POST TYPE
SPORTS
နာပိုလီ တိုက်စစ်မှူး ဟီဂူအင်ကို ယူရိုသန်း ၉၀ ဖြင့် ဂျူဗင်တပ်စ်အသင်း ခေါ်ယူ
28-Jul-2016
နာပိုလီအသင်း၏ တိုက်စစ်ကစားသမား ဟီဂူအင်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ ဖြင့် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူနိုင်ခဲ့ပြီဟု ဘီဘီစီ သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

၂၀၁၃ ဘောလုံးရာသီတွင် ရီးယဲလ်အသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၃၄.၅ သန်းဖြင့် ရောက်ရှိလာခဲ့သည့် ဟီဂူအင်မှာ ပြီးခဲ့သည့် ဘောလုံးရာသီက နာပိုလီအသင်းအတွက် ၃၆ ဂိုးအထိ သွင်းယူပေးခဲ့ပြီး စီးရီးအေ၏ ရွှေဖိနပ်ဆုကို ရရှိခဲ့သည်။
ဂျူဗင်တပ်စ်အသင်း အနေဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့သွားသည့် တိုက်စစ်မှူး မိုရာတာ၏ နေရာတွင် အစားထိုးရန်အတွက် ဟီဂူအင်အား ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီတွင် ဟီဂူအင်၊ ဒိုင်ဘာလာ တိုက်စစ်အတွဲကို ပရိသတ်များ ရှုစားကြရမည် ဖြစ်သည်။
Ref: BBC
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019