News

POST TYPE

SPORTS

ရာဘီအော့တ်ကို အရန်အသင်းနှင့်လေ့ကျင့်ရေးဆင်းရန် တူချယ်လ် ညွှန်ကြား၊ ရာသီကုန်ချိန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ကျိန်းသေထွက်ခွာပြမည်ဟု ရာဘီအော့တ် ခြိမ်းခြောက်
19-Jan-2019


ပဲရစ်၊ ဇန်နဝါရီ ၁၉

ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်လ်သည် ကွင်းလယ်ကစားသမား ရာဘီအော့တ်ကို အရန်အသင်းနှင့်လေ့ကျင့်ရေးဆင်းရန် ညွှန်ကြားချက်ပေးအပ်လိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ရာဘီအော့တ်မှာ ပီအက်စ်ဂျီကို စွန့်ခွာရန် ကျိန်းသေလုနီးပါး ရှိသွားခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

နည်းပြ တူချယ်လ်သည် ရာဘီအော့တ်ကို အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို လက်မခံသည့်အတွက် သဘောထားတင်းမာစွာဖြင့် ဆက်ဆံလိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့သော ဖြေရှင်းနည်းမှာ အခြေအနေကို ကောင်းမွန်လာစေလိမ့်မည်မဟုတ်ဘဲ ပို၍သာ ဆိုးရွားသွားစေလိမ့်မည်ဖြစ်ကြောင်း ရာဘီအော့တ်၏အေးဂျင့်က ပြောကြားထားသည်။

ရာဘီအော့တ်နှင့် ပီအက်စ်ဂျီအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ဘော့စမန်စည်းမျဉ်းအရ ရာဘီအော့တ်မှာ လက်ရှိ ဇန်နဝါရီကာလအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ပြည်ပကလပ်များနှင့် အကြိုသဘောတူစာချုပ်တစ်ရပ်တစ်ရပ်ကို ချုပ်ဆိုခွင့်ရှိနေပြီလည်းဖြစ်သည်။

ရာဘီအော့တ်သည် ၎င်းကို နည်းပြတူချယ်လ်က အရန်အသင်းနှင့်အတူ လေ့ကျင့်ရေးဆင်းရန် ညွှန်ကြားချက်ပေးလိုက်အပြီးတွင် ရာသီကုန်ချိန်၌ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ကျိန်းသေစွန့်ခွာပြမည်ဟု ခြိမ်းခြောက်စကားဆိုလိုက်ပြီး နည်းပြတူချယ်လ်၏၎င်းအနာဂတ်အစီအမံများတွင် ရာဘီအော့တ်၏အခန်းကဏ္ဍကို ထည့်သွင်းထားခြင်း မရှိတော့သည့်အတွက် စိုးရိမ်ပူပန်စိတ် မဖြစ်မိကြောင်း လက်ရှိအခြေအနေများအပေါ်တွင် မှတ်ချက်စကား ပေးအပ်ထားသည်။