News

POST TYPE

SPORTS

အမိမြေသို့ပြန်ရန်စီစဉ်နေသည့် အဂူရိုကို တစ်နှစ်သက်တမ်းတိုးစာချုပ်ဖြင့် မန်စီးတီးအသင်းကမ်းလှမ်းရန်ရှိနေ
13-Jul-2020


မန်ချက်စတာ၊ ဇူလိုင် ၁၂

မန်စီးတီးအသင်းသည် တိုက်စစ်မှူး အဂူရိုကိုတစ်နှစ်သက်တမ်းတိုးစာချုပ် ဖြင့်ကမ်းလှမ်းရန်စီစဉ်နေကြောင်း The Mirror က ဖော်ပြခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ်အဂူရိုသည်  မန်စီးတီးအသင်းနှင့်စာချုပ် သက်တမ်း ကုန်ဆုံးချိန် ၂၀၂၂ တွင် ငယ်ဘ၀ကလပ် အင်ဒီပန်းဒီးယန့်သို့ ပြောင်းရွှေ့ရန်ချိတ် ဆက်မှုများ ပြုလုပ်နေသူဖြစ်သည်။ 

သို့ရာတွင် မန်စီးတီးအသင်းဘက်မှ  ၎င်းတို့ဂန္တဝင်တိုက်စစ်မှူးကိုအသင်းတွင် ဆက်ထိန်းထားရန်စီစဉ်နေပြီး လူငယ် တိုက်စစ်မှူး ဂါဘရီရယ်ဂျီဆပ်၏ခြေစွမ်း ထိပ်တန်းအဆင့်တွင် တည်ငြိမ်စွာရပ်တည်နိုင်သည့် အချိန်ရောက်မှလက်လွှတ် ရန်ရှိနေသည်။ 

အာဂျင်တီးနားတိုက်စစ်မှူးသည် ၂၀၁၁ တွင် အက်သလက်တီကိုမှ မန်စီးတီး သို့စတင်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၃၇၀ တွင် ၂၅၄ ဂိုးအထိ သွင်းထားနိုင်သလို မန်စီးတီးအသင်း သမိုင်းတွင် ထာ၀ရဂိုးသွင်းအများဆုံး ကစားသမား အဖြစ်ရပ်တည်နေသည်။ 

အဂူရိုသည်လက်ရှိတွင် ဒူးဒဏ်ရာ ကို ခွဲစိတ်မှုပြုလုပ်ထားပြီး မန်စီးတီးအသင်း၏ယခုရာသီလက်ကျန်ပွဲစဉ်များအားလုံးတွင် ပါဝင်ကစားနိုင်တော့မည်မဟုတ်ပေ။ 

၎င်းသည်ယခုရာသီတွင် မန်စီးတီး အတွက်ပြိုင်ပွဲစုံ ၃၂ ပွဲအထိ ပါဝင်ကစား ထားပြီး ၂၃ ဂိုးသွင်းပေးထားသူဖြစ်သည်။

ငြိမ်းပြည့်