News

POST TYPE

SPORTS

လူငယ်ကစားသမားများကိုရည်မှန်းချက်ဖြင့် ဆွဲဆောင်နိုင်လိမ့်မည်ဟု ဆိုးလ်ရှားယုံကြည်
13-Jul-2020


မန်ချက်စတာ၊ ဇူလိုင် ၁၂

မန်ယူအသင်းအနေနှင့် လက်ရှိ အရွေ့တွင်လူငယ်ကစားသမားများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု နည်းပြဆိုးလ်ရှား ကဆိုခဲ့ကြောင်း Dailymail က ဖော်ပြ ခဲ့သည်။

ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ ၌ လူငယ်ကစားသမားတစ်ဦးဖြစ်သည့် ဟာလန်းသည် ဒေါ့တ်မန်ကို ရွေးချယ်ခဲ့ ခြင်းမှာ မန်ယူအသင်းအတွက်စိတ်ပျက် စရာဖြစ်ခဲ့သည်။ 

သို့ရာတွင် ၁၇ ပွဲဆက်အရှုံးမရှိ ဖြတ်သန်းနိုင်ခဲ့ပြီးနောက် မန်ယူအသင်းသည်လူငယ် ကစားသမားများကို ရည်မှန်းချက်ဖြင့် ပြန်လည်ဆွဲဆောင်နိုင်ပြီဖြစ်ကြောင်း ဆိုးလ်ရှားက ကြုံးဝါးလိုက်သည်။ 



“လူငယ်ကစားသမားတွေကိုရည် မှန်းချက်နဲ့ ဆွဲဆောင်နိုင်မယ်လို့ထင်ပါတယ်။ ရလဒ်ကောင်းနဲ့ စွမ်းဆောင်ရည် ကောင်းတွေလာပါပြီ။ ခင်ဗျားတို့မန်ယူမှာ ရှိနေမယ်ဆိုရင် လျင်မြန်စွာတိုက်ခိုက် နိုင်ဖို့နဲ့ လူငယ်ကစားသမားအချို့ လိုအပ်ပါတယ်” ဟုဆိုခဲ့သည်။ 

အသက် ၁၈ နှစ်အရွယ်သာရှိသေး သည့် ဂရင်းဝုဒ်မှာ လူငယ်ကစားသမားများအတွက် စံပြဖြစ်လာသည်အထိခြေ စွမ်းထက်မြက်လာခဲ့သလို ရက်ရှ်ဖို့ဒ်နှင့် တွမ်မီနေးတို့ကဲ့သို့ ကစားသမားများမှာ မန်ယူအနာဂတ်ကို ဦးဆောင်နိုင်သူများအဖြစ် မှတ်ချက်ပေးခြင်းခံလာရပြီဖြစ်သည်။ 

ဆိုးလ်ရှားသည် ဘက်ဟမ်း၊ ပေါလ်စခိုး၊ ဂယ်ရီနဗီးလ်တို့နှင့်အတူ မန်ယူ၏ ၉၂ မျိုးဆက်အသင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းနည်းပြဖြစ်လာချိန်တွင် မန်ယူအသင်းကို လူငယ်ကစားသမားများဖြင့် အမာခံတည်ဆောက်ရန် ဆန္ဒရှိနေသည်။

ငြိမ်းပြည့်