News

POST TYPE

SPORTS

ယာဉ်မတော်တဆဖြစ်မှုကြောင့် အာဆင်နယ်ကစားသမားဟောင်း ရီယက်သေဆုံး
01-Jun-2019


စပိန်၊ ဇွန် ၁

အာဆင်နယ်အသင်း၏ ကစားသမားဟောင်း တစ်ယောက်ဖြစ်သည့် အသက် ၃၅ နှစ်အရွယ် ရီယက်သည် ယနေ့ စပိန်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း The Mirror သတင်းဌာနက ဖော်ပြလာသည်။

အာဆင်နယ် ကြယ်ပွင့်ဟောင်းမှာ ကစားသမားဘဝကို ဆီဗီလာအသင်းနှင့်အတူ စတင်ဖြတ်သန်းခဲ့ပြီး အာဆင်နယ်အသင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကစားဖူးကာ ရီးရဲလ်၊ အက်သလက်တီကို၊ ဘင်ဖီကာ၊ အက်စ်ပန်ညို စသည့်အသင်းများတွင် ဖြတ်သန်းကစားဖူးသူဖြစ်သည်။

ကစားသမား၏ ဝမ်းနည်းဖွယ်သတင်းကို အသင်းဟောင်း ဆီဗီလာအသင်းကလည်း အတည်ပြုပြောကြားထားခဲ့ပြီဖြစ်သည်။