News

POST TYPE

SPORTS

ကစားသမားများ၏စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အာဆင်နယ်ကို ရှုံးခဲ့ရခြင်းဟု ဆာရီ အပြစ်တင်
20-Jan-2019


လန်ဒန်၊ ဇန်နဝါရီ ၂၀

ချယ်လ်ဆီးနည်းပြ ဆာရီသည် အာဆင်နယ်နှင့်ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအနေနှင့် ရှုံးပွဲကြုံခဲ့ရသည်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့်ဖြစ်သည်ဟု အပြစ်တင်စကား ပြောကြားသွားခဲ့ပြီး ယင်းအချက်က ချယ်လ်ဆီးအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာစေရန် ရာခိုင်နှုန်း ပိုများသွားခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ဆာရီသည် အသင်းရှိကစားသမားများကို စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်မှုများ ဆောင်ရွက်ပေးရသည်မှာ ခက်ခဲလွန်းလှကြောင်း မှတ်ချက်ပေးသွားခဲ့ပြီး အာဆင်နယ်မှာ ချယ်လ်ဆီးနှင့် နောက်ဆုံး ၁၄ ကြိမ်တွေ့ဆုံခဲ့ရာတွင် ဒုတိယမြောက်နိုင်ပွဲကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဆာရီသည် ချယ်လ်ဆီးကစားသမားများမှာ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့သောပွဲစဉ်များတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက် အပြည့်အ၀ထားရှိ၍ အင်တိုက်အားတိုက် ကစားလေ့မရှိကြောင်းလည်း ဝေဖန်ထားပြီး အာဆင်နယ်နှင့်ပွဲစဉ်ကို ချယ်လ်ဆီးကစားသမားများ ကစားသွားခဲ့သည့် စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေမှာ စပါးကို ရှုံးနိမ့်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကနှင့် ထူးမခြားနားပင်ဖြစ်နေကြောင်း ဆာရီက မှတ်ချက်ပေးသွားခဲ့သည်။

ဆာရီသည် ယခုပွဲစဉ်တွင် ၎င်းအနေနှင့် ပွဲရလဒ်ထက် အသင်းကစားသမားများ၏ကစားပုံကို လွန်စွာဒေါသပေါက်ကွဲမိကြောင်း မှတ်ချက်ပေးသွားခဲ့ပြီး လက်သင့်မခံနိုင်လောက်ဖွယ်ရာ ကစားဟန်မျိုးဖြင့် ကစားသည့်အသင်းအတွက် အဆုံးသတ်တွင် အရှုံးရလဒ်ကြုံရသည်မှာ မထူးဆန်းကြောင်းလည်း ဆာရီက ပြောကြားသွားခဲ့သေးသည်။

ဆာရီသည် လွန်ခဲ့သည့်လအနည်းငယ်ခန့်ကစ၍ အသင်းကစားသမားများ၏ကြိုးစားအားထုတ်မှုကို လူသိရှင်ကြား မေးခွန်းထုတ်မှုများရှိလာခဲ့ပြီး ယင်းအချက်က ဆာရီနှင့် အသင်းကစားသမားများအကြားရှိ ဆက်ဆံရေးကို အက်ကြောင်းထင်မှုများဖြစ်ပေါ်လာစေခဲ့ပြီဟု ယူဆမိပါကြောင်း သတင်းမီဒီယာများက သုံးသပ်ထားသည်။