News

POST TYPE

SPORTS

ဂျနီဖာလိုပက်ဇ်ရဲ့ မွေးနေ့ဖျော်ဖြေပွဲကို တက်ရောက်ခဲ့တဲ့ ရော်နယ်ဒို
ဒူးဒဏ်ရာကြောင့် ရီးယဲလ်အသင်းရဲ့ ရာသီကြို ပွဲစဉ်တွေကို လွဲချော်ဖို့ရှိနေတဲ့ ရော်နယ်ဒိုဟာ နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ မွေးနေ့ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ အားလပ်ရက်တွေကို အသုံးချနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားကို ပါတီပွဲရဲ့ အထူးဧည့်သည်တော်တွေ အတွက် သတ်မှတ်ထားတဲ့ နေရာမှာ တွေ့ခဲ့ရပြီး ဒီပွဲကို သူရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ UFC တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်နဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို ရော်နယ်ဒိုနည်းတူ နာမည်ကြီးအချို့ ရောက်ရှိလာခဲ့ကြပြီး အမေရိကန် မော်ဒယ်တစ်ဦးဖြစ်တဲ့ ကင်မ်ကာဒစ်ရှီယန်၊ ပေါ့ပ်အဆိုတော် ရီတာ အော်ရာတို့လည်း ရောက်ရှိခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာ သြဂုတ် ၉ ရက်နေ့မှာ ကျင်းပမယ့် UEFA စူပါဖလား ပွဲစဉ်ကို သေချာပေါက် လွဲချော်မှာ ဖြစ်ပေမယ့် လာလီဂါ ရာသီအစပွဲစဉ် ဖြစ်တဲ့ ဆိုစီဒက် အသင်းနဲ့ ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာနိုင်ဖို့ အသင်းတာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။

Ref: Dailymail