News

POST TYPE

SPORTS

အီဂျစ်နိုင်ငံ အမျိုးသမီး ဘောလီဘောအသင်း ဝတ်စုံကို လူအများစုက ဝေဖန်
09-Aug-2016

၂၀၁၆ ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရိုင်အိုအိုလံပစ် အားကစားပွဲတွင် အီဂျစ်နိုင်ငံ အမျိုးသမီး ဘောလီဘောအသင်း၏ ဝတ်စုံကို လူအများစုမှ ဝေဖန်မှုများ ရှိခဲ့သည်ဟု Buzzfeed သတင်းဌာန မှ သိရသည်။

တချို့မှာ ယဉ်ကျေးမှုများ တိုးတက်မှုဟု ခေါ်ဝေါ်ကြပြီး တချို့မှာမူ ကွဲပြားခြားနားမှုကို သရုပ်ဖော်ပြခြင်း ဖြစ်သည်ဟု ဆိုသည်။

အသက် ၁၉ နှစ်အရွယ် အီဂျစ်အားကစားသမား အယ်ဂို(ရှ်)ဘရှိုင်းသည် ပြိုင်ဘက် ဂျာမဏီအသင်း၏ ကီရာဝယ်ကန်ဟော့(စ်) နှင့် ယှဉ်၍ ဘောလုံးကို ထိပ်တိုက်တွေ့ဆုံ ပုတ်ခတ်နေသည့် ပုံကြောင့် လူမှုမီဒီယာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာရခြင်း ဖြစ်သည်ဟု သိရသည်။

ပုံတွင် အယ်ဂို(ရှ်)ဘရှိုင်းမှ အကျီလက်ရှည်၊ ဘောင်းဘီအရှည်နှင့် အစ္စလာမ် အမျိုးသမီးများစောင်းသည့် ခေါင်းမြီးခြုံပါဝါတို့ဖြင့် ဝတ်စားဆင်ယဉ်ထားပြီး ဝယ်ကန်ဟော့(စ်)မှာတော့ ကမ်းခြေများတွင် အမျိုးသမီးများ ဝတ်သည့် ဘီကနီကို ဝတ်ထားသည်ကို တွေ့ရသည်။

အယ်ဂို(ရှ်)ဘရှိုင်းမှ “ကျွန်မ ခေါင်းမြီးခြုံ ပါဝါကို ဝတ်တာ ၁၀ နှစ် ရှိပါပြီ၊ ကျွန်မာချစ်တဲ့ အရာတွေ လုပ်ဖို့ ဒါဟာ အနှောင့်အယှက် မဖြစ်ပါဘူး။ ကမ်းခြေဘောလီဘောဟာ ကျွန်မချစ်တဲ့ ဟာတွေထဲက တစ်ခုပါ” ဟု ပြိုင်ပွဲအပြီးတွင် AFP သတင်းဌာသို့ ပြောကြားသွားခဲ့သည်။

လူအများစုကတော့ ဒီပုံကို “ယဉ်ကျေးမှုများ တိုးတက်မိခြင်း” ဟု ရေးကာ လူမှုမီဒီယာများ ဖြစ်သော ဖေ့ဘုတ်နှင့် တွစ်တာပေါ်တွင် မျှဝေခဲ့သည်ဟု သိရသည်။

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် မတိုင်ခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းဥပဒေသစ်များအရ ကမ်းခြေဘောလီဘော ပြိုင်ပွဲများတွင် အမျိုးသမီးများအား အဝတ်အစား ရွေးချယ်ဝတ်ယူခွင့် ပေးထားသည်ဟု သိရသည်။ ပြောင်းလဲလိုက်သည့် စည်းမျဉ်းအသစ်မှာ ဘာသာရေးနှင့် ယဉ်ကျေးမှု လိုအပ်ချက်များ ရှိသည့် နိုင်ငံများရှိ အားကစားသမားများ အဝတ်အစား ဝတ်ရာတွင် ပြင်လွယ်ပြောင်းလွယ်နိုင်ရန် ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ဘောလီဘော အားကစားအဖွဲ့ချုပ်က ဆိုသည်။

ပြိုင်ပွဲတွင် အီဂျစ်မှ ဂျာမဏီအား ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော် လာမည့် အဂါင်္နေ့တွင် အီတလီနှင့် လည်းကောင်း၊ ကြာသာပတေးနေ့တွင် ကနေဒါနိုင်ငံနှင့် လည်းကောင်း ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

Source: Buzzfeed