News

POST TYPE

SPORTS

ပရီးမီးယားလိဂ်တွင် VAR စနစ်ကို စတင်အသုံးပြုတော့မည်
05-Sep-2018 tagged as Soccer Premier League VAR System


လန်ဒန်၊ စက်တင်ဘာ ၅

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် စနေနေ့တွင် မြန်မာစံတော်ချိန် ည ရှစ်နာရီခွဲ၌ ယှဉ်ပြိုင်ကစားရသော ပွဲစဉ်များအနက်မှနေ၍ ပွဲစဉ်အချို့တွင် ဗီဒီယိုဒိုင်လူကြီးနည်းပညာ(VAR)စနစ်ကို စတင်စမ်းသပ်အသုံးပြုသွားတော့မည်ဟု တရားဝင်သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ယခုသီတင်းပတ်တွင် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပြန်လည်စတင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်များ၌ ဗီဒီယိုဒိုင်လူကြီးနည်းပညာကို အသုံးပြုသွားမည်ဖြစ်ကာ ပထမအဆင့်အဖြစ် ပွဲစဉ်ပေါင်း ၁၅ ပွဲခန့်တွင်သာ ယင်းစနစ်ကို အသုံးပြုရန် လျာထားကြောင်းလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက ရှင်းပြထားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ညရှစ်နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များအနက်မှနေ၍ မန်စီးတီး၊ အာဆင်နယ်နှင့် စပါးအသင်းတို့ ကစားသည့်ပွဲစဉ်များတွင် ဗီဒီယိုဒိုင်လူကြီးနည်းပညာကို အဓိကထား အသုံးပြုသွားမည်ဖြစ်ပြီး ရှေ့လာမည့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင်မူ ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး၌ ဗီဒီယိုဒိုင်လူကြီးနည်းပညာကို ထည့်သွင်းသုံးစွဲသွားတော့မည်ဖြစ်ကြောင်းလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက အတည်ပြုထားပြီဖြစ်သည်။