News

POST TYPE

SPORTS

အင်တာမီလန် VS စပါး
17-Sep-2018


အင်တာမီလန်နှင့် စပါးတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လေးကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်သင်းလျှင် နှစ်ကြိမ်စီ နိုင်ပွဲရယူနိုင်ခဲ့ကြဖူးသည်။

အင်တာမီလန်သည် ၂၀၁၁-၁၂ ဘောလုံးရာသီနောက်ပိုင်းတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်သည် ယခုမတိုင်မီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ဆုံးရှစ်ကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ၌ အုပ်စုအဆင့်ကို ရှစ်ကြိမ်လုံးပင် ကျော်ဖြတ်နိုင်ခဲ့သည်။

အင်တာမီလန်သည် အိမ်ကွင်းတွင် ပရီးမီးယားလိဂ်အသင်းများကို နောက်ဆုံးလေးကြိမ် ဧည့်ခံကစားရာ၌ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ရရှိပိုင်ဆိုင်ထားသည်။

အင်တာမီလန်သည် ဥရောပအဆင့်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်အသင်းများကို အိမ်ကွင်းတွင် ပွဲစဉ် ၁၅ ပွဲ လက်ခံယှဉ်ပြိုင်ခဲ့ဖူးပြီး ယင်းပွဲစဉ် ၁၅ ပွဲတွင် အင်တာမီလန်က ၁၀ ပွဲနိုင်၊ သုံးပွဲသရေရရှိကာ နှစ်ပွဲသာ ရှုံးနိမ့်ထားသည်။

စပါးသည် အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို လေးကြိမ်မြောက်အဖြစ် ပါဝင်ကစားခွင့်ရရှိခြင်းဖြစ်သည်။

စပါးသည် အီတလီစီးရီးအေအသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဥရောပပွဲစဉ် ခုနစ်ပွဲတွင် တစ်ပွဲသာ အနိုင်ရကာ သုံးပွဲသရေကျပြီး သုံးပွဲရှုံးနိမ့်ခဲ့ဖူးသည်။