News

POST TYPE

SPORTS

ဒမ်ဘီလီကိုခေါ်ယူရန် မန်ယူ တရားဝင်ကမ်းလှမ်း
25-May-2019


မန်ချက်စတာ၊ မေ ၂၅

မန်ယူအသင်းသည် တိုက်စစ်ကို အားဖြည့်ရန်အတွက် လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကိုခေါ်ယူရန် တရားဝင် ကမ်းလှမ်းထားပြီဖြစ်ပြီး ဒမ်ဘီလီအတွက် မန်ယူကမ်းလှမ်းထားသော ပြောင်းရွှေ့ကြေးပမာဏမှာ ပေါင် ၃၅ သန်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ယူသည် ဆဲလ်တစ်ထံတွင် ဒမ်ဘီလီ ကစားသမားဘဝ ဖြတ်သန်းနေခဲ့စဉ်ကတည်းက ကင်းထောက်များစေလွှတ်၍ စောင့်ကြည့် အကဲခတ်နေခဲ့ခြင်းဖြစ်ပြီး လိုင်ယွန်နှင့် ကစားသမားဘဝ တစ်နှစ်ကြာ ဖြတ်သန်းအပြီးတွင် ဒမ်ဘီလီမှာ မန်ယူ၏ကမ်းလှမ်းဆက်သွယ်မှုကို ရရှိလာခဲ့ခြင်းဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသော ဒမ်ဘီလီသည် လက်ရှိဘောလုံးရာသီ၌ လိုင်ယွန်အတွက် သွင်းဂိုး ၂၃ ဂိုး ရယူပေးနိုင်ခဲ့ပြီး ဒမ်ဘီလီကိုခေါ်ယူရန် အခြားသော ဥရောပ ထိပ်သီးကလပ် အသင်းပေါင်းများစွာကလည်း ဆက်သွယ်ကမ်းလှမ်းနေသည့်အတွက် မန်ယူမှာ ခက်ခက်ခဲခဲ ကြိုးပမ်းရမည့်အခြေအနေမျိုး ဖြစ်နေသည်။

မန်ယူသည် လက်ရှိတွင် တိုက်စစ်ကစားသမားများဖြစ်သော လုကာကုနှင့် ဆန်းချက်ဇ်တို့ကိုရောင်းထုတ်ရန် စီစဉ်နေပြီဖြစ်ပြီး ယင်းကွက်လပ်များကို အစားပြန်ဖြည့်ရန်အတွက် မန်ယူက လူငယ်သွေးသစ်များကိုသာ အဓိကထားခေါ်ယူရန် စီစဉ်လျက်ရှိသည်။

E-11