News

POST TYPE

SPORTS

မန်ယူတွင်ကစားခဲ့သည့် ၁၂ နှစ်တာ ကာလအတွင်း အကောင်းဆုံး ကစားဖော် နှစ်ဦးကို ရွန်နီ ထုတ်ဖော်
02-Aug-2016

မန်ယူအသင်း၏ တိုက်စစ်မှူး ရွန်နီက အဲဗာတန်မှ မန်ယူသို့ ပြောင်းရွှေ့ လာခဲ့ပြီးသည့်နောက် ၁၂ နှစ်တာ ကာလအတွင်း မန်ယူအသင်း ကစားဖော်များထဲမှ အကောင်းဆုံး ကစားဖော် နှစ်ဦးကို ထုတ်ဖော် ပြောကြားလိုက်သည်။

ရွန်နီက ကွင်းလယ် ကစားသမား ပေါလ်စခိုးနှင့် တိုက်စစ်ကစားသမား ရော်နယ်ဒိုတို့မှာ ၎င်း၏ မန်ယူကစားသမား သက်တမ်း တစ်လျှောက်တွင် အကောင်းဆုံး ကစားဖော်များ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ဂစ်၊ ရွိုင်ကိန်း၊ ဖာဒီနန်နှင့် ဗီဒစ်တို့မှာလည်း ၎င်း နှစ်သက်သည့် ကစားသမားများ ဖြစ်သည်ဟု ရွန်နီက ၎င်း၏ တရားဝင် ဝက်ဆိုက်တွင် ရေးသားဖော်ပြ သွားခဲ့သည်။

“ပေါလ်စခိုးက အကောင်းဆုံး ကွင်းလယ်သမားတွေထဲက တစ်ယောက်ပါ။ သူ့ရဲ့ ဘောလုံး ပေးပို့ပုံတွေ၊ အမြင်စူးရှမှုတွေနဲ့ အသင်းရဲ့ကစားပုံကို ထိန်းချုပ်နိုင်တဲ့ အရည်အသွေးတွေက တကယ့်ကို အံ့မခန်းပါပဲ။ ရော်နယ်ဒိုဆိုလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတဲ့ လမ်းကြောင်းကို သွားနေသူ တစ်ယောက်ပါ။ 

"လေ့ကျင့်ရေးကွင်းထဲမှာ တစ်ခုခုကို လေ့ကျင့်နိုင်ပြီဆိုရင် အဲဒါကို တကယ် ကစားတဲ့အချိန်မှာ ပြန်လုပ်ပြနိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်”ဟု ရွန်နီက ဆိုသည်။

Ref: Goal.com

  • VIA