News

POST TYPE

SPORTS

ဂါဘရီယယ်ဂျီးဆပ် ကို ပေါင်(၂၇) သန်းဖြင့် မန်စီးတီး ခေါ်ယူ
04-Aug-2016

မန်စီးတီးအသင်းသည် ဘရာဇီးကလပ် ပါးမီးယပ်စ် အသင်း၏ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်ကို ပေါင် (၂၇) သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။

သို့ရာတွင် မန်စီးတီးအနေဖြင့် ဂျီးဆပ်ကို လာမည့် ၂၀၁၇ ဇန်န၀ါရီလ တွင်မှ စတင်အသုံးပြုရမည်ဖြစ်ပြီး ပါးမီးယပ်စ်အသင်းအတွက် ၂၀၁၇ ဇန်န၀ါရီအထိ 
ဆက်လက် ကစားပေးရဦးမည်ဖြစ်သည်။

မန်စီးတီးအသင်းမှာ ဂျီးဆပ်အတွက် ဘာစီလိုနာနှင့်အပြိုင် ခေါ်ယူခဲ့ရခြင်းဖြစ်ပြီး ရီယိုအိုလံပစ် ပြိုင်ပွဲ၏ ဘရာဇီး ယူ-၂၃ အသင်းတွင် ပါဝင်လာမည့် ကစားသမား အနေဖြင့် မန်စီးတီးကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“မန်စီးတီးအသင်းက ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ သူတို့နဲ့ လက်မှတ် ထိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော် ပျော်ပါတယ်”ဟု ဂျီးဆပ်က အသင်း၏ တရားဝင် ဝက်ဆိုက်တွင် ပြောဆိုထားသည်။

မန်စီးတီးအသင်း၏ အားကစားဒါရိုက်တာ ဘရီဂီစတိန်းကလည်း ဂျီးဆပ်မှာ အနာဂတ်တွင် ကျော်ကြားလာမည့် လူငယ်ကြယ်ပွင့် ကစားသမားဟု မှတ်ချက်ပေးခဲ့ပြီး အသင်း၏ တိုက်စစ်ပိုင်းကို ဦးဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

“ဇန်နဝါရီမှာ သူရောက်လာခဲ့ရင် အသင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုခု ဖြစ်လာမှာပါ။ ဒါကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်”ဟု ဘရီဂီစတိန်းက ဆိုသည်။

Ref:Goal.com

  • VIA