News

POST TYPE

SPORTS

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်များ ထွက်ပေါ်
06-Aug-2016 tagged as

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်များအတွက် မဲခွဲဆုံးဖြတ်မှုကို ယနေ့ ပြုလုပ်ခဲ့ရာ အင်္ဂလန်ကလပ် မန်စီးတီး အသင်းမှာ ရိုမေးနီးယား ကလပ်အသင်း စတူအာ ဘူကူရက်စ်တီနှင့် တွေ့ဆုံမည်ဖြစ်ပြီး ရိုးမားအသင်းနှင့် ပေါ်တိုအသင်းတို့၏ တွေ့ဆုံမှုမှာလည်း စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ရှုံးထွက်အဆင့်၏ ပထမအကျော့ ပွဲစဉ်များကို သြဂုတ်လ ၁၆ နှင့် ၁၇ ရက်တို့တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များကို သြဂုတ်လ ၂၃ နှင့် ၂၄ ရက်တို့တွင် ကစားမည်ဖြစ်သည်။

ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်သော အသင်း (၁၀) သင်း အနေဖြင့် အုပ်စုအဆင့်တွင် အဆင်သင့် စောင့်နေမည့် အသင်း (၂၂) သင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စုအဆင့် ပွဲစဉ်များအတွက် မဲခွဲပွဲကို သြဂုတ်(၂၅) ရက်တွင် မိုနာကိုမြို့၌ ပြုလုပ်မည် ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တွေ့ဆုံမှုများ

လူဒိုဂိုရက်စ်(ဘူလ်ဂေးရီးယား) - ဗစ်တိုးရီးယားပယ်လ်ဇန်(ချက်)
ဆဲလ်တစ်(စကော့တလန်) - ဟာပိုးလ် ဘီအာရှီဗာ (အစ္စရေး)
ကိုပင်ဟေဂင်(ဒိန်းမတ်) - အေပိုးလ် (ဆိုက်ပရပ်)
ဒန်းဒေါ့ခ်(အိုင်ယာလန်) - လီဂီယာဝါဆော (ပိုလန်)
ဒိုင်နမို (ခရိုအေးရှား) - ဆဲလ်ဘတ် (သြစတြီးယား)
စတူအာ ဘူကူရက်စ်တီ (ရိုမေးနီးယား) - မန်စီးတီး (အင်္ဂလန်)
ပေါ်တို (ပေါ်တူဂီ) - ရိုးမား (အီတလီ)
အေဂျက် (နယ်သာလန်) - ရော့စတော့ဗ် (ရုရှ)
ယန်းဘွိုင်းစ် (ဆွစ်ဇာလန်) - ဂလက်ဘတ် (ဂျာမနီ)
ဗီလာရီးယဲလ် (စပိန်) - မိုနာကို (ပြင်သစ်)

  • VIA
  • TAGS