News

POST TYPE

SPORTS

ကြံ့ခိုင်မှုအခြေအနေကို အကြောင်းပြ၍ လက်ရွေးစင်အသင်းလူစာရင်းမှ စီရော်နယ်ဒို နုတ်ထွက်
05-Sep-2018 tagged as Soccer C Ronaldo Portugal


လစ္စဘွန်း၊ စက်တင်ဘာ ၅

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ၎င်း၏ကြံ့ခိုင်မှုအခြေအနေ စိတ်မချရသည်ကို အကြောင်းပြ၍ လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ပြီဖြစ်၍ ယခုသီတင်းပတ် ယှဉ်ပြိုင်ကစားမည့် ပေါ်တူဂီအသင်းလူစာရင်းတွင် စီရော်နယ်ဒို ပါဝင်လာတော့မည် မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိလာခဲ့ပြီဖြစ်သော စီရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်များဖြင့် ကစားပေးနိုင်စေရန် အစီအစဉ်များ ရေးဆွဲထားပြီး ယင်းအစီအစဉ်များအနက်တွင် နိုင်ငံလက်ရွေးစင်အသင်းအတွက် အကန့်အသတ်တစ်ရပ်ဖြင့်သာ ကစားပေးတော့မည်ဆိုခြင်းမှာလည်း တစ်ခုအပါအ၀င်ဖြစ်လျက်ရှိသည်။

ပေါ်တူဂီသည် လက်ရှိနိုင်ငံတကာပွဲစဉ်သီတင်းပတ်အတွင်း၌ ခြေစမ်းပွဲတစ်ပွဲ၊ ယူအီးအက်ဖ်အေနိုင်ငံများလိဂ်ပွဲစဉ် တစ်ပွဲ ကစားသွားမည်ဖြစ်ပြီး ခြေစမ်းပွဲအဖြစ် ခရိုအေးရှားနှင့်လည်းကောင်း၊ ယူအီးအက်ဖ်အေနိုင်ငံများလိဂ်ပွဲစဉ်အဖြစ် အီတလီနှင့်လည်းကောင်း ပေါ်တူဂီက ကစားရလိမ့်မည်ဖြစ်သည်။