News

POST TYPE

SPORTS

ဘောလုံးသမားဘဝမှ အနားယူသည့် အချိန်တွင် မန်နေဂျာ လုပ်ရန် ဆန္ဒရှိဟု ရွန်းနီဆို
26-Jul-2016 tagged as

မန်ယူအသင်း၏ တိုက်စစ်မှူး ဝိန်းရွန်းနီက မိမိ အနေနှင့် ဘောလုံးသမားဘဝမှ အနားယူပြီးသည့် အချိန်တွင် မန်နေဂျာ တစ်ဦးအဖြစ် ဆက်လက် ရပ်တည်ရန် ဆန္ဒရှိနေသည်ဟု ပြောဆိုလိုက်သည်။

မန်ယူအသင်းအတွက် ပွဲပေါင်း ၆၀၀ နီးပါး ကစားပေးထားသည့် အသက် ၃၀ အရွယ် တိုက်စစ်မှူးမှာ အသင်းဖော် အက်ရှ်လေယန်းနှင့်အတူ ပြုလုပ်ခဲ့သည့် Facebook အမေး၊ အဖြေ ကဏ္ဍတွင် ၎င်း၏ အနာဂတ် ရည်မှန်းချက်အပေါ် ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဘောလုံးက ကျွန်တော့် တစ်ဘဝလုံး မြှုပ်နှံခဲ့တဲ့ အရာပဲ။ ကျွန်တော့်အနေနဲ့ သင်ယူမှုတွေ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပြီး ကစားသမားဘဝ အဆုံးသတ်ချိန်မှာတော့ မန်နေဂျာ တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ရွန်းနီက ဆိုသည်။

ထို့အပြင် ရွန်းနီက ရာသီသစ်တွင် မန်ယူအသင်း၏ တိုက်စစ် စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာလိမ့်မည်ဟု မှတ်ချက် ပေးလိုက်ပြီး အီဗရာဟီမိုဗစ်နှင့် တွဲဖက် ကစားရန် စိတ်လှုပ်ရှားမိကြောင်းလည်း ထပ်လောင်း ပြောဆိုသည်။

Ref : BBC

  • VIA
  • TAGS