေးလိုက်ကြောင်း Dailymail က ဖော်ပြခဲ့သည်။ စပိန် ABC ရုပ်သံနှင့်တွေ့ဆုံမှုတွင် ကမာချိုက “မက်ဆီဟာအလွန်တော်သူပါ။ ဒါပေမဲ့ အာဂျင်တီးနားသား တစ်ယောက်ဖြစ်နေပါလျက်နဲ့ ကမ္ဘာ့ဖလားမှ ချန်ပီယံမဖြစ်ဘူးဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံးနဲ့ ထာဝရအကောင်းဆုံးဆိုတာဖြစ်လာမှ မဟုတ်ပါဘူး”ဟု ဆိုခဲ့သည်။
21-Aug-2019
အမေရိကန်လူငယ်ကြယ်ပွင့် ပူလီဆစ်အနေဖြင့် မန်ယူသို့ပြောင်းရွှေ့ရန် အခွင့်အရေးရှိခဲ့သော်လည်း ပယ်ချခဲ့ရခြင်းအကြောင်းအရင်းကို ၄င်း၏နည်းပြဟောင်း ရော်ဘင်ဝေါ်လ်ကာ ပြန်လည်ရှင်းလင်းသွားခဲ့ဟု Dailymail က ဖော်ပြခဲ့သည်။
21-Aug-2019
အာဆင်နယ်အသင်းသည် ပြီးစီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပေါင် ၁၃၇ သန်းသုံးစွဲပြီး ကစားသမားသစ်များ ခေါ်ယူမှုပြုလုပ်ခဲ့သလို လာမည့်ဇန်န၀ါရီဈေးကွက်တွင်လည်း ငွေကြေးသုံးစွဲမှု ထပ်မံပြုလုပ်သွားဦးမည်ဟု အသင်းဒါရိုက်တာဂျို့ရှ်ခရွန်ကီက အသိပေးသွားခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။
21-Aug-2019
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ယှဉ်ပြိုင်မည့် ၂၀၂၀ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲကြောင့် ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ခေတ္တရပ်နားထားမည်ဖြစ်သည်။
21-Aug-2019
စပိန်နည်းပြသစ် ရောဘတ်မိုရီနိုဖြစ်လာခဲ့ပြီးနောက် မန်ယူဂိုးသမားဒီဂီယာအနေဖြင့် လက်ရွေးစင်အသင်းတွင်ဦးစားပေး ဂိုးသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့်ရရန် မလွယ်နိုင်ဟု Dailymail က ဖော်ပြခဲ့သည်။
21-Aug-2019
ဆီမီးဖိုင်နယ်တွင် မည်သည့်အသင်းနှင့်တွေ့တွေ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြ ဦးဝင်းသူမိုးက ပြောကြားခဲ့သည်။ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် သြဂုတ် ၂၀ ရက်က အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၄-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။