News

POST TYPE

SPORTS

အန်စလော့တီ၏ လက်အောက်တွင် ယုံကြည်မှု ပိုမိုရရှိဟု ရီဘာရီ ဖွင့်ဟ
28-Jul-2016

ဘေယန်မြူးနစ် တောင်ပံကစားသမား ဖရန့်ရီဘာရီက နည်းပြသစ် ကာလို့စ် အန်စလော့တီ၏ လက်အောက်တွင် ကစားရခြင်းကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရလာသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ရီဘာရီသည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့သွားသည့် နည်းပြဟောင်း ဂွာဒီယိုလာ ရှိစဉ်က ဘေယန်မြူးနစ်အတွက် ပွဲ (၅၀) သာ ကစားခွင့်ရခဲ့သူ ဖြစ်သည်။

သို့သော် နည်းပြ အန်စလော့တီ လက်ထက်တွင် ရီဘာရီအတွက် ပွဲထွက်ခွင့်များ ပိုမိုမျှော်လင့်လာနိုင်ပြီ ဖြစ်ရာ ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် ပိုလွတ်လပ်သွားပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ အန်စလော့တီဟာ ထိပ်တန်းနည်းပြတစ်ဦးပါ။ ဘေယန်အတွက် လက်ဆောင်တစ်ခုပါ။ သူ့လက်အောက်မှာ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှု ရှိလာပါတယ်” ဟု ရီဘာရီက ဆိုခဲ့သည်။

Ref: Dailymail