News

POST TYPE

SPORTS

ဒူးဒဏ်ရာကြောင့် အိုလံပစ်ပြိုင်ပွဲကို ဖက်ဒါးရား လွဲချော်မည်
28-Jul-2016

ဂရင်းဆလင်း ချန်ပီယံဆုကို ၁၇ ကြိမ်အထိ ဆွတ်ခူးထားခဲ့သည့် ဆွစ်ဇာလန် တင်းနစ်သမား ရော်ဂျာဖက်ဒါးရားမှာ လာမည့် ၂၀၁၆ အိုလံပစ် ပွဲစဉ်များအား ဒူးဒဏ်ရာကြောင့် လွဲချော်ရတော့မည် ဖြစ်သည်။

ဖက်ဒါးရား၏ ဒူးဒဏ်ရာမှာ အချိန်ကာလတစ်ခုကြာ အနားယူရလိမ့်မည်ဟု ဆရာဝန်များက မှတ်ချက်ပေးခဲ့ပြီး ယခုနှစ် တင်းနစ်ရာသီ တစ်ခုလုံးကိုပါ လွဲချော်ရမည့် အခြေအနေတွင်လည်း ရှိနေသည်။

အသက် (၃၄) နှစ်အရွယ် ကမ္ဘာ့အဆင့် တင်းနစ်သမား အနေဖြင့် အိုလံပစ်ပြိုင်ပွဲများတွင် ရလဒ်ကောင်းလေ့ မရှိပဲ ၂၀၀၈ ခုနှစ်၊ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ၏ ၂ ယောက်တွဲ ပွဲစဉ်တွင်သာ ရွှေတံဆိပ် ရရှိခဲ့ဖူးသည်။

ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရာအိုနစ်အား ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် ဖက်ဒါးရားမှာ အဆိုပါ ပွဲချိန်အတွင်းမှာပင် ကုသမှု နှစ်ကြိမ် ခံယူခဲ့ရပြီး ၎င်းအတွက် ဒဏ်ရာများက နှိပ်စက်သည့် တင်းနစ်ရာသီ တစ်ခုကို ဖြတ်သန်းရခြင်းလည်း ဖြစ်လာခဲ့သည်။

Ref: BBC