News

POST TYPE

SPORTS

ပြင်သစ်နောက်ခံလူ ဂျီရီမီ ပီရစ်ကို ဆောက်သမ်တန် ခေါ်ယူ
02-Aug-2016

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန် အသင်းသည် ပြင်သစ်ကလပ် နိုက်စ်အသင်း၏ နောက်ခံလူ ဂျီရီမီ ပီရစ်အား အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

ဆောက်သမ်တန် အသင်းအနေနှင့် ပီရစ်အား ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး နိုက်စ်အသင်း၏ စာချုပ်သက်တမ်း တိုးရန် ပျက်ကွက်ခဲ့ခြင်းအပေါ် ဆောက်သမ်တန်က အမိအရ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

“အသင်းသစ်က ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ အင်္ဂလန်လိဂ်တွေဟာ အမြဲဆွဲဆောင်မှု ရှိနေတာပါပဲ”ဟု ပီရစ်က ဆိုသည်။

ယခုနှစ် ဘောလုံးရာသီတွင် ဆောက်သမ်တန် အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့သော ကလော်ဒီ ပူရယ်နှင့် ပီရစ်တို့မှာ ဆရာတပည့်ဟောင်းများ ဖြစ်ကြပြီး လိုင်ယွန်၊ နိုက်စ် အသင်းများတွင် လက်တွဲ ကစားခဲ့ဖူးသူများ ဖြစ်ကြသည်။

Ref: Goal.com

  • VIA