News

POST TYPE

SPORTS

နည်းပြရာထူးအတွက် ပေါလ်စခိုးကို အိုးလ်ဟမ်း ကမ်းလှမ်း
20-Jan-2019


မန်ချက်စတာ၊ ဇန်နဝါရီ ၂၀

လိဂ်-၂ ကလပ် အိုးလ်ဟမ်းအသင်းသည် မေန်ယူဂန္ထ၀င်ကစားသမားဟောင်းများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော ပေါလ်စခိုးကို အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ရန် ကမ်းလှမ်းထားပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြား ဆွေးနွေးရာတွင် အပြုသဘောဆောင်သော တိုးတက်မှုများရှိနေပြီဖြစ်၍ ပေါလ်စခိုးမှာ အိုးလ်ဟမ်းနည်းပြသစ်ဖြစ်လာရန် လွန်စွာနီးစပ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ပေါလ်စခိုးသည် ကလေးဘ၀၌ အိုးလ်ဟမ်းအသင်းထံတွင် ဘောလုံးပညာများ သင်ယူဆည်းပူးခဲ့ဖူးပြီး အပြီးသတ်သဘောတူညီချက်များ အလျင်အမြန်ရရှိခဲ့မည်ဆိုပါက ယခုသီတင်းပတ်အတွင်း၌ပင် ပေါလ်စခိုးကို အိုးလ်ဟမ်းနည်းပြအဖြစ် မြင်တွေ့ခွင့်ရကြတော့မည်ဖြစ်သည်။

ပေါလ်စခိုးလ်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၌ ဆဲလ်ဖို့ဒ်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး ယခုအလုပ်ကမူ ၎င်းအတွက် ပထမဆုံးသော အမြဲတမ်းနည်းပြရာထူး ခန့်အပ်ခံရမှု ဖြစ်လာနိုင်ခြေလည်း ရှိနေပြီဖြစ်သည်။

အိုးလ်ဟမ်းသည် လွန်ခဲ့သည့်ခရစ္စမတ်ကာလ၌ နည်းပြ ဖရန်ကီဘန်းကို ရာထူးထုတ်ပယ်လိုက်ကာ ပီတီဝိုင်းကို ယာယီနည်းပြအဖြစ် အသင်းကို ဦးဆောင်ခိုင်းထားခြင်းဖြစ်ပြီး ပေါလ်စခိုး၏ဘောလုံးလောကဖြတ်သန်းမှုအတွေ့အကြုံများက နည်းပြဘ၀သို့ ကူးပြောင်းရာတွင်လည်း အောင်မြင်မှုများရရှိနိုင်စေရန် ပံ့ပိုးပေးလိမ့်မည်ဟု အိုးလ်ဟမ်းအသင်းတာဝန်ရှိသူများက ယုံကြည်ထားကြသည်။