POST TYPE
SPORTS
အိုဇေးလ်ကိုခေါ်ယူရန် ဖီနာဘာချီအသင်း စောင့်ကြည့်
11-Sep-2018

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၁၁
တူရကီကလပ် ဖီနာဘာချီအသင်းသည် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကို ခေါ်ယူရန်အတွက် စောင့်ကြည့်မှုများရှိနေပြီး အခွင့်အရေးရရှိနိုင်မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အိုဇေးလ်ကိုခေါ်ယူအတွက် ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်ရန် ဖီနာဘာချီက စီစဉ်မှုများရှိနေပြီဟု The Mirror က ဖော်ပြထားသည်။
အိုဇေးလ်သည် လက်ရှိတွင် အာဆင်နယ်နည်းပြသစ် ယူနိုင်းအမ်မရီနှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိနေပြီး နည်းပြ ယူနိုင်းအမ်မရီက ၎င်းမကျွမ်းကျင် မပိုင်နိုင်သည့်နေရာကို ကစားခိုင်းနေခြင်းကို အိုဇေးလ်က ဒေါသပေါက်ကွဲလျက်ရှိသည်။
အိုဇေးလ်သည် ကွင်းလယ်ဗဟို၌သာ ကစားလိုကြောင်း နည်းပြ ယူနိုင်းအမ်မရီကို အသိပေးထားပြီး နည်းပြ ယူနိုင်းအမ်မရီကမူ ၎င်းအနေနှင့် အိုဇေးလ်ကို ရီးရဲလ်မက်ဒရစ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်၌ တိုက်စစ်ညာခြမ်းတွင် ကစားသည်ကို မြင်တွေ့ခဲ့ဖူးကြောင်း၊ ကစားသမားတစ်ဦးမှာ နည်းပြဖြစ်သူက ကစားခိုင်းသည့်နေရာတွင် တာဝန်ကျေပွန်စွာ ကစားနိုင်ရန် လိုအပ်သည်ကို အိုဇေးလ်ဘက်က နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
အိုဇေးလ်သည် လက်ရှိတွင် အာဆင်နယ်ထံ၌ လုပ်ခလစာအများဆုံးရရှိသော ကစားသမားအဖြစ် ရပ်တည်နေပြီး ၎င်းကို ပေးချေထားရသည့် တစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းခွဲမှာ အသင်းအတွက် ၀န်ထုပ်ဝန်ပိုးတစ်ရပ်ဖြစ်လာသည့်အတွက် ထိုက်တန်သည့် ပြောင်းရွှေ့ကြေးတစ်ရပ်ကို ရရှိမည်ဆိုပါက အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့မှာ အိုဇေးလ်ကို လက်လွှတ်လိုက်ရန် ဆန္ဒရှိနေပြီဖြစ်သည်။
- VIA
- Aung Naing Win
- SOURCES
- The Voice
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
15-Feb-2019