News

POST TYPE

SPORTS

ခါးမှာ မက်ဆီနာမည်ကို တက်တူးထိုးလိုက်တဲ့ တင်ပါးအလှမယ်ဟောင်း
09-May-2019



Miss Bum Bum လို့ ပြောလိုက်တာနဲ့ ဒီအမျိုးသမီးဟာ တင်ပါးအလှမယ်ပြိုင်ပွဲမှာ ဆုရရှိထားသူလို့ အားလုံးက လွယ်လင့်တကူ သိရှိကြပါတယ်။

ဆူဇီကော်တက်ဇ်ဆိုတဲ့ ဘရာဇီးကိုယ်ဟန်ပြမယ်ဆိုတာလည်း တင်သားအလှနဲ့ နာမည်ကျော်လာတဲ့ Miss Bum Bum အလှမယ်ဟောင်းတစ်ယောက်ပါပဲ။

နောက်တစ်ချက်ကတော့ သူမဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို အရူးအမူး အားပေးတဲ့ အမာခံပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။

အခုတော့ သူသဘောကျတဲ့ မက်ဆီရဲ့နာမည်ကို သူမကိုယ်ခန္ဓာရဲ့အလှပဆုံးအစိတ်အပိုင်းလို့ သတ်မှတ်ခံထားရတဲ့ တင်ပါးရဲ့အထက် ခါးနေရာမှာ တက်တူးရေးထိုးပြီး ဆူဇီကော်တက်ဇ်က ကမ္ဗည်းတင်လိုက်ပါပြီ။

သူမအနေနဲ့ ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီ စွမ်းဆောင်ရည်တွေအတွက် ပေးအပ်ချီးမြှင့်မယ့် ဘလွန်းဒီအော်ဆု (ရွှေဘောလုံးဆု) ကို မက်ဆီ ဆွတ်ခူးရယူပြီး ခြောက်ထပ်ကွမ်း ဘလွန်းဒီအော်ဆုပိုင်ရှင် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တာကြောင့် အခုလို တက်တူးရေးထိုး ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့လည်း Miss Bum Bum အလှမယ်ဟောင်းက ပြောကြားသွားခဲ့ပါတယ်။

ဆူဇီကော်တက်ဇ်ဟာ မက်ဆီဆီကို ညှို့အားပြင်းဓာတ်ပုံတွေနဲ့ မြှူဆွယ်စကားတွေ အဆက်မပြတ် ပေးပို့ခဲ့ဖူးတဲ့ ရာဇဝင်ဟောင်းရှိသူဖြစ်ပြီး အဲ့ဒါကြောင့်ပဲ မက်ဆီရဲ့ဇနီးသည် အန်တိုနယ်လ်လာက မက်ဆီကို ဆူဇီကော်တက်ဇ်နဲ့ ပတ်သက်တယ်ကြားရင် အပြတ်ပဲလို့တောင် ရာဇသံပေး တားမြစ်ထားရပါတယ်။

E-11


  • VIA