News

POST TYPE

SPORTS

အာဆင်နယ်အသင်း ထိပ်တန်းကစားသမား ခေါ်ယူရန် လိုအပ်ဟု ကော်လီမိုး ပြော
26-Jul-2016 tagged as

အင်္ဂလန် တိုက်စစ်မှူးဟောင်း ကော်လီမိုးက အာဆင်နယ်အသင်း အနေဖြင့် ထိပ်တန်းကစားသမား ခေါ်ယူမှုအချို့ ပြုလုပ်ရန် လိုအပ်နေကြောင်းနှင့် လက်ရှိ ကွင်းလယ်လူများ ဖြစ်သည့် ဇာကာ၊ အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့မှာ ကြယ်ပွင့်ကစားသမားများ မဟုတ်ကြောင်း မှတ်ချက်ပေးလိုက်သည်။

ယခုနှစ် အပြောင်းအရွှေ့ ကာလတွင် ဆွစ်ဇာလန် ကွင်းလယ်လူ ဇာကာ တစ်ဦးတည်းကိုသာ ကွင်းလယ်ပိုင်းအတွက် ခေါ်ယူအားဖြည့်ထားသည့် အာဆင်နယ် အနေဖြင့် ရာသီသစ် မစတင်မှီ ကစားသမားကောင်းများအတွက် ပြောင်းရွှေ့ကြေးများစွာ အသုံးပြုသွားမည်ဟု အာစင်ဝင်းဂါးက ပြောဆိုထားသည်။

“ကျွန်တော့်အထင်တော့ အာဆင်နယ် အနေနဲ့ လာမယ့်ရာသီမှာ ထိပ်ဆုံးလေးသင်းထဲ ဝင်ချင်တယ်ဆိုရင် ကမ္ဘာ့အဆင့် နောက်ခံလူ၊ ဒါမှမဟုတ် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ယောက် လိုအပ်နေတာ အမှန်ပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ လွယ်မယ်မထင်ဘူး” ဟု ကော်လီမိုးက ဆိုလိုက်သည်။

အာဆင်နယ်အသင်း အနေဖြင့် နာပိုလီတိုက်စစ်မှူး ဟီဂူအင်အား ခေါ်ယူရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းသတင်းမှာ ကောလာဟလ အဆင့်တွင်သာ ရှိနေသေးသည်။

Ref: Goal.com

  • TAGS