News

POST TYPE

SPORTS

ဒုတိယအချီတွင် အလဲထိုးပြီး ရွှေခါးပတ်ကို အောင်လအန်ဆန်းကာကွယ်
31-Mar-2019


ဓာတ်ပုံ - One Championship
ရန်ကုန်၊ မတ် ၃၁

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် A NEW ERA ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေးပြိုင်ပွဲတွင် အောင်လအန်ဆန်းသည် ဂျပန်ကစားသမားကို ဒုတိယအချီတွင် အလဲထိုးပြီး ရွှေခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

ယင်းပွဲကို မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟာဆဲဂါဝါ ကို ဒုတိယအချီတွင်ပင် အလဲထိုး အနိုင်ရခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်းသည် ယခုပွဲတွင် ဟာဆဲဂါဝါကို ပွဲစကတည်းက ဖိအားပေး ထိုးသတ်ခဲ့ကာ ဒုတိယအချီတွင်မူ ညာလက်သီးဖြင့် ဟာဆဲဂါဝါကို အဆုံးသတ်ကာ ရွှေခါးပတ်ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် အောင်လအန်ဆန်းမှာ ဟာဆဲဂါဝါကို ဒုတိယအကြိမ်မြောက်အဖြစ် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲအပြီးတွင် အောင်လအန်ဆန်းအနေဖြင့် ယခုနှစ်အတွင်းတွင် ဒုတိယပွဲစဉ်အဖြစ် ယခုနှစ်ကုန်ပိုင်းတွင် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆု ကာကွယ်ထိုးသတ်ဦးမည်ဖြစ်သည်။