News

POST TYPE

SPORTS

ဘစ်စကတ်ဘော ချန်ပီယံဟောင်း မိုက်ကယ်ဂျော်ဒန်မှ လူမဲအရေး ရင်ဖွင့်
26-Jul-2016

ကမ္ဘာကျော် ဘစ်စကတ်ဘော ချန်ပီယံဟောင်း မိုက်ကယ်ဂျော်ဒန်သည် အာဖရီကန်- အမေရိကန်လူမျိုးများအပေါ် ရဲများမှ အကြမ်းဖက်မှုနှင့် အပြန်အလှန်အားဖြင့် အာဖရီကန်- အမေရိကန်များမှ ရဲများအား အကြမ်းဖက်မှုတို့အပေါ် စိတ်ပျက်မိသည်ဟု ဆိုသည်။

“ကျွန်တော့်အဖေကိုယ်တိုင် ဘာမှအဓိပ္ပယ် မရှိတဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြားမှာ သေဆုံးသွားခဲ့ရတာပါ။ အာဖရီကန်-အမေရိကန်လူမျိုးတွေ အခုလို ရဲများနဲ့ ပစ်ခတ်တိုက်ခိုက်ရင်း သေဆုံးသွားတဲ့အပေါ် ဝမ်းနည်းသလို၊ လူမဲများရဲ့ ရဲတွေအပေါ် အဓိက ပစ်မှတ်ထား လက်တုန့်ပြန်ခြင်းကိုလည်း စိတ်ပျက်မိပါတယ်၊ ကိုယ့်ရဲ့ အချစ်ဆုံး မိသားစုဝင်တစ်ဦး သေဆုံးသွားရတဲ့ ခံစားချက်ကို ကျွန်တော် အပြည့်အဝ နားလည်ပါတယ်” ဟု ၎င်းက ဆိုသည်။ 


ဂျော်ဒန်မှ ဆက်လက်ပြီး “ကျွန်တော်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ရဲချုပ်များ အစည်းအရုံးနဲ့ NAACP ဥပဒေ ကာကွယ်ရေး ရန်ပုံငွေအဖွဲ့တို့အား ဒေါ်လာ ၁ သန်း ထောက်ပံပေးသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့်ရက် သီတင်းပတ်များက အယ်တွန် စတာလင်းနှင့် ဖီလန်ဒိုကတ်(စ်)တိုင်း မြို့များတွင် ရဲများမှ လူမဲများအား ပစ်ခတ်ခဲ့ခြင်းနှင့် ဒါးလတ်(စ်)နှင့် ဘေတန် ရု(ဒ်) မြို့များတွင် လူမဲများမှ ရဲများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်ပေါ်ပြီးနောက် ဘစ်စကတ်ဘော ကစားသမားများသည် အဆိုပါ ကိစ္စရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာခဲ့ခြင်း ဖြစ်သည်။ 

Source: Buzzfeed