News

POST TYPE

SPORTS

ကစားသမားတစ်ဦးအတွက် မည်သည့်အခါတွင်မှ ပေါင်သန်း (၁၀၀) သုံးမည် မဟုတ်ဟု ဂျာဂင်ကလော့ပ် ပြော
29-Jul-2016 tagged as လီဗာပူးလ်

လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က မိမိအနေဖြင့် ကစားသမားတစ်ဦးအား ခေါ်ယူရန်အတွက် ပေါင်သန်း (၁၀၀) ဆိုသည့် ပမာဏကို မည်သည့်အခါတွင်မှ အသုံးပြုလိမ့်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

မန်ယူအသင်းက ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူ ပေါ့ဂ်ဘာအား ပေါင်သန်း (၁၀၀) ဖြင့် ခေါ်ယူခဲ့သည့်အပေါ် ကလော့ပ်က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

“ပေါင်သန်း (၁၀၀) ပေးပြီး ကစားသမားတစ်ယောက်ကို ခေါ်ထားတယ်၊ အဲဒီနောက် သူဒဏ်ရာရသွားမယ်ဆိုရင် အဲဒီအတွက် သုံးလိုက်တဲ့ ပိုက်ဆံတွေက မီးခိုးခေါင်းတိုင်က ထွက်တဲ့ မီးခိုးငွေ့တွေလို ဖြစ်သွားမှာပဲ” ဟု ကလော့ပ်က ဆိုသည်။

“တခြားကလပ်တွေက ငွေတွေအများကြီးသုံးပြီး ကစားသမားကောင်းတွေကို စုဆောင်းဖို့ လုပ်ကြတယ်။ ကျွန်တော်ကတော့ ကွဲပြားတာ တစ်ခုခု လုပ်ချင်ပါတယ်။ ငွေတွေသုံးခွင့် ရှိတယ်ဆိုရင်တောင် တခြားအသင်းတွေနဲ့ ကွဲပြားတာ တစ်ခုခု လုပ်ချင်တယ်” ဟု ကလော့ပ်က ပြောသည်။

ဂျာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်းသည် လက်ရှိအချိန်တွင် နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ၎င်းတို့၏ အဖွင့်ပွဲစဉ်တွင် ချယ်လ်ဆီးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

Ref: Goal.com