POST TYPE
SPORTS
တယ်ရီကို လုပ်ခလစာ ပေါင်သုံးသန်းပေးမည့် တစ်နှစ်သက်တမ်းစာချုပ်ဖြင့် စပါးတပ်မော်စကို ခေါ်ယူ
09-Sep-2018

မော်စကို၊ စက်တင်ဘာ ၉
ရုရှားကလပ် စပါးတပ်မော်စကိုအသင်းသည် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကို တစ်နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပြီး တယ်ရီမှာ ယင်းသို့ တစ်နှစ်သက်တမ်း ကစားပေးခြင်းအတွက် အခွန်ဆောင်ခြင်းအပြီးအစီး လုပ်ခလစာအဖြစ် ပေါင်သုံးသန်း ရရှိလိမ့်မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
တယ်ရီသည် လွန်ခဲ့သည့်မေလ၌ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာနှင့် လမ်းခွဲခဲ့အပြီးတွင် ကလပ်လက်မဲ့ ကစားသမားတစ်ဦးဖြစ်သွားခဲ့ပြီး လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်က မန်ယူအသင်း၏ဗဟိုခံစစ်အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ၎င်း၏ဆရာဟောင်း မော်ရင်ညိုက တယ်ရီကို ချိတ်ဆက်မှုများ ရှိခဲ့သေးသည်။
စပါးတပ်မော်စကိုသည် အသင်းအဓိကနောက်ခံကစားသမားတစ်ဦးဖြစ်သည့် ဂီဂေါ့ အရွတ်စုတ်ပြဲဒဏ်ရာရရှိကာ ကာလရှည်အနားယူရရန် အကြောင်းဖန်သွားခဲ့အပြီးတွင် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် တယ်ရီကို ခေါ်ယူလိုက်ခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့် တယ်ရီအပြောင်းအရွှေ့နှင့်သက်ဆိုင်သည့် ဆေးစစ်မှုလုပ်ငန်းစဉ်များကို အီတလီနိုင်ငံ ရောမမြို့တွင် ဆောင်ရွက်ခဲ့ကြောင်းလည်း စပါးတပ်မော်စကိုက သတင်းထုတ်ပြန်ထားသည်။
စပါးတပ်မော်စကိုသည် ယူရိုပါလိဂ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲရာတွင် စကော့တလန်ကလပ် ရိန်းဂျားစ်နှင့် တစ်အုပ်စုတည်း ကျရောက်သွားခဲ့ပြီး ယင်းအတွက် စပါးတပ်မော်စကို ကစားသမားသစ်ဖြစ်လာခဲ့သော တယ်ရီမှာ ၎င်း၏အင်္ဂလန်လက်ရွေးစင်အသင်းဖော်ဟောင်း ဂျာရတ်ဦးဆောင်နေသည့်အသင်းကို ဆုံတွေ့ရင်ဆိုင်ရတော့မည်ဖြစ်သည်။
- VIA
- Aung Naing Win
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
15-Feb-2019